အခန်း (၁၁)
ဦးနှောက်နှင့်နှလုံးသားလွန်ဆွဲခြင်းကျွန်တော်က အမှောင်ခြမ်းက နတ်ဆိုးတစ်ကောင်ဆိုရင် အစ်ကို နေဒွေးဒံက အလင်းခြမ်းက နတ်သားတစ်ပါးပဲ။
ကျွန်တော့်အတွက် နှလုံးသားနဲ့ဦးနှောက်ဆိုတာ စနစ်တကျ ပရိုဂရမ်သွင်းထားတဲ့ စက်ရုပ်တစ်ရုပ်လို လူပ်ရှားနေတတ်သလို။ တစ်ခါတလေမှာလည်း လှိုင်းမထတဲ့ ကန်ရေပြင်က ရေတွေလို တည်ငြိမ်တယ်။ အဖြူရောင် ကာနေရှင်းပန်းတွေလို ဖြူစင်နူးညံ့တယ်။
ရံဖန်ရံခါမှာတော့ သူတို့က ဆာလောင်နေတဲ့ အမဲလိုက်သတ္တဝါကောင်လို အရိုင်းဆန်ပြီး ကြမ်းတမ်းတယ်။ လက်တွေဟာ သွေးစွန်းနေတဲ့ ဓားစက်တွေလို ရက်စက်တယ်။
အစ်ကို နေဒွေးဒံကတော့ ငယ်ငယ်လေးကတည်းကနေ ခုအချိန်ထိ မပြောင်းလဲနေဘူး။ သူ့နှလုံးသားနဲ့ဦးနှောက်အလုပ်လုပ်ပုံက အမြဲတမ်း ထပ်တူကျနေတယ်။
အစ်ကို့နှလုံးသားက ရနံ့ထုံမွှေးတဲ့ ပန်းပေါင်းစုံလွင်ပြင်တစ်ခုလိုနဲ့တူတယ်။ နူးညံ့သိမ်မွေ့တယ်ဆိုတဲ့ စကားလုံးထက် ပိုလျှံပါတယ်။
ကမ္ဘာပေါ်မှာ အကြင်နာတတ်ဆုံးနှလုံးသားပိုင်ရှင်ကို ပြပါဆိုရင် ကျွန်တော်ကတော့ အစ်ကိုနေဒွေးဒံရဲ့နှလုံးသားလေးကိုပဲ လက်ညိုးညွှန်ပြရလိမ့်မယ်။
သူ့ ဦးနှောက်ကလည်း အရာရာတိုင်းကို အကောင်းမြင်စိတ်တွေနဲ့ မျှတညီညွတ်ပေးတယ်။
ဒီလိုနဲ့ပဲ အစ်ကိုနဲ့ ကျွန်တော်က ဆန့်ကျင်ဘက်လားရားတွေဆီ မြှားဦးတည်နေကြတယ်။
ကျွန်တော် လူကောင်းမဟုတ်နေပေမဲ့ လူတစ်ယောက်ကိုတော့ ချစ်လို့ရတယ်မလား။ ပိုင်ဆိုင်နိုင်အောင် ကြိုးစားခွင့်တော့ ရှိတယ်မလား။
လူကောင်းမဟုတ်နေပေမဲ့ ကျွန်တော်လည်း အချစ်ခံရဖို့ ထိုက်တန်တယ်မလား။
အစ်ကို့ကို ကျွန်တော် သိပ်ချစ်တယ်။ ဒါပေမဲ့ ကျွန်တော့်အချစ်တွေကြောင့် အစ်ကို အဆိပ်သင့်ရင်း သူ့နှလုံးသားလေး နာကျင်ရမှာ တအားကြောက်တယ်။
YOU ARE READING
Eternal Sunshine {The Criminal Syndrome} //COMPLETED //
Romanceနှလုံးသားရဲ့ အမှောင်မိုက်ဆုံးနေရာမှာ အလှပဆုံးဖြာကျနေတဲ့ နေရောင်ခြည်လေးဟာ မင်းပါပဲ။ မင်းပေးတဲ့ မေတ္တာတွေကြောင့် ပြိုလဲလုဆဲ ငါ့ကမ္ဘာဟာ တစ်ဖန် ရှင်သန်ခွင့်ရခဲ့ပေါ့။ စိတ္တဇ၊ အရိုင်းဆန်လွန်းတဲ့ ဒီ universe ထဲ လမ်းပျောက်နေတုန်း မင်းသာ ငါ့ရဲ့လမ်းပြကြယ်၊ ...