-; ♡.° [ side story ] ୭̥

2.3K 175 6
                                    


UNICODE


ကောရစ်တာတစ်လျှောက် လူငယ်တွေရဲ့အသံများနဲ့ ပြည့်နှက်နေသည်။တစ်ချို့အခန်းတွေထဲက ဂီတာသံ တဒေါင်ဒေါင်တဒင်ဒင် ကြားနေရပြီး ထိုအသံဆိုးတွေကြောင့် သုံးထပ်ကုတင်ရဲ့ အပေါ်ဆုံးထပ်မှာ အိပ်ပျော်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ မျက်ခုံးတန်းတွေ တွန့်ကျိုးသွားခဲ့သည်။

ထိုလူငယ်က အသံများကြောင့် နားထဲကျဉ်သလိုခံစားမိသွားပြီး သူ့နားထဲလက်ညှိုးနဲ့ထိုးကာ ကလိမိသွား၏။ထိုလူငယ်၏အိပ်ယာက ပေနှစ်ဆယ်အခန်းထဲမှာရှိတဲ့ သုံးထပ်ကုတင်လေးလုံးထဲမှ တစ်လုံးဖြစ်ပြီး မျက်လုံးဖွင့်လိုက်တာနဲ့ နံရံနဲ့အနီးဆုံးနေရာတွင်ရှိနေသည်။

လူငယ်က သူ့လှဲ‌လျောင်းနေရင်း နံရံပေါ်ကပ်ထားတဲ့ အချိန်ကူးပြောင်းခြင်းတဲ့သက်ဆိုင်တဲ့ သရုပ်ပြရုပ်ပုံတွေနဲ့ ရှင်းလင်းချက်တွေကို စူးစိုက်ကြည့်နေသည်။သူ့အခန်းက
တစ်လကို ကြယ်ဒင်္ဂါး ငါးသိန်းပေးရသောအခန်းဖြစ်၍ သူပိုင်သောနေရာသည် သူ့အိပ်ယာပြီးလျှင် အိပ်ယာခြေရင်းမှာထပ်ထားတဲ့ အ၀တ်ထုတ်နှစ်ထုတ်ဘဲရှိသည်။သူက မြို့တော်ကိုကျောင်းလာတတ်တဲ့ ကျောင်းသားတွေထဲမှ တစ်ယောက်ဖြစ်ပြီး အချိန်ပိုင်းအလုပ်ကိုလည်း လုပ်ရသေး၏။

အိပ်ယာထက်မှာ ငူတူတူတဲ့ထိုင်နေပြီး
ရှုပ်ပွနေတဲ့ ပြောင်းဖူးခေါင်းထဲမှာ ညှိတွယ်နေတဲ့ ခပ်မာမာအချောင်းလေးကိုဆွဲထုတ်လိုက်သည်။ တစ်ဆက်တည်း ခေါင်းရင်းက ကော်ခြင်းထဲမှာရှိနေတဲ့ ဖုန်းကို‌လှမ်းယူရင်း မနေ့ကအပိုင်းသစ်အား စာပြန်စစ်ဖို့appထဲ၀င်လိုက်သည်။

"အင်း...ရွာရောက်တဲ့အခန်းတော့ပြီးပြီ နောက်တစ်ခန်းကို ဘာအကြောင်းရေးရင်ကောင်းမလဲ"

ထိုလူငယ်၏မျက်နှာက ခပ်သွယ်သွယ်ရှိပြီး ခပ်ချွန်ချွန်နှုတ်ခမ်းလေးက စူပုတ်မနေတောင် ‌အသည်းယားဖွယ်ကောင်းလို့ အဆောင်နေသူငယ်ချင်းများရဲ့ မကြာခဏစနောက်ခြင်းကိုခံခဲ့ရသည်။

ထိုလူငယ်က အိပ်ယာပေါ်ကဆင်းပြီး ရေမိုးချိုးကာ မနက်စားစားမယ်ပြင်နေချိန် သူ၏အခန်းတံခါးက ဝုန်းကနဲပွင့်သွားခဲ့သည်။

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)Where stories live. Discover now