အပိုင်း(၂၂)

1.1K 109 10
                                    

အပိုင်း(၂၂)

"အန်တီ လည်း ကလေး ကို လွမ်း နေ ပါတယ် ကွယ် "

အန်တီ့ရဲ့ တုန့်ပြန်စကား ကို ကြား ရ ပြီး နောက် ကြယ် လည်း စိတ်မထိန်း နိုင်စွာ ဖြင့်

"လွမ်းနေတာ အဒေါ်ကြီး သိ ရဲ့ လား ကြယ့် ကို ကြယ့် ကို သုံးလ တောင် အဆက်အသွယ် ဖြတ် ထား ခဲ့ တာ  လေ သိရဲ့ လား "

ဝမ်းနည်း သံ လေး စွက် နေသော အသံ ကြောင့်
လွန်း မှာ ကြယ် နှင့် အတူ ဝမ်းနည်း မိ လေ သည်။

"ကလေး ရယ် အန်တီ ပြစ် ထား တာ မဟုတ် ရ ပါ ဘူး ကြယ် ရယ် အန်တီ မှာ လည်း မအား လို့ ပါ တကယ့် ကို မအား နေ ခဲ့ လို့ ပါ ကလေး ရယ်။  အန်တီ လည်း ကလေး ကို လွမ်း နေ ပါတယ် ကလေးရယ်။"

‌ဝမ်းနည်းသံ စွက် သွား သော ကြောင့် ဘေးဘီ ဝဲယာ ကို ကြည့် လိုက် ပြီး ကျ တော့ မည့် ဆဲဆဲ မျက်ရည် အချို့ ကို သုတ် လိုက် သော ကြယ် ပါ လေ။ လမ်းမှာ ဆို တော့ ငို လို့ က ‌လည်း မဖြစ် သေး ဘူး မလား။

ကလေး အသံ ကြား လိုက် ကတည်းက ဖုန်း ကို ကိုင် ပြီး အပေါ် တက် လာ လိုက် ခဲ့ လေ သည်။အခန်း ထဲ ရောက် မှ လွတ်လွတ်လပ်လပ် ပြော လို့ ရမှာ မဟုတ် လား။လွန်း ရဲ့ ကလေး လေး ရန်လုပ် နေသော ကြောင့် မျက်ရည် များ ကြားမှ ပြုံး လိုက် မိ ပါ သေး သည်။ဒီကလေး မလေး က‌တွေ့ စက အတိုင်းစွာတာတာ လေး ပါ လား ကွယ်။ စ လိုက် ဦး မယ် ဟု အတွေး ရောင် လျှက်
"ကလေး ရေ နှပ်တွေ လည်း ထွက် နေ ပြီ မ လား အန်တီ သိ တယ်နော် အဲ့ လို ညစ်ပတ် အိုးလေး ဖြစ် နေလည်း အန်တီ က ချစ် မှာ ပဲ နော် သိ လား ကလေး မ"
"ဟာ အဒေါ်ကြီး လာ ပြောင် မနေ နဲ့ စိတ်ကောက် တာ မပြေ သေး ဘူး "
"ဪ ဟုတ် လားစိတ်ကောက်ပြေအောင်ဘယ် လို လုပ် ပေး ရ မလဲ ကလေးငယ် ပြော ပြ ပါ ဦး "
"အင်း ခဏ စဉ်းစား ဦး မယ် "
"အင်း စဉ်းစား ပြီး ပြော "

ခဏလောက် အသံ ပျောက် သွား ပြီး သောအခါတွင်မှ
"မြို‌့တော်ဉယျာဉ် လိုက် ပို့ ပေး "
"မြို့တော်ဉယျာဉ် ဟုတ် လား ကလေး"

ကလေး ရဲ့ စကား ကို သံယောင် လိုက် ရင်း ခပ်တွေတွေ လည်းစဉ်းစား မိ ပြီး လွန်း အသံ ခဏ တိတ် သွား ချိန် မှာ တော့
"ဘာ လဲ လိုက် မ ပို့ ချင် ဘူး လား"
"မဟုတ် ဘူး လေ ကလေး ရဲ့ ကျောင်း တွေ ကျူရှင် တွေ ရှိနေတာ ဘယ် လို လုပ် မလဲ"
"ကျောင်း က သွား ရ မယ် ကျူရှင် က မသွား လည်း ရတယ် အဲ့ည နေ က ကျူရှင် တွေ စု ပေါင်း ပြီး ကထိန် က အခု မှ ခင်း ကြ မှာ မ လို့ မသွား လည်း ရ တယ် "
"ကလေး အိမ် ကို ရော ဘယ် လို ပြော ပြီး ထွက် မှာ လဲ"
"အန်တီ စ‌ဉ်းစား ပေး ပေါ့ "
"အင်း ပါ ဟုတ်ပါ ပြီ သီတာ့ ကို လှမ်း ပြီး ခွင့် တောင်း လိုက် မယ် "
"ဟမ် ဖြစ် ပါ့ မ လား ဒေါ်လေး က တစ်မျိုး ထင် နေမှာ ပေါ့ "
"ထင်ထင် ပေါ့ ကိုယ့်ချစ်သူ နဲ့ သွား တာ လေ "
"ဟမ် သိနေတာ လား "
"အင်း "
"ဘာ ပြော လဲ "
"ကဲပါ ကလေး ရယ် မနက်ဖြန်တွေ့ မှ မေး တော့ အခု ဆို ကလေး လေး ဖုန်းခ တွေ အများ ကြီး ကျနေတော့ မှာ ‌ဒါပဲနော် ချစ်တယ် "

ချစ်မိသည်မှတစ်ပါးDär berättelser lever. Upptäck nu