CHAPTER 29 (U)

343 25 0
                                    

အခန်း (၂၉)
နှလုံးသားထဲ စွဲထင်နေသော သားချော့တေးတစ်ပုဒ်

အိပ်ခန်းသည် တိတ်ဆိတ်ငြိမ်သက်နေပေသည်။ အခန်းထဲမှာ မောဟိုက်နေသော သျှန်ဝေး၏အသက်ရှုသံပြင်းပြင်းတစ်ခုတည်းကသာ ကျယ်လောင်နေသယောင်။ နေဒွေးဒံကို သူ့ကိုယ်လုံးအောက်မှာ ဖိကပ်ထားခဲ့ပြီး ခန္ဓာကိုယ်ချင်း မေတ္တာနှောင်ဖွဲ့မှုများကို သုံးကြိမ်နှင့်အထက် ခဏခဏပြုလုပ်ခဲ့သဖြင့် ချွေးအနည်းငယ်ထွက်နေသလို ပင်ပန်းထားသည်။ ထို့ကြောင့် နေဒွေးဒံ၏ရင်ခွင်ထဲမှာ ကလေးသဖွယ် မှေးအိပ်နေခဲ့သည်။ နေဒွေးဒံကတော့ သူ့ချစ်သူလေး စိတ်ကျေနပ်မှုရစေအောင် ချစ်သူ၏အလိုဆန္ဒအတိုင်း အားလုံးလိုက်လျောပေးခဲ့သည်။

နှစ်ယောက်စလုံး၏ခန္ဓာကိုယ်များသည် ဝတ်လစ်စားလစ်ဖြစ်နေခဲ့ကြပြီး သူတို့၏ကျောကုန်းများ၊ လက်မောင်းများနှင့် ခြေထောက်အောက်ပိုင်းများတွင် တိုက်ရင်းခိုက်ရင်းကနေ ရရှိလာခဲ့ကြသော သို့မဟုတ် မတော်မဆဖြစ်ရက်းကနေ ရရှိလာခဲ့သော ဒဏ်ရာအမာရွတ်အသေးအဖွဲများ ရှိနေခဲ့သည်။ သျှန်ဝေးနှင့်ယှဥ်ပါက နေဒွေးဒံ၏ခန္ဓာကိုယ်တွင် အမာရွတ်ပိုများသည်။ သျှန်ဝေးကမူ သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာအမာရွတ်များ တစိုးတစိမျှ မရှိစေရန်အလို့ငှာ အလှပရေးရာဆေးရုံများဆီ သွားရောက်၍ အမာရွတ်များကို အဆင့်မြင့်လေဆာနည်းပညာများဖြင့် ကုသကာ ဖျောက်ပစ်လေ့ရှိသောကြောင့် အမာရွတ်ပါးပါးလေးများသာ ကျန်ရှိနေသည်။

မည်သို့ပင်ဆိုစေ နေဒွေးဒံမှာ သူ့ရင်ခွင်ကျယ်ထဲက ချစ်စဖွယ်၊ သနားစဖွယ် ကလေးကြီး၏မိုးပြာဖျော့ရောင်ဆံနွယ်များကို ထိုးဖွပွတ်သပ်ပေးနေလျက်။ တစ်ဆက်တည်းမှာပဲ ပြုံးယောင်သမ်းနေရင်း။

"Bae...ကိုယ့်ကို ဘယ်လိုလုပ် မှတ်မိသွားတာလဲ"

ရုတ်တရက် နေဒွေးဒံဘက်က သူ​၏ဩရှရှအသံနှင့် တိုးတိုးလေး  မေးလာလျှင် သျှန်ဝေးက မျက်လုံးမှိတ်လျက်သား "ဟွန်..." ဟု တုံ့ပြန်ခဲ့လျက်။

"ဂိတ်တံခါးမကြီးရှေ့မှာ ကိုယ်ရုပ်ဖျက်ပြီး ရပ်နေခဲ့တာကိုလေ"

Eternal Sunshine {The Criminal Syndrome} //COMPLETED //Where stories live. Discover now