CHAPTER 6 (U)

929 48 8
                                    


အခန်း ()
ချစ်ရသူကို မုသားမပြောလိုပါ

ကမ္ဘာကြီးက အမတဘုရားသခင်များကဲ့သို့ အနှိုင်းမဲ့မေတ္တာရှင်တွေကို မွေးဖွားပေးတတ်သလို လူမဆန်ဆုံးသော စိတ္တဇသမားများ၊ နှလုံးသားလှသည့် စိတ္တဇလူသားများကိုလည်း မွေးထုတ်ပေးလျက်ရှိသည်။

လရောင် သိပ်ပြီးမတောက်ပသည့် ညခင်းအချိန်ခါဖြစ်သည်။

နယူးရော့ခ်မြို့၏လမ်းမများထက်တွင် အသားရောင်အဖြူ၊အဝါ၊အညို၊အမည်းအစရှိသည့် လူမျိုးပေါင်းစုံတို့သည် ရွှင်မြူးပြုံးပျော်စွာ လှုပ်ရှားသွားလာနေကြသည်။ ထိုစဥ် အရောင်စုံလင်လှသော တန်ဖိုးကြီးကားများမှာ နယူးရော့မြို့၏တံတားကနေ အရှိန်ပြင်းပြင်းမောင်းနှင်လာကြသည်။

ထိုကားများကိုဦးဆောင်မောင်းနှင်လာသော ရှေ့ဆုံးကား၏ယာဥ်မောင်းသူမှာ သံမဏိအရိုးခေါင်းမျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားသည်။ နာရီဝက်ကျော်လာသည့်အချိန်၌ ကားများသည် ကြီးမားလှသော အိမ်တော်တစ်ခုထဲတစ်ခုထဲတွင်ပြုလုပ်နေသောပါတီပွဲတစ်ခုအတွင်းသို့ အရှိန်မိုင်ကုန်ဖြင့် ကမူးရှူးထိုး မောင်းချလာကြ၏။

ပါတီပွဲတွင် ပျော်ပါးနေကြသောလူများကလည်း ရုတ်တရက် ကျူးကျော်မောင်းချလာသောကားများကြောင့် ကြောက်ရွံ့ထိတ်လန့်ကြကုန်၏။ ထို့နောက် အာမေဍိတ်သံကိုယ်စီဖြင့် လွတ်ရာကျွတ်ရာသို့ ထွက်ပြေးကုန်ကြသည်။

အနက်ရောင် Lamborghini Huracan Evo AWD ကားအတွင်းမှ ဆင်းသက်လာသောသူမှာ MP5k PDW စက်သေနတ်အားသိုင်းလွယ်ထားသည်။ ကားတံခါးကားကို ဆောင့်ပိတ်ပြီး စံအိမ်တော်ထဲသို့ ဦးတည်လာခဲ့သည်။ ထိုစဥ် စံအိမ်တော်ပြင်ပက လူတစ်ချို့မှာ ထိုသူကို သေနတ်ကြီး၊ သေနတ်ငယ်တို့ဖြင့် ဝိုင်းဝန်းပစ်ခတ်လာကြသောအခါ ထိုသူ၏အင်္ကျီနှင့်ဘောင်းဘီများတွင် ကျည်ပေါက်ကွက်များဖြစ်သွားသည်။ သို့သော် အထဲတွင် ကျည်ကာများခံဝတ်ထားသောကြောင့် သူက အေးဆေးသာယာသည်။

သူ့ကိုပစ်ခတ်နေသောသူများအား MP5k PDW ဖြင့် သွေးအေးတည်ငြိမ်သောမျက်လုံးမှေးမှေးဖြင့် တစ်ယောက်ချင်းစီအား ချိန်ရွယ်၍ ပစ်သတ်ပစ်​၏။ သူနှင့်အတူပါလာသော ဓာတ်ငွေ့ကာမျက်နှာဖုံးနှင့်လူများကလည်း စံအိမ်တော်ပြင်ပကလူများအား ကူပစ်ခတ်ပေးခဲ့ကြသည်။  ထိုဓာတ်ငွေ့ကာမျက်နှာဖုံးနှင့်လူများက စံအိမ်တော်ပြင်ပတွင် အဆိပ်သင့်ဓာတ်ငွေ့တစ်မျိုးဖြစ်သည့် ဟိုက်ဒရိုဂျင်ဆိုက်ယာနိုက်ဓာတ်ငွေ့အား လွှတ်ထုတ်ခဲ့ကြပြီးနောက် သံမဏိအရိုးခေါင်းမျက်နှာဖုံးပိုင်ရှင်နှင့်အတူတူ စံအိမ်တော်ထဲသို့ ဝင်သွားခဲ့ကြသည်။ 

Eternal Sunshine {The Criminal Syndrome} //COMPLETED //Where stories live. Discover now