CHAPTER 28 (Z)

120 13 0
                                    

အခန်း (၂၈)

If you're Joker,
I am your Harley Quinn

အခန်းသည် မှောင်မိုက်လွန်းနေသည်။ သို့သော် ဖုန်းမီး​ရောင်ကြောင့် အနည်းငယ် လင်းနေလျက်။ ဖွင့်ထသည့် အဲယားကွန်း​၏အအေးရှိန်မှာ ငြိမ်သက်စွာ ဘီယာသောက်နေသော နေဒွးဒံကို အေးမြသည့်အငွေ့အသက်များနှင့်အတူ ရစ်ပတ်လွှမ်းခြုံပေးထားသည်။ ဝင်းလက်နေသည့် ရွှေညိုရောင်မျက်ဝန်းများဟာ ဖုန်းမျက်နှာပြင်ကို သေချာစိုက်ကြည့်နေပြီး ဦးနှောက်ပင်လယ်ထဲတွင် အတွေးလှိုင်းလုံးများ ပြင်းထန်နေသည်။ နာကျင်မှုမျက်ရည်ကြည်များကြောင့် အရည်လဲ့နေသော ရွှေညိုရောင်မျက်ဝန်းတစ်စုံမှာ ပုံတစ်ပုံဆီ ငေးလျက်နှင့် ဆွေးနေ၏။ ထိုမျပ်ဝန်းများထဲတွင် သူနှင့်သျှန်ဝေး ဖက်နမ်းလျက်သား ဓာတ်ပုံရိုက်ထားကြသည့်ပုံရိပ်မှာ  အထင်းသား။

နေဒွေးဒံခမျာ လွန်ခဲ့သည့်တစ်ရက်က FBI လျှို့ဝှက်အစည်းအဝေးကြီးတွင် သျှန်ဝေးအကြောင်းကြားသိခဲ့ရပြီးချိန်မှစ၍ စိတ်ပူပန်သောက ရောက်နေခဲ့သည်။ သျှန်ဝေးကတော့ သူ့ချစ်သူသာ သူ့မျက်နှာဖုံးအမှန်ကိုသိသွားလျှင် နောင်တအကြီးအကျယ်ရပြီး သူ့ကိုဖမ်းလောက်သည်ဟု ယုံကြည်နေခဲ့သော်လည်း နေဒွေးဒံကတော့ ဖမ်းဆီးဖို့တောင် စိတ်ကူးမရှိနေခဲ့။ သူ့ဘက်က မည်သို့မည်ပုံ သျှန်ဝေးကို ကာကွယ်ရမလဲသာ စဉ်းစားတွေးတောရင်း သွေးတက်နေခဲ့သည်။

ကျွန်တော် နောဇစ်မိဘမဲ့ဂေဟာကို ကျွန်တော့်မွေးမိခင်ကိုယ်တိုင်ကနေ စွန့်ပစ်လို့ ရောက်လာခဲ့တယ်။ ကျွန်တော် လူမှန်းသိတတ်စ အရွယ်မှာ မာသာ၊ ဖာသာတွေနဲ့ စေတနာ့ဝန်ထမ်း ဆရာမတွေကို မေးခွန်းထုတ်ခဲ့ဖူးပါရဲ့။

"မိဘတွေက ဘာလို့ကလေးတွေကို စွန့်ပစ်ကြတာလဲ" လို့ လျှောက်မေးခဲ့တဲ့အခါ မိဘတိုင်းက ကိုယ်မွေးထားတဲ့ သားသမီးကို မစွန့်ပစ်ကြပါဘူးတဲ့။ စွန့်ပစ်ကြတဲ့မိဘတွေမှာလည်း သူတို့မှာ အကြောင်းတရားမျိုးစုံကြောင့် သူတို့ကလေးတွေကို စွန့်ပစ်ကြတယ်လို့ပဲ ယေဘုယျအားဖြင့် ဖြေခဲ့ကြတယ်။

နောဇစ်ကနေ အပြင်ဘက်ကို လေ့လာရေးခရီးထွက်တဲ့အချိန်တိုင်းမှာ မိစုံဖစုံနဲ့အတူတူ ပျော်ရွှင်နေကြတဲ့ ကျွန်တော့်ရွယ်တူ ကလေးတစ်ချို့ကိုမြင်ရရင် သူတို့ရဲ့ပျော်ရွှင်မှုတွေက ကျွန်တော့်ဆီလည်း ကူးစက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော် စိတ်မကောင်းမိတာက...

Eternal Sunshine {The Criminal Syndrome} //COMPLETED //Tahanan ng mga kuwento. Tumuklas ngayon