-; ♡.° [ အပိုင်း-၇ ] ୭̥ 🍞

5.3K 417 10
                                    

Unicode


ညသည် နက်သည်ထက်နက်လာခဲ့ပြီး တိတ်ဆိတ်မှုဟာ ညမိုက်မိုက်နှင့် လွန်စွာပနံသင့်လျှက်ရှိနေသည်။တိမ်ထူထူကောင်းကင်ဟာ အလင်းရောင်အားပိတ်စို့နေမြဲဖြစ်ကာ အမှောင်ထုတွင်ကျင်လည်နေသော လူတစ်ချို့မှာတော့ ထိုအေးစက်ခြောက်ကပ်မှုကို မခံစားနိုင်တော့၍ ၎င်းတို့၏ဆိုင်အသီးသီးအား စောစီးစွာပိတ်ချလိုက်ဖို့ပြင်ဆင်နေကြသည်။

မြို့တော်သည် ယခင်ညများထက်သိသိသာသာ တိတ်ဆိတ်နေသည်က ကောင်းသောလက္ခဏာတော့မဟုတ်‌။မင်းနေပြည်တော်တို့မည်သည် ဥတုသုံးပါးစလုံး မိုးလင်းမိုးချုပ်လူစည်ကားရာ မြို့ပြအင်္ဂါရပ်နှင့်အလျော်ညီဆုံးနေရာတစ်ခုဖြစ်လေသည်။
ယနေ့ညတွက်တော့ ပုံမှန်ရက်များထက်ပိုတိတ်ဆိတ်လွန်း၏။နန်းတော်အတွင်း အရာရှိအရာခံတစ်ချို့ လက်ရှင်ဘုရင်အားပုန်ကန်နေသည့်သတင်းတစ်ချို့ နန်းတွင်းနန်းပြင်ပျံ့နှံ့လာသည့်နေ့မှစ၍ ပြည်သူတို့၏စိတ်တွင်း စိုးထိတ်မှုများစတင်ပေါက်ဖွားလာနေပြီဖြစ်သည်။

လကျောက်မီးအိမ်ဟာ မှောင်မိုက်သောညလယ်တွင် ခပ်မှိန်မှိန်အလင်းပေးလျက်ရှိနေသည်။သားရေဖြင့်ပြုလုပ်ထားသော လည်ရှည်ဖိနပ်သံဟာ လျှောက်လမ်းတစ်လျှောက် မတိုးမကျယ်အသံပြုနေသည်။၀တ်ရုံရှည်၏လက်မောင်းဘက်က ကျောက်စိမ်းကြယ်သီးလေးများမှာ လကျောက်အလင်းရောင်အကူအညီဖြင့် စိမ်းလဲ့တောက်ပနေလေသည်။ခပ်မြင့်မြင့်ထုံးထားသော ဆံပင်ရှည်များက ဆောင်းလေအေးကြောင့် ယိမ်းနွဲ့လှုပ်ရှားသွားသည်မှာ အလွန်သိမ်မွေ့စွာ။ဖြောင့်တန်းနေသောမျက်ခုံးများရယ် ရှင်းသွယ်သောမေးရိုးအကျတို့နဲ့ လူတစ်ယောက်က အမှောင်ထဲတစ်စုံတစ်ရာကိုပြုလုပ်ရန် အဆင်သင့်ပြင်နေသည်။အသားမာတတ်နေသော လက်ချောင်းရှည်ရှည်များက မျက်စိ‌ရှေ့က ဆွဲတံခါးလက်ကိုင်ကိုကြည့်ပြီး အသံတစိုးတစိမျှမထွက်အောင် သတိထားဖွင့်လိုက်သည်။

"ဘုံရိပ်ပျို"

သူကချည်စောင်ကြမ်းအောက် ငြိမ်းချမ်းစွာအိပ်မောကျနေသောအလှလေးကို ခေါ်နှိုးဖို့မရဲတရဲဖြစ်နေခဲ့သည်။ကျောက်စိုင်ကျောက်သားလို အမြဲတည်ငြိမ်သောအသွင်ရှိတဲ့သူက ဒီတစ်ခါတော့ လူတစ်ယောက်၏အိပ်စက်ခြင်းကို မနှောင့်ယှက်ချင်လောက်အောင် အားနာစိတ်၀င်နေသည်။ထူးခြားဆန်းကြယ်တဲ့ဖြစ်ရပ်ပါဘဲ။ဘုန်းမော် လူတစ်ယောက်ကိုအားနာမိတယ်ဆိုရင် ကျောက်တုံးကအရည်ထွက်လာသလို မဖြစ်နိုင်တဲ့ကိစ္စဟုထင်ကြေးပေးကြလိမ့်မည်။ 'ကျောက်တုံးသာ အရည်ထွက်တဲ့နေ့ရောက်လာလိမ့်မယ် ဘုန်းမော် လူတစ်ယောက်ကိုအားနာစိတ်၀င်တဲ့နေ့တော့ ဘယ်တော့မှရောက်မလာနိုင်'ဟု သွေးသောက်တစ်ချို့ကတောင်စနောက်ပြောဖူးသည်။

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)Where stories live. Discover now