အခန်း (၁၉)
ငယ်ဘဝက ပျော်ရွှင်မှုရေးတေးတေးလေးများလွန်ခဲ့သော အနှစ် (၂၀) ကျော်...။
"သားကြီး တကယ်တော့လေ .... ငါ့မိဘတွေပေးထားတဲ့ ငါ့နာမည်အရင်းက တေဇောခကွ။ နေဟန်မှိုင်း မဟုတ်ဘူး။"
"ဟုတ်လား...အဲဒါကြောင့် မင်းကိုဆရာမတွေက တေဇောခလို့ ခေါ်နေကြတာကိုး။"
"ဟုတ်တယ်။ မင်းဘက်က သတိမထားမိလို့ပါ။ ငါ ဒီအတန်းထဲစရောက်တော့ ငါ့ကိုတေဇောခလို့ပဲ မိတ်ဆက်ခဲ့တာပဲလေ။ ပြီးတော့ ငါ့အသက်ကလည်း နောက်အပတ်မှ (၁၀) နှစ်ပြည့်မှာ။ အိမ်က အသက်လိမ်ထားတာ။ ရှူးနော်။ ဘယ်သူမှ သွားမပြောနဲ့အုံး။"
"ဟုတ်လား။ မပြောပါဘူး။ ငါဆိုလည်း ခုမှ (၇) နှစ်ပဲရှိသေးတာ။ အိမ်တော်ထိန်းက ပြောတယ်။ ငါက အရမ်းဉာဏ်ကောင်းတော့ ဒီကျောင်းမှာ အသက်လိမ်ထားလည်း စာလိုက်နိုင်မှာဆိုပြီး ငါ့အိမ်က ဒီအင်္ဂလိပ်ကျောင်းရဲ့စည်းကမ်းအတိုင်း (၁၀) နှစ်၊ IQ မြင့်မှ လက်ခံတယ်ဆိုတော့ IQ Test ဖြေတာအမှတ်များခဲ့တယ်။ ဒါနဲ့ပဲ ငါ့ကို အသက်လိမ် ကျောင်းထားခဲ့ကြတာလေ။ အဲ့တော့ မင်းထက် ငါက (၃) နှစ်တောင် ငယ်သေးတယ်။ "
"OMG!! မင်းက (၇) နှစ်လို့တောင် မထင်ရဘူး။ ငါနဲ့မတိမ်းမယိမ်း အရပ်တော်တော်ရှည်တယ်နော်။ "
"အွန်း"
" အာ ဒါနဲ့ ငါက နေဟန်မှိုင်းဆိုတဲ့နာမည်ကိုကြိုက်လို့ တမင်ကိုယ့်ဘာသာကိုယ်ပေးပြီး ငါသဘောကျတဲ့သူကိုမှ ဒီနာမည်နဲ့ မိတ်ဆက်တာ။ အတန်းထဲမှာ မင်းပဲငါ့ကိုနေဟန်မှိုင်းလို့ခေါ်တာ။"
"အဲ့လိုလား...ဒါဆို မင်းက ငါ့ကိုသဘောကျတယ်ပေါ့လေ။"
"ဒါပေါ့... ငါ့ သူငယ်ချင်းကြီး သျှန်ဝေးကို အမြဲတမ်းသဘောကျတယ် ဟားဟားဟား။"
သို့ဖြစ်၍ စိတ်တူကိုယ်တူရှိသည့် သူတို့သူငယ်ချင်းလေးနှစ်ယောက်တည်း နေ့လည်မုန့်စားဆင်းချိန်တွင် ကျောင်းခေါင်မိုးပေါ်၌ ရယ်ရယ်မောမောဖြင့် စကားပြောနေခဲ့ကြသည်။
"ဟေ့ကောင် သျှန်ဝေး.... မင်း ဒီနေ့လည်း မှိုင်နေပြန်ပါလား"
"အင်း... စိတ်ညစ်လို့"
YOU ARE READING
Eternal Sunshine {The Criminal Syndrome} //COMPLETED //
Romanceနှလုံးသားရဲ့ အမှောင်မိုက်ဆုံးနေရာမှာ အလှပဆုံးဖြာကျနေတဲ့ နေရောင်ခြည်လေးဟာ မင်းပါပဲ။ မင်းပေးတဲ့ မေတ္တာတွေကြောင့် ပြိုလဲလုဆဲ ငါ့ကမ္ဘာဟာ တစ်ဖန် ရှင်သန်ခွင့်ရခဲ့ပေါ့။ စိတ္တဇ၊ အရိုင်းဆန်လွန်းတဲ့ ဒီ universe ထဲ လမ်းပျောက်နေတုန်း မင်းသာ ငါ့ရဲ့လမ်းပြကြယ်၊ ...