အပိုင်း(၁၈)

1.1K 114 4
                                    

အပိုင်း(၁၈)

သီတင်းကျွတ် ကျောင်း ပိတ်ရက်ကရောက် နေလေပြီ။ ဒီကြား ထဲ ကလေး ငယ် နဲ့ မတွေ့ ရ သေး ပါ။ ကလေးငယ် ရဲ့ စာ မေး ပွဲ နောက် ဆုံး နေ့ မှာသွား တွေ့ ဖို့ ကြိုးစား ခဲ့ ပေ မယ့် လည်း ဖိုးဉာဏ် ရဲ့ မင်္ဂလာကိစ္စ၊ လွန်း ရဲ့ အရောင်း အဝယ် ကိစ္စ တွေ ဒီကြား ထဲ မှာ ကိုကို့ လုပ်ငန်း ရဲ့ငွေကြေး အရှုပ် တော် ပုံ များ ကို လိုက် ပြီး ရှင်းပေး နေ ရသော ကြောင့် ကလေး နဲ့ တေ‌ွ့ ဖို့ ရာ အား မနေ ခဲ့ ပါ။နောက် ပြီး တော့ ကြီးကြီး က လည်း လူစုံ တုန်း ပြောစရာ ရှိ သည် ဟု ဆို ကာ သော်ကောင်း နဲ့ စေ့စပ် ပေး ချင် သည့်အကြောင်း များ အား ကိုကို နှင့် ဖိုးဉာဏ် တို့ ကို ပါ ပြော ဆို ခဲ့ သေး သည်။ ဖိုးဉာဏ် က တော့ လွန်း သဘော တဲ့ ကိုကို ကတော့ ကြီးကြီး ကောင်း သ လို သာ စီစဉ် တဲ့ လေ။ဒီအကြောင်း တွေ မသိတဲ့ ကလေး က တော့ လွန်း အား စိတ်ကောက် နေ ပြီ လား မသိ။ အိမ် ဖုန်း ကို ဆက် ရအောင် က လည်းကလေး အား ခေါ်ခိုင်း ရလောက် အောင် ထိ ရင်းနှီး ခဲ့ သည့် ဆက်ဆံ ရေး မဟုတ် သော ကြောင့် သီတာ သံသယ ဝင် မှာ လည်းဆိုး ရသေးသည်။

ဒီနေ့ အဒေါ် ကြီး နှင့် မတွေ့ရတာ ခုနှစ် ရက် လောက် ရှိနေပြီ။ ကျောင်း မပိတ် ခင် လည်း တွေ့ ချင် ပါ သော် လည်း စာမေးပွဲ ပထမရက် က လွဲ လို့ ကျောင်း ကို မ လာ ခဲ့ ပါ လေ။ မအား လို့ ပဲ နေမှာ ပါ ဟု တွေး သော် လည်း စိတ်ကတော့ ကောက် ချင်ချင် ရယ် ပါ။ မနက်ဖြန် အိမ်တစ်ရက် ပြန် ရ မှာ ဆို တော့ ဒီနေ့ လေး တော့ တွေ့ ချင် ပါ သေး သည်။သီတင်းကျွတ် အခါသမယ ဆို သော ကြောင့် ဖေဖေ နဲ့ မေမေ အား ကန်တော့ ရင်း မုန့်ဖိုး တောင်း ချင် သော ကြောင့် အိမ် တော့ ခဏ ပြန် ဦး မည်။ ဒီက ဖွားဖွား နဲ့ ဒေါ် လေး ကို တော့ ကြယ့် ရဲ့ မုန့် ဖိုး များစု၍ မိသားစု မုန့်ပုံး တစ်ပုံး ဝယ် ကာ ကန်တော့ လိုက် လေ သည်။
အန်တီ ကို တွေ့ရ ဖို့ အတွက် မိသားစုမုန့်ပုံး တစ်ပုံး လောက် ရင်း ကာ အန်တီ ကြီးကြီး ဖွားဖွား ကြီး အား သွား ၍ ကန်တော့ ရန် ကြံစည် မိ လေသည်။ တစ်ချက်ခုတ် နှစ် ချက်ပြတ် ပေါ့ လေ။စက်ဘီး အား ထုတ် ပြီး မုန့် ပုံး သွား ဝယ် ရန် ပြင် လိုက်စဉ် ဒေါ်လေး မှ

ချစ်မိသည်မှတစ်ပါးWhere stories live. Discover now