CHAPTER 17 (U)

472 31 0
                                    

အခန်း (၁၇)
လက်လွှတ်ဖို့ နှမြောတသဖြစ်မိသော
နှင်းဆီဖူးတစ်ခု

အစ်ကိုက လူဆိုးဖမ်းရင်း သူ့ဘဝကို စွန့်စွန့်စားစား ရှင်သန်ဖြတ်သန်းချင်ပုံရတယ်။ ကျွန်တော်နဲ့အတူတူ မနေချင်ဘူး ထင်ပါရဲ့။ ဒါက ကျွန်တော့်ရဲ့ တစ်ဖက်သတ်အတွေးတွေလည်း ဖြစ်မယ်။

သူ့ဝါသနာကို သူ့အသိစိတ်နဲ့ပဲ စွန့်လွှတ်စေချင်တာ။ ကျွန်တော့်ကြောင့် သူ့မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ ဘာမှမလုပ်ရဘူးဆိုပြီး တစ်သက်လုံး သူ့မှတ်ဉာဏ်ထဲ စွဲသွားမှာ မလိုလားဘူး။ ကျွန်တော် သူ့ကိုအတင်းပိတ်ပင်ခဲ့တုန်းက သူ့မျက်နှာ လုံးဝမကောင်းတာ ရိပ်မိတယ်။

ဒါပေမဲ့ မတရားဘူးမလား။ ကျွန်တော်လည်း လူသတ်တာ၊ ဒုစရိုက်လုပ်တာတွေမှာ ဝါသနာပါတာပဲ။ အစ်ကိုနဲ့အတူတူရှိနေခဲ့သမျှကာလလုံးမှာ လူတစ်ယောက်မပြောနဲ့ ပုရွက်ဆိတ်တစ်ကောင်တောင် မသတ်ခဲ့ဘူး။

ဘဝက ဘာအတွက်ကြောင့်များ ချစ်ရတဲ့လူနဲ့ အတူတူနေနိုင်ဖို့ ခဲယဥ်းနေရတာလဲ။ သက်ဆိုင်ရာဘုရားတစ်ပါးဆီမှာ အပြစ်အားလုံးကို ဝန်ချ မတောင်းပန်မိလို့များလား။ ကံကြမ္မာဆိုတာကြီးက သူတို့စောက်မြင်ကတ်တဲ့လူတွေကိုပဲရွေးပြီး အရာရာခက်ခဲစေတာနေမယ်။

ကျွန်တော်က အစ်ကိုနဲ့အတူတူ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းချင်တယ်။ အစ်ကိုနဲ့သာအတူတူနေရမယ်ဆို မကောင်းတာ ဘာမှမလုပ်မိအောင်နေနိုင်တယ်။ ကျွန်တော့်ဂိုဏ်းက ကိစ္စတွေအကုန်ရှင်းပြီး နိုင်ငံတစ်ခုမှာပဲဖြစ်ဖြစ် အစ်ကိုနဲ့ပျော်စရာမိသားစုဘဝလေး ဖန်တီးမယ်။ အဘိုးကြီးတွေဖြစ်တဲ့အထိ....။

ဒီလိုမျိုးတွေးထားပေမဲ့လည်း ရာဇဝတ်လေးပြေးမလွတ်တဲ့ ဒုစရိုက်သားတစ်ယောက်က သရုပ်မှန်တွေဖုံးပြီး နေရာတစ်မှာ ဇာတ်ကြာကြာမြုပ်ဖို့ကလည်း ခဲယဥ်းသေးသား။

ဒါကြောင့် တစ်နေ့ ကံကြမ္မာက ကျွန်တော်တို့အပေါ် ရက်စက်ခဲ့သည်ရှိသော် အစ်ကို့ဘက်ကသာ ကျွန်တော့်သရုပ်မှန်အကြောင်း သိသွားတဲ့တစ်နေ့မှာ ကျွန်တော်ရင်ဆိုင်ရမယ့် အစ်ကို့မျက်လုံးတွေက ဘယ်လိုများဖြစ်မလဲ။

Eternal Sunshine {The Criminal Syndrome} //COMPLETED //Where stories live. Discover now