အပိုင်း(၉)

1.4K 147 14
                                    

အပိုင်း (၉)

သီတာ့ အိမ်ရောက် တော့ ကူညီညာ လုပ် ကိုင်ပေးရင်း မေးချင် နေသော နောက် ကျော လေး အကြောင်း ကတော့ သတိ ရ တစ်ချက် မရ တစ် ချက် နဲ့ ရယ် ပါ။လွန်းရောက် ပြီး သိပ် မကြာ ခင် မှာပဲ သူဇာ လည်း ရောက် လာ ‌ခဲ့လေသည်။ သီတာ လည်း လွန်း အား အဖော် ရှိ သွား သည် နှင့်တစ်ပြိုင် နက် ဘယ်ထသွား လိုက် တယ် ရယ်မသိ။ ပေါ်ကို မလာ တော့ချေ။ခုနက ဖုန်း တော့ လာသံ ကြား လိုက် လေ သည်။ ဖုန်း ပြော ပြီး က တည်း က မတွေ့ ရတော့ချေ။ အိမ်ရှေ့ မှ ကားရပ် သံ ကြား လိုက် သော ကြောင့် ဘုန်းကြီး များ ကြွ လာ သည် ဟု ထင် မိသော် လည်း မဟုတ်ပါ။ သီတာ့ရဲ့ကိုကြီး ကိုထွန်းခင် နှင့် သူ့ဇနီး တို့ ပင်။

အိမ်ထဲ ရောက်လာ‌ေသာအခါတွင်တော့ သီတာ့ ကိုကြီး က လွန်းနှင့် သူဇာ ကို မြင်သည်နှင့်
"ဟော စွာစိလန် တို့ က လည်း အပျို ကြီး တွေ ပဲ လား "ဟု ရယ်ကာ မောကာ နှင့် နှုတ်ဆက် သော အခါ တွင် တော့ ကတ်ကတ်လန် သော သူဇာ က
"ဟုတ်ပ ကို ကြီး ထွန်း ရေ ကို ကြီး က လည်း သား မမွေး မိသီတာ ကလည်း အိမ် ထောင် မပြု ဆို တော့ ညီ မ တို့ တော့ အိမ် ကျန် အိုး ကျန် တွေ ကို ဖြစ် လို့ "ဆို ပြီး အငေါ့ တူး နေ လိုက် လေ သည်။

ထိုအခါ ကို ထွန်း ခင် က တဟားဟား နှင့် ရယ် မော လိုက်သော အခါ သူ့ဇနီး မခင်နှစ် က အနားတိုး ပြီး ဆွဲ လိမ် လိုက် ခါ မှ အရယ် ရပ် တော့ လေ သည်။ထိုအခါ သီတာ့ ကို ကြီး က
"ငါ့ညီမ တွေ အေးဆေး မှ ပြန်ကြ ဟေ့ ညဉ်း တို့ နဲ့ စရ နောက်ရ ဦးမယ်။ အခု တော့ တို့မေကို ချွဲ လိုက် ဦး မယ် ဟ "ဟု ဆို ကာ ပြော သောကြောင့်သူ့ မိန်းမ က
"အဲ့တာ သာ ကြည့် တော့ အေ အိမ်မှာ ဆို ကျုပ် နဲ့ ဆို ရေ ခဲ တုံး က သူ့ ရပ် ရွာ ရောက် လာ ရင် အမြဲ အာ့ လိုပဲ"
ဟု ပြော ကာ သူ့အမျိုးသား နောက် က ပါ သွား တော့ လေ သည်။

ထိုအချိန် တွင် သီတာ လည်း အိမ် ထဲ သို့ ဝင် လာ ခါ
"မေမေရေ"
"ဟော ကို ကြီး ရောက် နေ ပြီ အတော် ပဲ ကျောင်း ကို ဆရာ တော် သွား ပင့် ပေး ဉီး "
"ဟဲ့ သီတာ အခု မှ အစ် ကို က ရောက် ခါ စက ညဉ်း ကတော့ ခိုင်း ပြီ"
"မဟုတ်ဘူး မေမေ ရေ ခုနက ဖုန်း လာ တာ ဆရာ တော့် ကျောင်း က အစ က ဆရာ တော် တွေ က ကျောင်း က ကား နဲ့ ကြွ မ လို့ ပဲ တဲ့ အခု မှကား က ဘာဖြစ်တယ် ရယ်မသိ အရင် လို လုပ်တတ် ကိုင် တတ် တဲ့ ကျောင်း သား က မရှိလို့တဲ့ "
"အဲ့ဒါ သာ ကြည့် တော့ တင်တင် ရေ အိမ်ထောင် ပြု ပါ ဆို မပြု ကြ တော့ အရေး ရေး ဆို အား ကို စရာ ယောင်္ကျားသား ကမရှိ"
"ဟုတ်ပအေ အိမ် က လွန်း လည်း တိုက် တွန်း နေ ရ တာ ဒင်း တို့ က အဖြစ် ကမရှိ စပ်ဟတ် ပေး ရင် လည်း အရိုး များ သလေး ချီးခါး သလေး နဲ့"

ချစ်မိသည်မှတစ်ပါးWhere stories live. Discover now