အပိုင်း(၂၇)

1.1K 110 8
                                    

အပိုင်း(၂၇)

ကလေး လေး စာ မေး ပွဲ ပြီး သွား ခဲ့ ပြီ ဆို တော့ လွန်း မှာ ကလေး နဲ့ နီးစပ် ဖို့ အရေး စဉ်းစား ရ လေ ပြီ။ အောင်စာရင်း မထွက် ခင် အချိန် လေး အတွင်း မှာ အမြဲ တမ်း လွန်း အနား လေး မှာ ရှိစေ ဖို့ လွန်း ရဲ့ ချစ် လှ စွာ သော သူငယ်ချင်း ကြီး သီတာ့ အား အပူကပ် ရ လေ သည်။ အပူကပ် ရ တဲ့ အကြောင်း က အခြား မဟုတ် ကလေး အား computer သင်တန်း တက် ခိုင်း ရန် န‌ှင့် အလုပ် လေး တစ် ခု လောက် လုပ် စေ ရန် ပြော ဆို အကြံ ပေး မိ လေ သည်။ ထို အခါ သဘော ပေါက် လွယ် သော သီတာ မှ လွန်း အား ဤကဲ့ သို့ ပြော ဆို သွား လေသည်။

"အမလေး ဒေါ် လွန်း ရယ် ကျုပ် က ဆိုင် ပဲ ဆိုင် တာ မပိုင် ဘူး လေ ကြယ့် ဖေဖေ တို့ က သူ့ သမ‌ီး ကို အလုပ် ခိုင်း ဦး မှ လေ နင့် အကြံ ငါ သိ ပါ တယ် နော်  "
ဆိုပြီး လွန်းအား မျက်စောင်း ခဲ သွား လေ သည်။

ကြယ်လည်း စာမေးပွဲ ဖြေ ပြီးသွားချိန်တွင်  အိမ်တွင် နေရတာ ပျင်း လှနေ လေ ပြီ။ ကြယ်တို့ အိမ် မှာ ကလေး ပိစိ ရှိနေတော့ ကြယ့် ကို အခု ဆို တော်တန်ရုံ ကိစ္စ များ အား ဆူပူခြင်း တော့ မရှိတော့ ပေ။ တစ်ခါတစ်ရံ ဒေါ်လေး ဆိုင် သို့ လိုက် ပေ မယ့် မ လိုက် ဖြစ်သည့် ရက် က ခပ် များများ ပင်။ အခု လည်း ကြယ် သည် စာ အုပ် လေး ဖတ်နေ ရင်း အိပ်ရာ ထဲ လှဲနေ ခိုက် အကြံ တစ် ခု ဝင် လာ ပေ သည်။ ထို အကြံ အား အကောင် အထည် ဖော် ရန် အောက် ထပ် သို့ ဆင်း လာ ခဲ့ လေ သည်။ အောက် ထပ် တွင် တော့ ထုံးစံ အတိုင်း ကလေး ပိစိ ရဲ့ အသံ တစ် ချို့ နှင့် ဖေဖေရဲ့ ကလေး ချော့ မြှူ နေသံ တို့ အား ကြား လိုက် ရ လေ သည်။ ဖေဖေ သည် ကြယ် လှေကား မှ ဆင်း လာ သည် ကို မြင် သော အခါ

"ဟော သား ရေ မင်း မမ ကြီး အပျင်း အိုး လေး အောက် ဆင်း လာ ပါ ပြီ ကွာ"

ကြယ် သည် ဖေဖေ အား မျက်စောင်း ထိုး လိုက် ပြီး

"မပျင်း ပါ ဘူး နော် တစ်နေ့ တစ်နေ့ သမီး မှာ ပျင်း ချိန် ကို မရ ဘူး နော် စာအုပ် ဖတ်နေ ရ လို့ "
"ဟုတ် ပါ ပြီ ထား ပါ တော့ ထား ပါ တော့ "

ဖေဖေ့ အား ပြောရင်း ကြယ့် ရဲ့ အကောင် ပေါက် လေး အား မွေး ကြူ လိုက် လေ သည်။
ထိုအချိန် တွင် ဈေး မှ ပြန် လာ သော ဒေါ် လေး ရဲ့ ကား သံ ကို ကြား သော ကြောင့် လူစုံ မှ ပြော မည် ဟု ဆိုကာ ခဏ စောင့် နေလေ သည်။ထို အချိန် တွင် ကလေး ပိစိ မှ ရုတ်တရက် ထ ပြီး ငို သော ကြောင့် ဖေဖေက မေမေ့ အား

ချစ်မိသည်မှတစ်ပါးWhere stories live. Discover now