-; ♡.° [ အပိုင်း-၁၉ ] ୭̥ 🍞

3.3K 260 18
                                    

UNICODE

ယာဉ်ပျံအများစုကို နှောင်းလူတို့ ရှာဖွေမတွေ့နိုင်အောင် နိုင်ငံ၏အစွန်ဆုံးဒေသတွင် မြှုပ်နှံခဲ့ပြီး ၎င်းတို့က ကံကောင်းထောက်မ၍ ရှာဖွေတွေ့ရှိခဲ့လျှင်တောင် အဆင်သင့်ပြန်လည်အသုံးပြုနိုင်သည့် အနေအထားတွင်ရှိနိုင်သည်။

နှစ်ငါးရာရှိခဲ့ပြီ...နိုင်ငံတော်အတွင်း နည်းပညာသုံးစွဲခွင့်မရှိတော့သည်မှာ နှစ်ပေါင်းငါးရာကြာခဲ့လေပြီ။လူအများက တစ်ချိန်ကသူတို့ရဲ့ဘိုးဘွားတွေ အသုံးပြုခဲ့တဲ့နည်းပညာအကြောင်းကို မေ့လျော့လာဖို့ အချိန်လုံလောက်ခဲ့သည်။လက်ရှိမျိုးဆက်များတွင်လည်း နည်းပညာအကြောင်း စိတ်၀င်စားသူနည်းကာ အများစုက 'နတ်ဘုရား၊ကျောက်အစောင့်အရှောက်၊မသေမျိုးကမ္ဘာ'နဲ့ပတ်သတ်တဲ့ ကျင့်ကြံနည်းတွေကိုသာ လေ့လာလိုက်စားပြီး ထိုကျင့်ကြံသူများကသာ နိုင်ငံတော်ရဲ့လုံခြုံရေးကို ကာကွယ်နိုင်ကြလိမ့်မည်ဟု ခပ်ပေါ့ပေါ့တွေးနေခဲ့သည်။

လက်နက်မရှိသောတိုင်းပြည်သည် လက်တစ်ဖက်မရှိသော လူနှင့် တူသည်။စစ်တပ်မရှိသောတိုင်းပြည်သည် ခြေထောက်တစ်ဖက်မရှိသော လူနှင့်တူသည်။လူတော်လူကောင်းများမရှိသောတိုင်းပြည်သည် ဦးနှောက်မရှိသောလူနှင့်တူသည်။

တိုင်းပြည်တစ်ခုတွင် လူကောင်းလူမွန်၊စစ်တပ်နဲ့လက်နက် အချိုးညီအောင်ဖြည့်တင်းထားမှ ထိုတိုင်းပြည်က ကျန်းမာသောလူတစ်ယောက်နှင့်တူပေလိမ့်မည်။၎င်းတို့သည် အချင်းချင်းမှီခိုရှင်သန်ကြရင်း တစ်ယောက်နဲ့တစ်ယောက် အထောက်အကူတစ်ချို့ ပေးနေရမည်။

ရာဇ၀တ္တနိုင်ငံတော်သည် ကျယ်‌၏၊သစ်ပင်ပန်းမန်ပေါ၏၊ရွှေငွေနဲ့ တွင်းထွက်သဘာ၀တို့နှင့် ပြည့်နေပြီး အသုံးချတတ်လျှင် နိုင်ငံက မြစင်ကျောက်ဖျားကိုမမီလျှင်တောင် သူလောက်နိမ့်ကျမည်မထင်။ဘာသာရေးအယူအစများနဲ့ တိုင်းပြည်ကိုအုပ်ချုပ်တာ ကောင်းသည်၊သို့သော် အယူစွဲ‌နေလျှင် တိုင်းပြည်က တိုးတတ်သင့်သလောက်မတိုးတတ်ဘဲရှိနေလိမ့်မည်။

ဘုန်းမော်တို့လို ၀ရဇိန်ကျောက်အမြုတေကျင့်ကြံသူတွေက တစ်ကယ်တော့ ကျင့်ကြံသူဆိုတာထက် တိမ်မြုပ်နေသောနည်းပညာကို ပြန်လည်ဖော်ထုတ်နေသောအဖွဲ့ဟု ဆိုနိုင်သည်။အင်ပါယာစစ်ပွဲပြီးချိန် တစ်ချို့သော နည်းပညာခေတ်အကြွင်းအကျန်များက လမ်းမတွေပေါ်မှာရှိနေခဲ့သေးသည်။ဘုရင်နော်မာကိုယ်တိုင် သူ၏ဘိုးဘေးများရဲ့စည်းကမ်းတွေကိုဆန့်ကျင်ကာ နည်းပညာတစ်ချို့ခိုးသင်ခဲ့ဖူးသည်ဟု ဘုန်းမော်ရဲ့မွေးစားဖခင် ရာဇ၀တ္တနိုင်ငံတော်ရဲ့ တော်၀င်စစ်တပ်မှူးချုပ်ကြီးကပြောဖူးသည်။

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)Where stories live. Discover now