အပိုင်း(၁၁)

1.4K 138 10
                                    

အပိုင်း(၁၁)

အနေတွေန‌ီးနေပေမယ့် လည်း အစ်မလွန်း နဲ့ သော်ကောင်း ဆို တဲ့ ကျွန်တော် လို ကောင် က အမြဲ ဝေး နေ သ လိုပဲ။ အနား မှာ အရိပ်တကြည့်ကြည့် ရှိနေပေမယ့် လည်း အစ်မ က ကျွန်တော့် ကို စိတ် ဝင်စား ဟန် မပြ။ ဒီတစ်ခါ မသီတာ အိမ် က ပြန် လာ ပြီး က တည်း က အကဲ ခတ်စောင့် ကြည့် နေတာ အစ် မ ဟာ အမြဲ တမ်း သက် ပြင်း တချချ နဲ့ တွေ ဝေငေး မော နေတာ သတိ ထား မိ နေတယ်။ အခုလည်း
"အစ်မ အစ်မ လွန်း "

နာမည် ခေါ်နေတာ ကြာ နေပေမယ့် လည်း အတွေး ထဲ ဈာန် ဝင် နေသော အစ် မဟာ ကြား ဟန်မတူ။ထို့ ကြောင့် အနား သို့ ကပ် ခါ လက်မောင်း အား လှုပ်ရမ်း လိုက် ချိန်မှ
"အစ်မ ရေခေါ်နေတာ ကြာ ပြီ "
"ဪ အင်း ပြော လေ "
"ဟုတ် ငွေခံ သွား တော့ မ လို့ အစ်မ ဘာများ မှာဦး မလဲ လို့ လေ "
"ဪ အေး မမှာ တော့ ဘူး တောင်ပေါ်ကို ငွေ လွှဲပေး ရဉီး မယ် နော် "
"အခု ဘယ်နှစ်နာရီ ရှိနေ ပြီ လဲ ရတီ တို့ ကို ကျောင်း ကြိုရဦး မှာ နော် "
"အစ်မ သုံးနာရီ ထိုး တော့ မယ် "
"ဪ ဟုတ် လား အာ့ လို ဆို ငွေ ခံ ပဲ သွား လိုက်တော့ ပွဲရုံ ကို မဦး နဲ့ ကြီး ကြီး အစောင့် ထား ခဲ့ လိုက် မယ် မင်း က သွား စရာ ရှိတာ သွား လိုက်လေ ကျောင်း ကြိုတာက အစ်မပဲသွား လိုက် တော့ မယ်"
"ဟုတ် အစ် မ သွား ပြီ နော် "
"အေးအေး "
သော်ကောင်း လည်း ငွေခံထွက်သွားတော့
ရတီ နှင့်ဝတီ တို့ ကို ကြိုရန် အတွက် လွန်းလည်း ကျောင်းသို့ ထွက် လာ ခဲ့ လေတော့ သည်။လွန်းကျောင်း နား အရောက် ကျောင်းဆင်း ခေါင်းလောင်းသံ ကြား သော ကြောင့် ကွက်တိကြသွား လေသည်။ လွန်းလည်း စောင့်နေရင်း ကျောင်း သား များ အား လုံး ကုန် သွား သည့် အချိန် မှ လွန်း ရဲ့ တူမ နှစ်ယောက် သည် တရွေ့ရွေ့ နဲ့ ထွက် လာ ကြလေသည်။ အနား ရောက် ခါနီး မှ  ဘွား ခနဲ ပေါ် လာ သော စက်ဘီး လေး န‌ဲ့ ကောင်မလေး နှစ်ယောက် ကိုအတူ တွေ့လိုက် ရလေသည်။သူတို့က ကြယ် နဲ့ မြူမှုန်နဲ့ ပေါ့။ လွန်း ကို တွေ့ တော့ လွန်း တူမနှစ်ယောက် က ဝမ်းသာ သွား သလောက် လွန်း ရဲ့ ကလေး မ က တော့ ခုန က ရယ် ပြုံး နေသော မျက် နှာ လေး က တည် သွား လိုက် တာ ချက်ခြင်း ပင်။ချေ လိုက် တဲ့ ကလေးမနှယ်။ထိုစဉ် ဝတီ မှ
"ဟာ တီလေး လာ ကြို တာ အတော် ပဲ မမကြယ် တို့ ကို မုန့် ကျွေး ခိုင်း ရ မယ် "
ထိုအခါ
မြူမှုန် ဆို သော ကလေး မ ကတော့ လွန်းအား ပြုံးပြ နှုတ်ဆက် လေ သည်။

ချစ်မိသည်မှတစ်ပါးWhere stories live. Discover now