အပိုင်း(၂)

2.6K 157 1
                                    

အပိုင်း(၂)

အိမ်ရှေ့ လမ်း ကို ရော်ရန်း မှန်းဆ နေသော အချိန် မှာ ကြယ့်ဖေဖေ ကတော့ nissan AD Van ကား လေး ကို ငှား လာ ခဲ့ ပြီ အိမ် ရှေ့ မှာ ရပ် လာ တဲ့ အချိန် မှာ တော့
" ဟော သမီး ကြယ်  အဲ့ လောက် တောင် စိတ်စော နေ လား မြို့ ကျောင်း သွားဖို့"

"မဟုတ်ပါ ဘူး ဖေဖေ ရာ မြို့ ကျောင်း မသွား ခင် ဇာတိ မြေ ရဲ့ အငွေ့ အသက် လေး တွေ ခံစား နေ တာ ပါ "

" ဖေဖေ က လည်း မေမေ့ ကို ကူ မပြော ပေးဘူး "
ကြယ် က စူ ပုတ်ပုတ် နဲ့ စကား ပြော မိ တော့ ဖေဖေ က ကြယ့် ကို ပြုံး စစ နဲ့ ကြည့် ပြီး လေးနက် တဲ့ စကား တွေ နဲ့ ကြယ့် ကို ဩဝါဒ ခြွေ ရင်း သိမ်းသွင်း နေလေ သည်။
"အဲ့ လို လည်း မဟုတ် ဘူး လေ သမီးရယ်"

" မိဘ ဆို တာ က တော့ ကိုယ့် သား သမီး ကို ကိုယ့် မျက် စိ အောက် မှာ ပဲ နေစေ ချင် တာ ပေါ့ ဒါ ပေမယ့် လည်း သမီး ရယ် တစ် ချိန် မှာ အဖေ တို့ တွေ မျက်စိမှိတ် သွား တဲ့ အချိန် မျက်စိသူငယ် နား သူငယ် နဲ့ ကျန် ခဲ့ ရမှာ ထက် စာ ရင် သမီး မှာ သမီး ပညာ ရပ် နဲ့ လူ လူသူသူ လေး နေနိုင် ရင် ဖေ တို့ စိတ်ချရတာပေါ"့

ဖေဖေ ဟာ ကြယ် ငယ် စဉ် ကတည်း က ရိုက် နှက် ဆုံးမ ခဲ့ တာ မ ဟုတ် ခဲ့ သော သူ ပါ အမြဲ စကား ကို လေ ပြေ လေး နဲ့ သာ ဆုံး မတတ် သူ ပါ။ ဖေရဲ့ လေ သံ အေး အေး လေး နဲ့ ဆုံး မ မှု့ နဲ့ ဆို ကြယ် ရဲ့ ဂျစ်တစ်တစ် ဆန် တဲ့ အမှု အကျင့် တွေ ပျောက် ခဲ့ ရ တာ ပါ။

" ဖေ "
" ပြော သမီး ကြယ် "
" ဖေ နဲ့ မေ ဘယ် လို ဖူး စာ ဆုံ လဲ "

ကြယ့်ရဲ့ ကောက် ခါငင် ခါမေးခွန်းရဲ့အဆုံးမှာ အဖေ ရဲ့ ပြုံး ယောင် သန်း နေတဲ့ မျက်နှာ ဟာ ရယ် မြူး ရိပ် သန်းသွား ပြီး
ဖေ ပြော တဲ့ စကား တစ် ခွန်း နဲ့ ကြယ် တို့ သား ဖ မပြုံး ပဲ ဝါး လုံး ကွဲ ရယ် လိုက် မိတော့ သည်။

ဖေ ပြော လိုက် တဲ့ စကား က
" သမီး အမေ မစွာကျယ် က ချစ်ဖို့ ကောင်း တာ ကိုး ကွ " တဲ့ လေ။

သား ဖ နှစ် ယောက် ရဲ့ ရယ် သံ ကြောင့် မေ က တော့ အိမ် ထဲ ကနေ ထွက် လာ ပြီး

"ဟော ကိုလူ အေး ကြီး သူ့ သမီး နဲ့ ဆို ပြုံး လို့ ရွှင် လို့ ကျုပ် နဲ့ ဆို ရင် ဖြင့် တုံ ဏှိ ဘာ ဝေ နဲ့ မေး တစ် ခွန်း ဖြေ တစ် ခွန်းနဲ့ ကဲ ကို ကဲ တဲ့ သား ဖတွေ "

ကြယ် တို့ သား ဖနှစ်ယောက် လည်း ဇက် ကလေး တွေ ပု လို့ ကုတ်ကုတ် နဲ့ အိမ် ထဲ ဝင် ခဲ့ ကြ လေသည်။ကြယ် တို့ သား ဖလည်း ဟုတ် တော့ လည်း ဟုတ် သား ဘေး က ငှား လာ တဲ့ ကား ဆရာ ကို မေ့ လို့ စကား ကောင်း နေ ကြ တာ ဆို တော့ ဖြင့် ကား ဆရာ ဦး လေး သဘော ကောင်း လို့ တော် သေး သည်။

ကြယ် လည်း အိမ်အောက် ထပ် ချ ထား တဲ့ အဝတ် ထုတ် ကို ကား ပေါ် မတင် ခင် အိမ်ရှေ့ မှာ ရှိ တဲ့ ကွတ်ပျစ် ပေါ် ဖေ နဲ့ မေ ကို ထိုင် စေ ပြီး ကန်တော့ လိုက် ချိန်မှာ တော့ ရှိုက်သံ တစ် ချက် ထွက် သွား လို့ မော့ ကြည့် မိ တဲ့ အချိန် မှာ ဖြင့် မေ ရဲ့ မျက်ရည် တွေ က ပိုးပိုး ပေါက် ပေါက် စီး ကျ နေလေ သည်။

ဖေဖေ ကတော့ သွား လမ်းသာ ဖို့ လာ လမ်း ဖြောင့် ဖို့ ဆု တွေ တသီ ကြီး ပေး နေပေ မယ့် လည်း ဘေး က မေမေ က တော့ ဖြင့် တရှုပ် ရှုပ် နဲ့ ငို ကြွေး နေ လေသည်။ထို အခါ ဖေက မေ့ အား
" ဟော ဒေါ် ခင်နှစ် သွား ရ မယ့် ကလေး စိတ်မဖြောင့် အောင် ကွယ် "

" တော့် ကို ထွန်း ခင် ရယ် ကျုပ် က သမီးနဲ့ ခွဲ ဖူး တာ မဟုတ် ဘူး အခု ဟာ က လည်း ပညာ ရေး ကို ဦး စား ပေး လို့ သာ လွတ် ရ တာ ပါ တော် ကျုပ် က ဝမ်း နဲ့ လွယ် မွေး ထား တာ ပါ ရှင့် ထက် မပို တောင် မလျော့ ပါ ဘူး သမီး ကို ချစ်တာ ကတော့"

ဖေဖေ ပြော လိုက် တဲ့ စကား တစ် ခွန်း ဟာဆိုရင်ဖြင့် မေမေ ရဲ့ စွာတာတာ စကား သုံး လေး ခွန်း မှာ ဖေဖေ ဟာ အာစေး မိ သ လို ကြယ့် ကို ကြည့် ပြီး ခေါင်း လေး တဆတ်ဆတ်ငြိမ့် ပြီး ပြုံး ယောင် သမ်း နေလေ တော့ သည်။
" သမီး ကြယ် စာ တွေ သေ ချာ လုပ် နော်"
"ဟုတ်ကဲ့ စိတ် ချ ပါ ဖေ သမီး ကြိုး စား ပါ့ မယ် ထူးချွန်စွာ နဲ့ မအောင် မြင် ခဲ့ ရင် တောင် စာ မေး ပွဲ တော့ မကျ စေ ရ ပါ ဘူး ဖေဖေ "
"ဖေသမီး ကို ယုံ ပါ တယ် သမီး ရယ်"
"ဪ ဖေ သမီး လည်း မှာ ရ ဦး မယ် မေ မစွာ ကျယ် နဲ့ လည်း ရန် မဖြစ် နဲ့ နော်" ဟု စကား အဆုံး မှာ
ဖေ ကရယ် လျှက်" ခွေးမလေး ငါ့ ကို ရန်တိုက် ပေးသွား တာ ကြည့်စမ်း"
မေ့မေ့ ရဲ့ မျက်စောင်း ဟာ ဒိုင်း ခနဲ ရောက် သွား ချိန်မှာ မေမေ့ မျက် နှာ ဟာအငို မျက် လုံး အပြုံး မျက် နှာ ဖြစ်နေ ခဲ့ လေ သည်။
‌ဪ မိဘ ဆို တာ တစ် ခါ တစ် လေ တော့ လည်း ချော့ တစ် ခါ ခြောက် တစ် လှည့် နဲ့ မချစ်တဲ့ မိဘ ဆို တာ ဘယ် ရှိ ပါ့ မလဲ လေ ‌လို့ တွေးမိတော့

ဖေဖေနဲ့ မေမေ ကို ကြည့် ပြီး ကြယ် လည်း မျက် ရည် တွေ ကြားက ပြုံး ယောင် သန်း မိ သွား တော့ သည်။ဖေဖေ နဲ့ မေမေ တို့ ရဲ့ မေတ္တာ တရား ကို သိ မြင် ခွင့် ရ ရှိ ခံစား မိ စေ ခဲ့ လေသည်။

အပိုင်း ၃ဆက်ရန်


ချစ်မိသည်မှတစ်ပါးWhere stories live. Discover now