အခန်း (၂၁)
အမှတ်တရ အမာရွတ်လေး"ဒီနေ့ ဦးနှောက်က ချီးတွေနဲ့ပဲ ပြည့်နေတယ်ထင်တယ်...ဘာမှကို ရေးလို့မရပါလား..."
လက်တော့ပ်ဖန်သားပြင်ပေါ်က စာကြောင်းများကို သျှန်ဝေး စိုက်ကြည့်နေခဲ့ပြီးနောက် ဘဝင်မကျစွာ ညဉ်းညူလိုက်သည်။ ရှည်လျားသော ဖြူဥဥ ညာလက်ညိုးက ကီးဘုတ်ပေါ်ရှိ "delete " ခလုတ်အား စိတ်မရှည်စွာဖြင့်နှိပ်ချလိုက်သည်။ ထိုအခါ ရေးလက်စ ဝတ္ထုအပိုင်းတစ်ပိုင်းလုံးလည်း အကုန်ပျက်သွား၏။
သက်ပြင်းရှည်တစ်ခုနှင့်အတူ စာကြည့်မျက်မှန်ကို ဆွဲချွတ်လိုက်ပြီးနောက် သူ့မျက်လုံးနှစ်ထက်ကို လက်နှစ်ဖက်ဖြင့် အုပ်ထားရင်း...
"တစ်...နှစ်....သုံး...လေး.....ငါး....."
ကိန်းဂဏန်းများကို ဖြည်းညင်းစွာ အသံထွက်ရေတွက်ခြင်းဖြင့် ဂဏှာမငြိမ်ဖြစ်နေသည့်သူ့စိတ်များနှင့် ဘူပိတ်နေသော သူ့ဦးနှောက်ကို အေးဆေးဖြစ်အောင် အနားပေးနေခဲ့သည်။ ယခုတွင် ကိစ္စတစ်ခုကြောင့် သျှန်ဝေးဘက်က တော်တော်လေး စိတ်ရှုပ်ထွေးနေသည်။ အကြောင်းကမူ မနေ့ညက အိပ်ရာထဲတွင် သူနှင့်နေဒွေးဒံတို့နှစ်ယောက်အတူတူအိပ်နေကြသည့်အချိန်တွင် နေဒွေးဒံက သျှန်ဝေးမျက်နှာကို ပွတ်သပ်နေရင်း...
"မောင်....ကိုယ် နောက်အပတ်လောက်....US ကို သွားရတော့မယ်။ FBI Agent တွေနဲ့ အလုပ်တူတူလုပ်ဖို့ဆိုတော့...တစ်နှစ်လောက်ကြာနိုင်တယ်။ ဒါပေမဲ့ ဆရာကျော်စွာပြောတာတော့ နှစ်လတစ်ခါ၊ တစ်လတစ်ခါလောက်တော့ ကိုယ့်နိုင်ငံကို ပြန်လာလို့ရတယ်တဲ့။ ဟို မောင်နဲ့အဆင်မပြေဖြစ်နေတုန်းက ကိုယ့်ဆရာကမ်းလှမ်းတာကို လက်ခံမိလိုက်တာ...ဆရာက ဟိုဘက်မှာ ကိုယ့်အတွက် register တင်တာ အဆင်ပြေသွားလို့။ အဲဒါ..... မောင့်ဘက်က သဘောမတူရင် ငြင်းလိုက်မယ်လေ။ "
သျှန်ဝေးဘက်က တော်တော်နှင့် ပြန်မဖြေလာခဲ့ပေ။ ထို့ကြောင့် နေဒွေးဒံမှာ သျှန်ဝေး၏မျက်လုံးများနှင့် မျက်နှာရိပ်မျက်နှာကဲကို သေချာလေ့လာနေပြီး သျှန်ဝေးဘက်က တုံ့ပြန်လာမည်ကို စိတ်ရှည်စွာ စောင့်နေခဲ့သည်။ သျှန်ဝေးကမူ ယခုတစ်ကြိမ်၌ နေဒွေးဒံကို ထပ်မပိတ်ချင်တော့ပေ။
VOUS LISEZ
Eternal Sunshine {The Criminal Syndrome} //COMPLETED //
Roman d'amourနှလုံးသားရဲ့ အမှောင်မိုက်ဆုံးနေရာမှာ အလှပဆုံးဖြာကျနေတဲ့ နေရောင်ခြည်လေးဟာ မင်းပါပဲ။ မင်းပေးတဲ့ မေတ္တာတွေကြောင့် ပြိုလဲလုဆဲ ငါ့ကမ္ဘာဟာ တစ်ဖန် ရှင်သန်ခွင့်ရခဲ့ပေါ့။ စိတ္တဇ၊ အရိုင်းဆန်လွန်းတဲ့ ဒီ universe ထဲ လမ်းပျောက်နေတုန်း မင်းသာ ငါ့ရဲ့လမ်းပြကြယ်၊ ...