CHAPTER 22 (Z)

98 10 0
                                    


အခန်း (၂၂)
အလေအလွင့် လမ်းဘေးခွေးလေးတစ်ကောင်

"Thank you for the dance. Well, it was fun while it lasted, wasn't it? You know this may sound silly but I don't know who you are...not that really makes any difference."

"Doesn't it?"

"No..not at all. I discovered you myself that's smartest thing I've done this evening."

"Thank you"

"but..you're just matter of statistics...you know. Who are you?"

"Who am I? I am your mother's maid."

ခရမ်းနုရောင်မျက်ဝန်းထဲတွင် မင်းသားနှင့်မင်းသမီးနမ်းနေကြသည့် ပုံရိပ်တချို့က ကြည်နူးဖွယ်ကောင်းအောင် အလင်းပြန်ထင်ဟပ်နေသည်။ ရှေးခေတ်ဂန္ဓဝင်ရုပ်ရှင် classic movie များ၊ အထူးသဖြင့် Black & White အဖြူအမည်း အချစ်ဒရာမာရုပ်ရှင်ဇာတ်ကားများကို ကြိုက်နှစ်သက်သော သျှန်ဝေးအတွက် ထိုအဖြူအမည်းရုပ်ရှင်က သူ့ကို စိတ်ဝင်တစားကြည့်ရှုချင်လာအောင် ဆွဲဆောင်နေခဲ့သည်။

သို့သော်လည်း သူ့အတွက် ဂန္ဓဝင်ရှေးဟောင်းဖြစ်စေ၊ မော်ဒန်ဖြစ်စေ အချစ်ဒရာမာကားများကို တစ်ယောက်တည်း ကြည့်ရှုခံစားရသည်က အနည်းငယ် ပျင်းရိငြီးငွေ့စရာ။ ချစ်ရသူပခုံးပေါ်မှာ ခေါင်းမှီကြည့်ရရင်တော့ ပိုစိတ်ဝင်စားဖို့ ကောင်းပေလိမ့်မည်။ တီဗီရှေ့က ဆိုဖာခုံပေါ်မှာ တစ်ယောက်တည်းထိုင်နေရင်း သူ့ဘေးနားက လွတ်လပ်နေသောအငွေ့အသက်လေးတစ်ခုကို လွမ်းဆွတ်နေမိ၏။ ဤနေရာလွတ်လေးထွက်ခွာသွားခဲ့သည်မှာ ၄ လကျော်ပြီဖြစ်သည်။မကြာခင် ခရစ္စမတ်နေ့ကို ရောက်ရှိလာတော့မည်ဖြစ်သည်။ ဤနှစ်ခရစ္စမတ်ကို ချစ်ရသူနှင့် ဖြတ်သန်းရတော့မည်ထင်ထားခဲ့သော်လည်း မဖြတ်သန်းနိုင်တော့ပေ။ ထိုအစား တစ်ကိုယ်တော် ခရစ္စမတ်ဖြစ်လာတော့မည်။

သူတို့နှစ်ယောက်တွဲကြတာ တစ်နှစ်ပင်မပြည့်သေးခင်မှာပဲ ထပ်မံ၍ကွေကွင်းကြရပြန်သည်။ နေဒွေးဒံ ပန်ရာကနေ US ကို ထွက်သွားခဲ့ပြီးနောက် သျှန်ဝေး၏နှလုံးသားမှာ စက္ကန့်နှင့်အမျှ ဟာတာတာနှင့် ဗလောင်ဆူနေရသည်။ ယခုသူ့အား "မင်း အဆင်ပြေလား" လာမေးသည့်သူတစ်ယောက်များရှိခဲ့လျှင် ထိုလူအား ရယ်မောစွာ ပြုံးပြလျက် ကိစ္စတုံးပေးမိလောက်မည်။

Eternal Sunshine {The Criminal Syndrome} //COMPLETED //Where stories live. Discover now