CHAPTER 14 (U)

578 31 13
                                    

ဤအခန်းတွင်ပါဝင်သော ဇာတ်ကောင်အမည်များ၊ စကားပြောများ၊ နေရာဒေသများနှင့် အဖြစ်အပျက်အားလုံးသည် စာရေးသူစိတ်ကြိုက် စိတ်ကူးယဉ်ဖန်တီးထားမှုများသာဖြစ်ပါသည်။ ပြင်ပလောကရှိ တစ်စုံတစ်ရာနှင့် တူညီနေခဲ့သည်ရှိသော် တိုက်ဆိုင်မှုသာဖြစ်ပါသည်။

အခန်း (၁၄)
စိတ္တဇအချစ်များ

သျှန်းဝေးဆိုတဲ့ကောင်လေးရဲ့စိတ်ကို နားလည်ရ ပိုခက်လာတယ်။ စုံထောက်အလုပ်လည်း သူမလုပ်စေချင်မှန်းသိလို့ ဆရာ့တောင် အားနာနာနဲ့ ငြင်းထားခဲ့တာပဲလေ။

ပြီးတော့ စိတ်ဆိုးမယ်ဆိုရင်တောင် ကားပေါ်က ခုန်ဆင်းတဲ့ကိစ္စကိုပဲ စိတ်ဆိုးနေရမှာကို စုံထောက်အလုပ်ကိုပဲလုပ်ချင်နေတယ်ထင်ပြီး မဆီမဆိုင်တွေ ပြောတယ်။

အဲဒီလို သူပြောချင်ရာပြောပြီး နောက်တစ်နေ့ကျတော့ မိုးလင်းထဲကနေ အပြင်ထွက်သွားလိုက်တာ ၃ ရက်တိတိရှိသွားပြီ။ ခုချိန်ထိ ဘာအဆက်အသွယ်မှလည်း မရနေဘူး။

အား...သူဘာတွေလုပ်နေတာလဲ။

အသားလွတ်ကြီး သူ့ဘက်ကပဲ သူ့ကောင်လေးဖြစ်ပေးနိုင်မလားလို့ တောင်းဆိုခဲ့တယ်။

အသားလွတ်ကြီး သူ့ဘက်ကပဲ တိုက်ခန်းပေးပြီး လမ်းခွဲချင်နေတယ်။

တကယ့်ငစားလေးပါကွာ....။

သျှန်ဝေးနှင့်ဖုန်းအဆက်အသွယ်၊ အွန်လိုင်းအဆက်အသွယ်မရခဲ့သည့်် (၃) ရက်အတွင်း နေဒွေးဒံတစ်ယောက် တိုက်ခန်းထဲတွင် တစ်ယောက်တည်း ဗြောင်းဆန်နေခဲ့သည်။ သျှန်ဝေးကို စက္ကန့်နှင့်အမျှ ဖုန်းခေါ်နေခဲ့သော်လည်း ခေါ်ဆိုသည့်အကြိမ်ရေတိုင်းတွင် "လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်" နှင့် တိုးနေခဲ့သည်။

ထို့အတွက်ကြောင့် သျှန်ဝေးကို အလွန်စိတ်ပူနေခဲ့ပြီး တစ်ယောက်တည်း ကမ္ဘာပျက်နေခဲ့လျက်။ မည်သို့ပင်ဆိုစေ သျှန်ဝေးမရှိသည့်တိုက်ခန်းလေးက သူ့အတွက်တော့ အကျဥ်းထောင်ထဲမှာ အထီးကျန်ဆန်နေသည့် အကျဥ်းသားတစ်ယောက်လို ခံစားရစေသည်။

ယနေ့ ၄ ရက်မြောက်နေ့တွင် နေဒွေးဒံတစ်ယောဆေးရုံကနေ ဆင်းလာသည့် ဆရာကျော်စွာ​၏အိမ်သို့ အလည်ရောက်ရှိနေသည်။

Eternal Sunshine {The Criminal Syndrome} //COMPLETED //Where stories live. Discover now