CHAPTER 10 (U)

837 37 0
                                    


အခန်း (၁၀)
ဘယ်ဟာကို ရွေးချယ်မလဲ

မနက် ၆ နာရီသာ ရှိသေးသည်။ ကုတင်ဘေးရှိ စားပွဲခုံဘေးတွင်တင်ထားသော နေဒွေးဒံ၏ဖုန်းမှ Message Notification သံဝင်လာသောအခါ အလင်းရောင်ထွက်လာသည်။

၎င်း message တွင် ....

" နေဒွေးဒံ...ငါ့တပည့်ကြီးရေ၊ မင်းအတွက် သတင်းကောင်းတစ်ခုရှိတယ်။ မင်း FBI က စုံထောက်တစ်ယောက်ဖြစ်ချင်လား။ ဖြစ်ချင်ရင် ငါ ဖန်တီးပေးမယ် သိလား။ ငါ မင်းကိုခုတောင် ဖုန်းဆက်ချင်နေတာ။

ဒါပေမဲ့ ခုချိန် မင်းအိပ်နေမှာသိလို့ စာပို့နေတာ။ ငါ့ဆီကို FBI က အကောင်ကြီး တစ်ယောက်က mail ပို့လာတယ်။ သူတို့ရဲ့ထိပ်တန်းလျှို့ဝှက် mission ကြီးတစ်ခုမှာ ငါတို့နိုင်ငံက အတော်ဆုံးစုံထောက်တွေကို ပါစေချင်တယ်တဲ့။

အဲ့ mission အောင်မြင်ရင် FBI ကနေ အဲဒီစုံထောက်တွေကို အများကြီးပံ့ပိုးပေးသွားမှာဖြစ်သလို သူတို့ဘက်က လုပ်ရည်ကိုင်ရည်ကိုကြည့်ပြီး သဘောကျသွားတဲ့သူတွေကို FBI agent ခန့်ဖို့ ဆန္ဒရှိပါတယ်တဲ့ကွာ။

ငါကတော့ ငါ့တပည့်တွေထဲ ပြေးမြင်တာ မင်းပဲရှိတယ်။ မင်းအနေနဲ့ freelance စုံထောက်လုပ်နေရတာ ခက်ခဲတယ်မလားကွ။ မင်းသဘောထားလည်း ငါသိချင်သေးတယ်။

ငါ မင်းဆီက Yes ရတာနဲ့ အဲ့ဘဲဆီမှာ မင်းနာမည်ကို register လုပ်လိုက်မလို့။"

ဖုန်းသံတစ်တီတီ တစ်တောင်တောင်မြည်နေသော်ငြားလည်း ချစ်သူနှင့်အတူတူ အိပ်မောကျနေသော နေဒွေးဒံက မနိုးခဲ့ပေ။

သျှန်ဝေးက မနက် (၈) နာရီကျော်တွင် နိုးထလာခဲ့ပြီး နေဒွေးဒံကမူ မနက် (၉) နာရီတွင် အိပ်ရာနိုးလာခဲ့သည်။ သျှန်ဝေးက မနက်စာများကို အိပ်ခန်းထဲက စားပွဲခုံပေါ်တွင် ပြင်ဆင်ပေးထားနှင့်ပြီးဖြစ်၏။

နေဒွေးဒံလည်း အိပ်ရာမှထကာ ရေချိုးခန်းထဲသို့ ဝင်သွား၏။ မျက်နှာသစ်သွားတိုက်ကာ ကိုယ်လက်သန့်စင်ပြီး နာရီဝက်ကြာသော် ရေချိုးခန်းထဲကနေ ပြန်ထွက်လာခဲ့၏။

သျှန်ဝေးက စာကြည့်ခန်းထဲတွင် လက်တော့ပ်ဖြင့် စာရေးနေခဲ့ကာ မနက်စာစားနေခဲ့သည်။ နေဒွေးဒံလည်း အိပ်ခန်းစားပွဲခုံပေါ်က သျှန်ဝေးကိုယ်တိုင်ပြုလုပ်ပေးထားသည့် မနက်စာ စားဖွယ်အစုံအလင်အား ပီတိအပြုံးများဖြင့်ကြည့်နေခဲ့လျက်။ မွှေးကြိုင်ကြိုင်အနံ့အသက်များကို တဝကြီးရှူရိုက်ခံစားလိုက်ကာ အားပါးတရ စားသုံးတော့သည်။

Eternal Sunshine {The Criminal Syndrome} //COMPLETED //Where stories live. Discover now