Special Extra part ❤️

1.6K 89 20
                                    

❤️

ငါးနှစ်ခန့်ကြာသော်~

လွန်းအတွက်အချစ်တွေမရှိ အလွမ်းတွေနဲ့သာအသက်ရှင်သန်နေခဲ့ရတာ ဒီနေ့ဆိုငါးနှစ်တင်းတင်းပြည့်ခဲ့ပြီ။နေနိုင်သူကတော့ နေစိမ့်နေပေမယ့် မနေနိုင်တဲ့လွန်းမှာတော့ ကြယ့်ရဲ့အကြောင်းကို သီတာ့ဆီမှာစုံစမ်းရတာ အမောပင်။

သီတာကလည်းသူငယ်ချင်းကောင်းပီသစွာဖြင့်ကြယ့်အကြောင်းတွေဆိုလွန်းထံဖောက်သည်ချမြဲပင်။အခုဆိုရင်ကြယ်ဟာ ကျောင်းပြီးသွားလို့ လုပ်ငန်းခွင်သို့ရောက်ရှိနေလေပြီတဲ့။

လွန်းလည်းကြယ်နဲ့မတွေ့ဖြစ်တဲ့ ငါးနှစ်လုံးလုံးစိတ်သောကရောက်စရာတွေနဲ့ဖြတ်သန်းရင်းရှင်သန်လာရတာပင်။

ပထမဦးဆုံးမောင်လို အစ်ကိုလိုခင်ရသော သူတစ်ယောက်ရဲ့ သစ္စာဖောက်ခြင်းကိုခံရခြင်းပြီ‌းတော့လွန်းတို့အိမ်ရဲ့ ကိစ္စရေးရာ အဝဝတွေ။

လူပင်ပန်း စိတ်ပင်ပန်းနဲ့ စိတ်တွေဂျုံးဂျုံးကျခဲ့ရသောကြောင့် လွန်းမှာနှလုံးရောဂါတောင်‌ရနေလေပြီ။

လွန်းကလေးလေးရဲ့ အောင်မြင်မှုတွေကြားတိုင်း အားတင်းထားရင်း လွန်းဆိုတာဒီနေ့အထိ ရပ်တည်နေနိုင်ခဲ့ခြင်းဖြစ်သည်။အတူတူရှိနေတုန်းက အချစ်တွေထပ် ဝေးသွားမှအချစ်တွေက တိုးတိုးနေတာ ဘယ်လို လုပ်ရမလဲ ကလေးငယ်ရယ်။

______
နဝကြယ်ရဲ့ အတိတ်တွေဟာအခုထိလတ်ဆ်နေဆဲ။ချစ်ရတဲ့အမျိုးသမီးလေးဟာ အခုဆိုရင်ပိုပြီးတောင်တည်ငြိမ် ရင့်ကျက်ပြီး‌အလှတွေပိုတိုး‌လာကြောင်း တစ်နေ့တစ်နေ့ အန်တီသ‌ီတာဖုန်းဆက်ပြောလို့သိရလေသည်။

အန်တီ့ရဲ့ကြ‌‌ီးတော်ကြီးဆုံးသွားသည့်အကြောင်း အခုဆိုပွဲရုံအလုပ်လည်းနားလိုက်သည့်အကြောင်း တွေကို စုံနေအောင်ပင်ဖောက်သည်ချတတ်လေသည်။

တစ်နေ့ကလည်း သူနဲ့အတူအလှူတစ်ခုသို့သွားပြီးအလှူကနေအပြန် ဘုရားကြီးသို့ဝင်ခဲ့ကာ အတူတူဓါတ်ပုံရိုက်လာလေသည်။ထိုပုံအားကြယ့်ကိုပြ၍

"ကြည့်ပါဦးကြယ် လွန်းလှ‌မနေဘူးလား အရင်လို လှနေတုန်းပဲနော်သိလားငါ့တူမ"

ဆိုပြီးပုံကိုပြလေသည်။

မလှုပ်သောတူမဖြစ်သူအား သေချာကြည့်လိုက်ပြီး ဝမ်းနည်းရိပ်သန်းသွားသော ကြယ့်မျက်နှာအားကြည့်၍

"ကြယ် လွန်းနဲ့တွေ့မလား ဒေါ်လေးစီစဉ်လိုက်မယ်လေ"
"တော်ပါပြီ ဒေါ်လေးရယ် သူလည်းအခုဆိုသူ့အိမ်ထောင်နဲ့သူ"
"ဟဲ့ဘာသူအိမ်ထောင်လည်း ဘာမှ ယောင်္ကျားမရသေဘူးနင့်လွန်းက"
"ဟင် အာ့လိုဆို လွန်ခဲ့တဲ့ငါးနှစ်က ဖိတ်စာက"
"‌အဲ့ဒါနင့်ရဲ့ လမ်းကြောင်းတွေ ပိတ်ကုန်မှာစိုးလို့သူကရင်ကွဲခံခဲ့တာ"
"ဟုတ်လို့လား"
"ဟဲ့ငါလိမ်စရာလား"
"သူကရောအခုကြယ့်ကို မေ့နေလောက်ပါပြီ"
"ကြယ်သူလေ ဒီနှစ်ပိုင်းကျန်းမာရေးချူခြာတယ်သိလား နှလုံးရောဂါတောင်ရှိနေပြီပြောတယ် လွန်းကတော့ မပြောပါဘူး မဉီး ကတိုးတိုးတိတ်တိတ်ပြော လို့ ငါလည်းသိရတာ"
"ဟုတ်လားဒေါ်လေး "
"ကြယ်ဒီမှာရောက်နေတာလို့သိရရင် သူတွေ့ချင်နေရှာမှာပါကြယ်ရယ် ။ဒေါ်လေးခေါ်လိုက်မယ်လေနော်"
"မေမေသိရင် ကြယ့်မေမေ သိရင်"
"မသိအောင်ဆုံပေးပါ့မယ်ကြယ်ရယ်နော်"

တူမဖြစ်သူနဲ့သူငယ်ချင်းဖြစ်သူကြားစေ့စပ်ကြောင်းလမ်းလိုက်သော သီတာ့အဖြစ်က ရယ်ချင်စရာပါ။ဒါပေမယ့်လည်းလေ ချစ်တဲ့သူတွေပေါင်းရမယ့် အရေးသီတာလိမ်ရကျိုးနပ်မှာပါ။ အပြစ်တော့မဖြစ်လောက်ပါဘူးလေ။

___
"လွန်းရေတို့တွေ အပြင်မသွားရတာကြာပြီ ။အပြင်သွားရအောင်"ဟု မနေ့က အဖော်စပ်လိုက်ပြီး ဒီနေ့တောင် မရ ရအောင် အပါခေါ်လာလိုက်လေသည်။

ကြယ့်အား ကျုံးဘေးသို့ လိုက်ခဲ့ရန်ချိန်းထားခဲ့လိုက်ပြီး လွန်းနဲ့အတူအရင်သွားနှင့်လေသည်။

"လွန်းနင် အခုချိန်ကြယ့်ကိုတွေ့ရင်ဘယ်လိုနေမလဲ"
"ကြယ့်ကိုတွေ့ရင် ဟုတ်လား မဖြစ်နိုင်တာသီတာရယ် ကြယ်က နင်ပဲပြောတော့ အလုပ်ဝင်နေတာဆို သူဘဝလေးအေးချမ်းနေပြီလေဟာ ပြီးတော့ငါက အသက်ကြီးနေပြီ။ပြီးတော့ .ပြီးတော့...."
"ပြီးတော့ ဘာဖြစ်လဲ အန်တီ ...."

နောက်နားဆီက လွမ်းနေရသူရဲ့ အသံလေးကြောင့် လွန်းလှည့်ကြည့်မိလိုက်လေသည်။လွန်းဘဝမှာ ဘယ်တော့မှ မမမေ့နိုင်တဲ့ အသံပိုင်ရှင်လေး။

"ပြီးတော့ အန်တီမှာ နှလုံးရောဂါလည်းခံစားနေရပြီ ကြယ်လေးရဲ့"

တင်းထားသမျှတွေကို လွမ်းနေရသူလေးရဲ့ ရင်ခွင်အတွင်းသို့ပါးအပ်ကာ ရှိုက်ကြီးတငင်ငိုလိုက်ရင်း..........….။

@thaw94

ချစ်မိသည်မှတစ်ပါးWhere stories live. Discover now