CHAPTER 16 (U)

632 35 0
                                    

အခန်း (၁၆)
ဖုန်းကိုင်ပါ ကိုယ့်အချစ်လေး

"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆိုလို့ မရနိုင်ပါရှင်"

အား....ခေါ်တိုင်း မကိုင်နေတာပဲ။ ဒီကောင်လေးကတော့လေ။ ဒီလူကို သူကပဲ အရင်စချစ်ခဲ့ပြီးမှ ဘာကြောင့်များ အဆက်အသွယ်ဖြတ်နိုင်တဲ့အထိ လွယ်လွယ်စွန့်ပစ်နိုင်ရတာလဲ။ ဒီလူကတော့ သူမှသူဖြစ်နေပြီ။ တစ်လောကလုံးမှာ သူ့ကိုပဲ အချစ်ဆုံးဖြစ်သွားခဲ့ပြီးမှ ထားခံခဲ့ရတယ်တဲ့။ သူ ငါ့ကိုပြောသွားတာတွေက လိမ်မပြောဘဲ တကယ့်အမှန်တရားတွေ ပြောနေခဲ့တာလား။

စချစ်တဲ့လူတွေက ပိုစွန့်ပစ်လိုက်ဖို့ အဲဒီလောက်ထိပဲ လွယ်လွန်းနေတာလားဗျာ။

ဟူး....ခံပြင်းလိုက်တာ။ မကျေနပ်လိုက်တာ။ ခုနေများ ရှေ့မှာပေါ်လာရင် သူ့မျက်နှာလှလှလေးကို ဆွဲထိုးပြီးတော့ အာဘွားပေးမိလောက်မယ်။

နှစ်ချက်လောက် ဘယ်ပြန်ညာပြန် ဆွဲထိုးပြီးတော့ " မင်းငါ့ကို ဘာလို့ထားသွားတာလဲ" လို့ ပြောမယ်။ ပြီးရင် နမ်းပြီးတော့ "ငါ့ကို မင်းထားချင်သလို ထားလို့မရဘူး" လို့ ပြောရင်း အသက်ရှုရပ်သွားတဲ့အထိ နမ်းပစ်မယ်။

ဖုန်းမျက်နှာပြင်ပေါ်က ခေါ်ဆိုမှုကို ပြန်မဖြေခဲ့သော အမည်နာမလေးကိုကြည့်ရင်း နေဒွေးဒံခမျာ စိတ်ကုန်ခြင်းသက်ပြင်းငွေ့များစွာကို ဆက်တိုက်လွှတ်ထုတ်နေမိသည်။ လည်ချောင်းကနေ အစာအိမ်ထဲသို့ စီးဝင်သွားခဲ့သော ယမကာအရှိန်များကြောင့် သူ့ခေါင်းက တဖြည်းဖြည်းမူးဝေသည်ထက် ပို၍မူးဝေလာသည်။ မျက်စိများ နီမြန်း၍ လေးလံလာရင်း။

မကြာခင် အညိုရောင်လည်သာဆိုဖာခုံကြီးတွင် အိပ်မောကျသွားတော့သည်။

"မင်းပြောသမျှစကားတွေကို အလိမ်တွေလို့ပဲ ငါ့ရင်ထဲကနေ သိနေတယ်။ မင်းက ငါ့ကိုဆို လိမ်ပြောတိုင်း အမြဲတမ်းညံ့တဲ့ကလေးတစ်ယောက်လေ။"

"ညီအစ်ကိုသူငယ်ချင်းတွေလိုပဲ ဆက်နေကြမယ်လေ။ အဆင်မပြေဘူးလား။ ဘယ်လိုမှ အဆင်မပြေဘူးဆိုလည်း တစ်ခုတော့ လိုက်လျောပေး။ ကိုယ်တို့စတွေ့တုန်းက အရက်အတူတူသောက်ခဲ့ကြတာကို မှတ်မိမှာပေါ့။ ဒီည ကိုယ်နဲ့နောက်ဆုံးအကြိမ် အရက်တူတူသောက်ပေးပါလား။ ဒီတစ်ညလေးပဲ နောက်ဆုံးကိုယ်နဲ့နေပေးပါ။ ပြီးရင် မင်း ထွက်သွားလို့ရပါပြီ။

Eternal Sunshine {The Criminal Syndrome} //COMPLETED //Waar verhalen tot leven komen. Ontdek het nu