-; ♡.° [ အပိုင်း-၃၁ ] ୭̥ 🍞

2K 171 5
                                    

UNICODE

အရှင်နော်မာရဲ့တစ်ဦးတည်းသောသားတော် အိမ်ရှေ့စံ နော်ထိုက်ဆေးသည် သုံးနှစ်သားအရွယ်တွင် မိခင်ရင်းကိုဆုံးရှုံးလိုက်ရပြီး သူကိုယ်တိုင်လုပ်ကြံသူများလက်တွင်း အဖမ်းဆီးခံလိုက်ရသည်။သို့သော် စစ်သူကြီးစည်သူနေရဲထွဋ်ရဲ့ ထူးချွန်တဲ့အရည်အချင်းတို့ကြောင့် ငါးလအကြာတွင် အိမ်ရှေ့စံအားပြန်လည်ရှာတွေ့ခဲ့သည်။

တွေ့ရှိပုံကထူးဆန်းသည် နန်းမြို့တော်နဲ့သိပ်မဝေးတဲ့မြို့သေးသေးလေးက အဆင့်နိမ့်အမတ်တစ်ဦး၏သားအဖြစ် ပွဲတော်တစ်ခုတွင်တွေ့ခဲ့ရခြင်းပင်။ထိုအမတ်က ရာထူးတတ်စအမတ်တစ်ဦးဖြစ်နေပြီး သူ့ကိုဂုဏ်ပြုသောပွဲတွင် အိမ်ရှေ့စံအား သူ့ရဲ့သားကြီးဟု ပွဲတတ်ရောက်သူများအား လိုက်လံနှုတ်ဆက်နေခဲ့တာဖြစ်သည်။ထိုအချိန်က မြို့စားမင်းရဲ့ကိုယ်ရံတော်အယောင်ဆောင်ထားတဲ့ စစ်သူကြီးတစ်ယောက် ထိုအမတ်ငယ်ရဲ့လက်မောင်းပေါ်က ရုပ်တည်တည်နဲ့နေနေသော အိမ်ရှေ့စံကိုဘေးမသီရန်မခသော အနေအထားဖြင့် ပထမဆုံးပြန်လည်တွေ့ဆုံခဲ့ရခြင်းဖြစ်ခဲ့၏။

အိမ်ရှေ့စံအနားကို နေရဲထွဋ်တစ်ယောက် ကပ်သွားနိုင်ရန် အခွင့်မသင့်ပါ။စစ်သူကြီးတစ်ယောက်မှန်း သိနေတဲ့ မြို့စားမင်းရဲ့ကူညီမှုနဲ့ အိပ်ငိုက်နေသောအိမ်ရှေ့စံအား အိပ်ဆောင်ကိုပြန်လည်ပို့ဆောင်‌ပေးရမယ့် အလုပ်သေးသေးလေးတစ်ခုကိုရခဲ့ပြီး သူက ကလေးအား နန်းမြို့ကိုပြန်လည်ခေါ်ဆောင်သွားရန်ပြင်သည်။

သို့သော်လမ်းတစ်၀က်မှာ ကလေးငယ်တစ်ယောက်ရဲ့ရှိုက်သံတိုးတိုးကိုကြားရတာနဲ့ သူ့ရဲ့ခြေလှမ်းတို့ရပ်တန့်သွားရတော့သည်။အသံပိုင်ရှင်ကို ကလေးတစ်ယောက်ဟု သူမှတ်ထင်ခဲ့ပေမယ့် တစ်နှစ်ကျော်အရွယ် လမ်းကောင်းကောင်းမလျှောက်တတ်သေးတဲ့ ကလေးတစ်ယောက်ဖြစ်နေမယ်ဆိုတာ သူကြိုမတွေးမိခဲ့ပါ။ထိုကလေးရဲ့အသံကြောင့် လက်မောင်းအတွင်းအိပ်စက်နေတဲ့ အိမ်ရှေ့စံလေးနိုးသွားပြီး ထိုအိပ်ချင်မူးတူးကလေးပေါက်စလေးက ငိုနေတဲ့ကလေးဆီကိုသွားနိုင်ဖို့ သူ့ကိုယ်ပေါ်ကအတင်းရုန်းဆင်းတာကို မှတ်မိနေသေးသည်။

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)Where stories live. Discover now