CHAPTER 24 (U)

330 25 2
                                    

အခန်း (၂၄)
"White Lizard "

ရာဇဝတ်သားချင်း ရာဇဝတ်သားချင်း သတ်ကြပုတ်ကြရင် ဂျိုကာတစ်ကောင်လို ဉာဏ်ပြေးပြီး ဗျူဟာချမှတ်တာတော်တဲ့ ရာဇဝတ်သားက နောက်ဆုံးမှာ အနိုင်ရသွားတတ်တယ်။ လက်နက်ကိုင်ပြီး ကျပ်မပြည့်နေရင် လက်နက်မရှိတဲ့အခါ သေမှာပဲ။ အချိန်တိုင်း လက်နက်အားကိုးနေတဲ့ကောင်က တကယ်သတ္တိရှိနေတာ မဟုတ်ဘူး။ သူ့အကြောက်တရားကို လက်နက်အကောင်းစားနဲ့ဖုံးထားတာလေ။

ဂျိူကာလိုကောင်က လက်နက်မရှိရင်တောင်ခဘယ်တော့မှ မသေဘူး။ သူ့မှာဘာအကြောက်တရားမှ မရှိနေသလို ရန်သူတွေထက် အကွက်ချတာထောင့်စေ့လို့ Batman တောင် ဉာဏ်ကြီးရှင်ဂျိုကာရဲ့အကွက်တွေထဲကို လှလှပပ ဝင်ဝင်သွားသေးတယ် မဟုတ်လား။

နောက်ပြီး တရားဥပဒေဆိုတဲ့ကြောင်တောင်တောင်အရာကြီးမှာ ကြောင်တောင်တောင်ကန့်သတ်ချက်တွေရှိနေတယ်။ ယုတ်မာတာကို သက်သေအထောက်အထားပြနိုင်ရင်တောင် တရားခံဘက်က ပိုက်ဆံနဲ့အာဏာပါဝါကို သုံးနိုင်ရင်သုံးနိုင်သလောက် ကိုယ်မှန်နေလည်း ရှုံးမှာပဲ။ ဒီတော့ တရားဥပဒေနဲ့ရင်ဆိုင်လည်း ရှုံးမှာသေချာနေတဲ့အခါ ကြေးစားလူသတ်သမားတွေကို သူတို့ရဲ့အဆင့်လိုက်ငှားပြီး သတ်ချင်တဲ့လူကို ငရဲလမ်းဆီ ဖြောင့်အောင် ပို့ခိုင်းလာကြတယ်။

နေဟန်မှိုင်းက အဲဒီလိုကြေးစားတစ်ယောက်၊ ဒါပေမဲ့ သူ့မှာလက်နက်ပစ္စည်းအစုံမရှိတော့ ကျွန်တော်ကပဲ ထောက်ပံ့ပေးနေရတယ်။ သူသတ်ရမဲ့လူက သတ်ရခက်ခဲနေတဲ့အခါမျိုးမှာဆိုရင် ကျွန်တော်ကူညီတာပေါ့။ တစ်ခါတလေ သူငယ်ချင်းနှစ်ယောက် ချောချောမွေ့မွေ့နဲ့ လူသတ်နိုင်သလို ကံဆိုးချင်ရင်လည်း သတ်ရမဲ့လူတွေက ဂန်းစတားခေါင်းဆောင်တွေ၊ အဆင့်နိမ့်တဲ့ မားဖီးယားunder boss တွေဖြစ်နေတာမျိုး။

ကျွန်တော်တို့ငယ်ငယ်က စူပါဟီးရိုးဖြစ်ချင်ခဲ့ကြတယ်။ အခုကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိထားမိကြတဲ့အချိန်မှာ စူပါဗီလိန်ဂျိုကာတွေဖြစ်နေကြပြီပဲ။

"When I was young
I'd listen to the radio
Waitin' for my favorite songs
When they played I'd sing along
It made me smile...."

Eternal Sunshine {The Criminal Syndrome} //COMPLETED //Where stories live. Discover now