CHAPTER 9 (U)

932 40 0
                                    


⚠️ဝမ်နင်⚠️

ဤအခန်းတွင် အမျိုးသားနှစ်ယောက်၏မတော်သရော်အချစ်ရမ္မက်လှိုင်း ရိုက်ခတ်ပြင်းထန်မှုများပါဝင်လာနိုင်ပါသဖြင့် မောင်ညီမလေးတို့နှင့် သူတော်စင်အရှင်သူမြတ်လောင်းတို့ မဖတ်ရဲပါက မျက်စိမှိတ်ဖတ်ကြပါရန်။

xxx

အခန်း ()
ချစ်ရသူနှင့် စိတ်ချမ်းမြေ့ဖွယ် နေ့ရက်များ

"နွေးလျလျ နေရောင်ခြည်ဖြာတဲ့နေ့မှာ
ကျွန်တော် မြတ်နိုးမိသွားတဲ့
ချစ်စဖွယ် ပါးချိုင့်လေးတစ်ခုရှိခဲ့တယ်။

ကမ္ဘာမှာ သိပ်ကံကောင်းတဲ့လူသားက
ကျွန်တော် ဖြစ်နေပါရောလား။

ပန်းချီကားဆန်လှတဲ့ ပါးချိုင့်ပိုင်ရှင်က
ကျွန်တော့်ချစ်သူ ဖြစ်နေခဲ့တယ်လေ။

သိပ်ကို ရင်အေးစေတဲ့
ရှုမဝပါးချိုင့်လေးပါဗျာ။

ဆွဲဆောင်မှုရှိတဲ့ ဒီပါးချိုင့်နစ်နစ်လေးကို
မြင်လိုက်ရတဲ့ စက္ကန့်တိုင်းမှာ
နွေပူပူမှာ ဖရဲသီးအေးအေးလေးတစ်ခွက်
သောက်လိုက်ရသလိုပါပဲ။

ပါးချိုင့်ပိုင်ရှင်ရဲ့ထွေးပွေ့မှုတွေက
ကျွန်တော့်ကို ကျွန်တော်တောင်
ကြက်မကြီးဝပ်ပေးထားတဲ့
ကြက်ပေါက်စလေးလို ခံစားမိစေတယ်။

သိပ်ကို ဂန္ဓဝင်မြောက်တဲ့
ပါးချိုင့်ချိုချိုလေးပါဗျာ။"

ဖြူနုနုလက်ချောင်းရှည်များက ကဗျာရေးပြီးနောက် အွန်လိုင်းဝက်ပေ့ချ်စာမျက်နှာတွင် "upload " လုပ်ခဲ့သည်။ တစ်နာရီအတွင်းတွင် ကဗျာဖတ်ရှုသူနှင့် ကြိုက်နှစ်သက်သော reaction ၊ comment ပေးသူပေါင်း "30 K" ကျော်ခဲ့သည်။

Comment များတွင် စာဖတ်သူများ၏မှတ်ချက်အမျိုးမျိုး ပေါ်ထွက်လာလျက်။

မှတ်ချက် (၁)။ ။ ဆရာဗစ်တာဗြောက်က ခုတလော ဝတ္ထုတွေဆက်တိုက်မရေးဘဲ တစ်ချိန်လုံး အချစ်ကဗျာတွေချည်းပဲ ရေးနေရော။ ကောင်မလေးရှိနေပြီလား ဆရာရေ။

Eternal Sunshine {The Criminal Syndrome} //COMPLETED //Where stories live. Discover now