CHAPTER 12 (U)

801 42 1
                                    


အခန်း (၁၂)
ချစ်သူအဖြစ်မှ ပြတ်စဲခြင်း အကြိမ်ရေ (၂)

နောက်ထပ်တစ်ဖန် သင်္ဘောအတွင်းပိုင်းမှ ဗုံးပေါက်သံထွက်ပေါ်လာလျှင် လူတို့​၏အကြောက်တရားနှင့်အော်ဟစ်သံများဟာ ငရဲသဖွယ် ကျယ်လောင်လာသည်။

"Run!!!....It's bomb!!!"

စားသောက်ဆိုင်၏အတွင်းနက်ပိုင်းထဲမှ ပြေးထွက်လာသော သက်လတ်ပိုင်း အမျိုးသားတစ်ယောက်က ပျာယာခတ်လျက် အင်္ဂလိပ်လို အော်ပြောခဲ့သည်။ အဆိုပါအမျိုးသားက သင်္ဘောမှ တာဝန်ရှိသူဟု ထင်ရသည်။

စားသောက်ဆိုင်ထဲက နိုင်ငံခြားသားများကလည်း မတုံ့ဆိုင်းနေတော့ဘဲ သူတို့​၏ပစ္စည်းပစ္စယများကို အမြန်ယူဆောင်ကာ သင်္ဘောပေါ်ကနေ ဆင်းပြေးကြကုန်​၏။ နေဒွေးဒံက စိုးရိမ်တကြီးနှင့် အခင်းဖြစ်ပွားရာ သင်္ဘောအတွင်းပိုင်းသို့ ဝင်သွားရန် လုပ်သည့်အခါ သျှန်ဝေးလက်များက သူ့အား လှမ်းတားလိုက်သည်။

"ကို...ကျွန်တော်တို့ ဆင်းကြရအောင်"

"အထဲမှာ ထိခိုက်တဲ့လူတွေရှိနိုင်တယ်...သွားကူ..."

"ထားလိုက်ပါ။ သက်ဆိုင်ရာကလာရင် သူတို့ရှင်းလိမ့်မယ်။ အခု သင်္ဘောပေါ်ကနေ ဆင်းကြမယ်။"

နေဒွေးဒံအပါအဝင် လူအားလုံးက ရုတ်ရုတ်သဲသဲဖြစ်နေကြသော်လည်း သျှန်ဝေး၏ခရမ်းရောင်မျက်ဝန်းများက တည်ငြိမ်နေခဲ့ပြီး အေးဆေးလွန်းသည်။ သူ့အနေဖြင့် ဗုံးပေါက်သည့်ဖြစ်ရပ်က မထူးဆန်းနေခဲ့ပေ။ ရာဇဝတ်ခေါင်းဆောင်တစ်ယောက်အနေဖြင့် ဤအရာတွေက အဆန်းအပြားမဟုတ်။ ထို့ကြောင့် တုန်လှုပ်ချောက်ခြားခြင်းမရှိနေဘဲ လူထုအတွက် စိတ်ပူပန်နေခဲ့သော နေဒွေးဒံကိုသာ သင်္ဘောအပြင်သို့ ထွက်ခွာရန် ဆွဲခေါ်လာသည်။

ထိုစဥ် ဆိပ်ကမ်းတွင် ရဲကားများ၏ဥဩဆွဲသံများက ဆူညံနေသည်။

လူပေါင်း အယောက် ၅၀ လောက်က အုံးအုံးကြွကြွ ဆင်းလာကြသည့်အထဲ သျှန်ဝေးတို့နှစ်ယောက်လည်း အပါအဝင်ဖြစ်​၏။ သူတို့သင်္ဘောပေါ်ကနေဆင်းလာကြသည့်အခါ ယူနီဖောင်း အနက်ရောင်နှင့် ကျည်ကာအပြည့်ဝတ်ထားကြသည့် ရဲအရာရှိများ၊ မီးသတ်သမားများနှင့် ဆရာဝန်၊ သူနာပြုများက သင်္ဘောပေါ်က ဆင်းလာသမျှ လူများကို လက်တွဲခေါ်ကြသည်။

Eternal Sunshine {The Criminal Syndrome} //COMPLETED //Where stories live. Discover now