CHAPTER 2 (U)

1.9K 95 26
                                    

အခန်း ()
သက်တန့်ရောင်စဥ်များ စတင်လွှမ်းမိုးခြင်း

အကြမ်းကြုတ်ဆုံး ငရဲခန်းတွေကြားကနေ
လွတ်မြောက်လာပြီးနောက်ပိုင်းမှာ
ကျွန်တော်ရှင်သန်နေရတဲ့ကမ္ဘာက
ကျွန်တော့်အတွက်တော့ အမြဲတမ်းမည်းမှောင်နေခဲ့တဲ့ ဂူပိတ်ကြီးတစ်ခုလို...။

ပျော်ရွှင်ခြင်းဆိုတာ ကျွန်တော်ဖန်တီးတဲ့ ဇာတ်ကောင်ကမ္ဘာလေးတွေကနေပဲ အမြဲရနေခဲ့တာပါ။ အခုတော့ ပျော်ရွှင်မှုလေးတွေ နောက်ထပ်အသစ်တိုးလာတော့မယ် ထင်ပါရဲ့ဗျာ။

ကျွန်တော့််ပုံစံက အပြုံးတုတပ်ထားတဲ့မျက်နှာဖုံးနဲ့နတ်ဆိုးတစ်ကောင်ထက် မပိုနေပါဘူး။

ကျွန်တော့်ကို မုန်းတဲ့ "Hater"ကောင်တွေကိုတော့ အမြဲတမ်း "လက်ခလယ် Fuck You" ပါပဲ။ အမှိုက်အလေအလွင့်တွေဆိုတာ ကျွန်တော့်ဆီက ချစ်ခြင်း၊ မုန်းခြင်းတွေနဲ့မထိုက်တန်နေဘူးလေ။

ပြီးတော့ ဒီရက်ပိုင်း ကျွန်တော် ဘာ update မှ မတင်နိုင်ကြောင်းကို လာအသိပေးတာ။ Update တွေကြာနေလို့ မစောင့်နိုင်ရင် အဟောင်းတွေ မမေ့အောင်ဘဲ Revision သဘော စာပြန်နွေးနေပေးပါ။ ကျွန်တော့်ဘက်က လုပ်စရာအလုပ်တွေပြီးရင် စာတွေပြန်ရေးသွားပါ့မယ်။

ချစ်ရတဲ့စာဖတ်သူတို့က ကျွန်တော့်အတွက်တော့ တောင်ပံဖြူလေးတွေပိုင်ဆိုင်တဲ့ နတ်မိမယ်၊ နတ်မောင်မယ်တွေပါပဲ။

ခင်ဗျားတို့ကို ဘယ်သူကမှ မချစ်နေဘူးဆိုရင်တောင် ကျွန်တော်ကတော့ ခင်ဗျားတို့ကိုချစ်နေကြောင်း မှတ်ထားပေးမယ်မလား။

ဒီနေ့တော့ ဒီလောက်ပါပဲ။ ကျေးဇူးတင်ပါတယ်။

ဗစ်တာဗြောက်

ဖုန်းမျက်နှာပြင်၏ညာဘက်ထိပ်ဆုံးအစွန်က "Post" ဟူသော ခလုတ်ကလေးကို လက်မဖြင့် ဖိနှိပ်လိုက်သည်။ ထို့နောက် "Posted" ဟူသော စာတန်းလေးပေါ်လာလျှင် သျှန်ဝေးက သူ့ဖုန်းကို ဟောင်းနွမ်းညစ်ပတ်နေသည့်သစ်သားစားပွဲခုံပေါ်တွင် တင်လိုက်သည်။

"Norzix" မိဘမဲ့ဂေဟာမှာ ၂ နာရီလောက်နေခဲ့ကြပြီးနောက် သျှန်ဝေးက နေဒွေးဒံအိမ်ကို လိုက်လည်ခဲ့သည်။ နေဒွေးဒံလည်း အားနာနာဖြင့် ခေါ်လာရသည်။

Eternal Sunshine {The Criminal Syndrome} //COMPLETED //Where stories live. Discover now