အပိုင်း(၁၅)
ကြီးကြီး အား တန်ပြန်တိုက်စစ် ဖွင့် လို့မရတော့ ပေ။ လွန်း ဒီလိုတွေ ငြင်းလိုက် တိုင်း ရှေ့ဆက် ပြီ း တိုး လာ နိုင်သော ကြောင့်ကြီးကြီး အား ခံစစ် နဲ့ သာ ကိုင် တွယ် ဖို့ ပြင် ရ လေ သည်။ ထို့ ကြောင့် ကြီးကြီး အား အချိန် နှစ်နှစ် လောက် ပေး ဖို့ တောင်း ဆို ဖို့ ပြင် လိုက်စဉ် အရှေ့တွင် ရှိ နေသော မဦး မှ
"ကြီးကြီး ရေ ကို လေး ရောက် နေပြီ "မဦး သည် အထုတ်အပိုး များ နှင့် ကြီး ကြီး အခန်း သို့ ရောက် ချ လာ ခဲ့ လေ သည်။ထို့နောက် နောက် တွင် ကပ် ပါ လာ သော သူ က တော့ လွန်း ရဲ့ မောင် အငယ် ဖိုးဉာဏ် ပင် ။
ကျေးဇူးကြီး လိုက် တာ မောင်လေး ရယ် ဟု စိတ် က တွေးလိုက် လေ တော့သည်။"ကြီးကြီး နေကောင်း တယ် နော် "
"အေးသား ကောင်း ပါ တယ် ကွယ် "
"ထိုင်ဦး လေ သား "ဖိုးဉာဏ် လည်း ခရီး ရောက် မဆိုက် လွန်း ရဲ့ မျက်နှာ ကို ကြည့် လိုက် မိဟန် တူ ပါ ရဲ့ ထိုင်တောင် မထိုင် နိုင် သေး ပဲ
"မလွန်း နင် က ဘာ ဖြစ် နေတာ လဲ ဟ မျက်နှာ လည်း မကောင်း ဘူး "
"ဘာမှမဖြစ်"
စကား တောင် မဆုံး လိုက် ခင် ကြီးကြီး မှ"မင်း အစ်မ ကလေ သော်ကောင်း နဲ့ စေ့စပ် မယ့် ကိစ္စ ကို ငြင်း နေ လို့ "
ထိုစကား ကြား သော အခါ လွန်း ဘေး နား ကပ် ထိုင် ပြီး
"ဟုတ် လား မလွန်း နင် က သဘော မကျ ဘူး လား ကြီးကြီး က လည်း ဇွတ်မစီစဉ် ပါ နဲ့ ကြီး ကြီး ရာ သား ကိစ္စ လည်း ရှိ နေသေး တာ ကို သား က လည်း ဒီနှစ် ထဲ ယူမှ အဆင် ပြေ မှာ နော် သား ကတော့ နောက် မဆုတ် နိုင် ဘူး "
ဟု ဖိုးဉာဏ် ပြော လိုက် သော အခါ တွင်မှ ကြီး ကြီး က စိတ်လျှော့ လိုက် ဟန်တူ ပါ သည်။
မလွန်း ရဲ့ မျက်နှာ ကို ကြည့် ရုံ နဲ့ သိ နိုင် သော ကြောင့် အခက် အခဲ တစ် ခု ကို ဖြေရှင်း ပေး လိုက် ရသဖြင့် စိတ် ထဲ တွင် ကြိတ်ပြီ း ဝမ်းသာ ရသေး သည်။ချစ်သူ တွေ ဘာ တွေ ရှိနေ လို့ လား တော့ မသိ။ နောက် မှ တိုးတိုး တိတ်တိတ် ကပ် မေးရ ပေ ဦး မည်။ အိမ် ကို ပြန် လာ တော့ လည်း အိမ် ရဲ့ နွေးထွေး မှု့ ကို ခံစား ရသဖြင့် ပင်ပန်း မှု့ တွေ ပြေ ပျောက် ရလေ သည်။ အနွေးထွေး ဆုံး သော မိဘ တွေ ရဲ့ အိမ် ဪ အခု တော့ မလွန်း ရဲ့ အိမ်ပေါ့။