CHAPTER 23 (U)

321 24 0
                                    

အသိပေးချက်။ ။ ⚠️ယခုအခန်းတွင် Super K ခေါ်  K (Ketamine) မူးယစ်ဆေးဝါးအကြောင်းပါဝင်ထားသည့်အတွက် mature on ပါမည်။ 🔞
မူးယစ်ဆေးသုံးခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သလို သင့်ဘဝ ပျက်စီးနိုင်ပါသည်။ နောက်အခန်းတွင်လည်း ကေအကြောင်း အသေးစိတ်ပါဝင်လာနိုင်ပါသည်။⚠️

ထို့အပြင် ယခုficနှင့်ဇာတ်လမ်းဆက်စပ်မှုများစွာရှိနေသည့် အောက်ဖော်ပြပါ " မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး" ဟူသော normal တစ်ပုဒ်ကို ဖတ်ထားလျှင် ဇာတ်ရည်ပိုလည်ပါလိမ့်မည်။ သို့သော်လည်း မဖတ်ထားသော Eternal Sunshine ပရိတ်သတ်များ ဇာတ်ရည်လည်စေရန်အတွက် ဆက်စပ်မှုရှိနေသည့်အဓိကအကြောင်းအရာတစ်ချို့တလေကိုသာ ပြန်လည်အကျဥ်းချုပ် ဖော်ပြပေးသွားပါမည်။ အားလုံးကို ထည့်သွင်းဖော်ပြသွားလျှင် ဇာတ်လမ်းပြီးဆုံးမည့်အချိန်ကို ပိုကြာရှည်စေနိုင်သောကြောင့်ဖြစ်ပါသည်။

ထို့အပြင် ယခုficနှင့်ဇာတ်လမ်းဆက်စပ်မှုများစွာရှိနေသည့် အောက်ဖော်ပြပါ " မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး" ဟူသော normal တစ်ပုဒ်ကို ဖတ်ထားလျှင် ဇာတ်ရည်ပိုလည်ပါလိမ့်မည်။ သို့သော်လည်း မဖတ်ထားသော Eternal Sunshine ပရိတ်သတ်များ ဇာတ်ရည်လည်စေရန်အတွက်...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.




အခန်း (၂၃)
ငယ်သူငယ်ချင်းနှင့်ပြန်ဆုံရာဝယ်

ကြည်လင်တောက်ပြောင်နေသည့် ဖန်ခွက်ထဲတွင် အကောင်းစားယမကာအရည်ဝါဖန့်ဖန့်အရောင်က မှော်ဆန်စွာ လှုပ်ရှားနေသယောင်။ ဘား၏စပီကာများမှာ ငြိမ့်ညောင်းမြူးကြွစွာ
ထွက်ပေါ်နေသော ပေါ့ဂီတသီချင်းသံက လူ့အထက်တန်းစားများကျင်လည်ရာ ဘား၏အငွေ့အသက်တစ်ခုကို ရုပ်လုံးကြွအောင် ပံ့ပိုးပေးနေသည့်အလား။

"Baby, love never felt so fine
And I'd doubt if it was mine, all mine
Not like you hold me, hold me
Oh baby, love never felt so good, so good
And I'd doubt if it ever could
Not like you hold me, hold me"

သျှန်ဝေးက သူ့အလုပ်ကို ကျွမ်းကျင်စွာ လုပ်နေသည့်အဖျော်ဆရာ Bartender လေးကို သေချာစိုက်ကြည့်နေရင်း ဖန်ခွက်ကို လှုပ်ယမ်းကာ ဆော့ကစားနေခဲ့သည်။ ဤဘားသည် နေဒွေးဒံနှင့် ပြန်ဆုံခဲ့သည့်ဘားဖြစ်သည့်အလျောက် ထိုအချိန်က မှတ်ဉာဏ်အဟောင်းလေးတွေက သူ့အာရုံထဲမှာ တဖြည်းဖြည်း ပြန်ပေါ်လာသည်။ ထို့နောက် သူ၏ဝင်းလက်နေသော ရွှေရောင်မျက်ကိုင်းကိုဆွဲချွတ်လိုက်ပြီး စားပွဲပေါ် တင်ထားလိုက်သည်။ သူ့မျက်လုံးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့်အုပ်ကာ ပွတ်သပ်နေရင်း မျက်မှန်ကပ်တပ်ထားသည်မှာကြာသွားသဖြင့်  မျက်စိသားခြောက်သွေ့လာမှုကြောင့် ပေါ်ပေါက်လာသောယားယံမှုကို ပြေပျောက်အောင် လုပ်နေသည်။

Eternal Sunshine {The Criminal Syndrome} //COMPLETED //Where stories live. Discover now