CHAPTER 13 (U)

639 38 3
                                    


အခန်း (၁၃)
ရာဇဝတ်ဝိညာဉ်များ နိုးကြွလာခြင်း

စမိခဲ့သည့်ဇာတ်လမ်းတစ်ခုကို နှစ်ဦးနှစ်ဖက်ဒဏ်ရာအရမများခင်မှာ နောက်ဆုတ်ချင်မိခဲ့သော်လည်း အချိန်လွန်သွားခဲ့လေသလား။

စိတ်နောက်လာ၍ စာကြည့်စားပွဲပေါ်က သူ့လက်တော့ပ်ကို ခလုတ်ဖွင့်လိုက်သည်။ တစ်ပတ်ကြာအောင် အပိုင်းသစ်မတင်ဘဲ ပစ်ထားခဲ့သော သူစာရေးနေသည့် website လေးကို ဖွင့်ကြည့်မိသည်။

Notification အစောင်ရေပေါင်း (၁၆၇၅) စောင်တွေ့ရလျှင် သျှန်ဝေးက pointer ဖြင့် click လိုက်ပြီး ဖွင့်ဖတ်ကြည့်၏။ ထိုအခါ မြောက်မြားစွာသော ကောမန့်များကို တစ်ခုချင်းစီ သေချာဖတ်ရှုစစ်ဆေးခဲ့သည်။ ထိုကောမန့်များစွာထဲကမှ သူ့အား ဇာတ်လမ်းအပိုင်းသစ်မတင်သေး၍ အပိုင်းသစ်ရေးတင်ရန် ပူဆာထားကြသော ကောမန့်များနှင့် အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ ဆဲဆိုထားသော ကောမန့်တချို့တဝက်ကိုလည်း တွေ့ရှိခဲ့ရသည်။

ထိုကောမန့်များမှာ တခြားမဟုတ်ပေ။ သူ့အားယမန်နှစ်ကနေ ယခုနှစ်အထိ လိုက်လံဆဲဆိုနှောင့်ယှက်နေသော အမျိုးသမီးစာဖတ်ပရိသတ်တစ်ဦးဖြစ်သလို သူမသည်လည်း ကိုယ်ပိုင်ကလောင်နာမည်ဖြင့် စာရေးသားနေသော အပျော်တမ်းစာရေးဆရာမတစ်ယောက်သာ။

သူမ၏ကောမန့်များကို ဖွင့်ဖတ်သည့်အခါ လွန်စွာဆဲရေးတိုင်းထွာထားပြီး ရိုင်းပျထားသည်ကိုတွေ့ရလျှင် သျှန်ဝေးတစ်ယောက် ပါးစပ်ကျယ်ကျယ်ဖွင့်ကာ ဟားတိုက်ရယ်မောနေမိသည်။ သူ့အတွက်တော့ သူမ၏ကောမန့်များက စိတ်တိုဒေါသထွက်စရာမကောင်းခဲ့ဘဲ အူတက်သေလောက်အောင် ဟာသမြောက်ခဲ့သည့် ပြက်လုံးများပင်။

ယင်းကောမန့်များမှာ ဤသို့တည်း။

Calorie6969: "ဆေးပညာအကြောင်း သေချာလည်းမသိဘဲ လျှောက်ရေးနေတယ်။ ခွဲစိတ်တာ အဲဒီလောက်မလွယ်နေဘူး အရူးကောင်ရဲ့။ ပြင်ပလောကမှာ ဘယ်ဆရာဝန်ကမှ အရေးပေါ်လူနာကို မကြင်နာပေးနိုင်ဘူး။"

Calorie6969: "နင်က စာရေးဆရာဖြစ်လာဖို့ ပါရမီမပါလာဘူး အကောင်ရဲ့။ စာအုပ်တွေတန်းစီထုတ်ထားလည်း နင်လိုကောင်က သောက်ဖြစ်မရှိတဲ့ စာရေးဆရာ အဆင့်မှာပဲရှိတယ်။ တစ်ခါလာလည်း စုံထောက်ဝတ္ထုနဲ့မာဖီးယား ဒီ plot တွေပဲ ထပ်နေပြီ။ နင် တခြား plotတွေ ပြောင်းရေးဖို့ အစွမ်းအစမရှိဘူးမလား။"

Eternal Sunshine {The Criminal Syndrome} //COMPLETED //Where stories live. Discover now