အပိုင်း(၁၂)

1.3K 141 4
                                    

အပိုင်း (၁၂)

လွန်း ရဲ့ ကလေး လေး အကြောင်း ကို သိ ဖို့ လွန်း ရဲ့ အိမ်က ကလေး နှစ်ယောက် ကို ချဉ်းကပ် ရလေ သည်။ ရတီ နှင့် ဝတီ တို့ ဆီ မှ လွန်း သိ ချင် သည့် အကြောင်း များ ကို မေး သော် လည်း အတန်း ခြင်း လည်း မတူ အရွယ် ခြင်း လည်း မတူ သော ကြောင့် ရေရာ သော အဖြေ မရခဲ့ ပါ။ ထိုကလေး မ အကြောင်း သိ ရ ဖို့ စုံစမ်း ရမည့် လူ က တိုက်ရိုက်ဆို သီတာ တစ်ဆင့် ဆို မြူမှုန် ဒီနှစ်ယောက် ပဲ ရှိလေ သည်။သီတာ ဆီ ကိုတော့ အနည်း ငယ် တီး ခေါက် ကြည့် ရ ဦး ပေမည်။

ဒီနေ့  လွန်း ရဲ့ ပွဲရုံ မှာ အရောင်း အဝယ် ပါး နေသော ကြောင့် ကြီးကြီး န‌ဲ့ စကား ပြော နေ ခိုက် လွန်း ဆီသို့ ဖိုးဉာဏ် ဖုန်း ဆက် လေသည်။

"ဟဲလို မမလား ငါပါ "
"အေး နင် ပြန် လာ တော့ မှာ လား "
"အေး နောက် နှစ်ပတ် လောက် နေ ရင် ကမ်း ကို ကပ် တော့ မှာ ကမ်း ကပ် ပြီး တာ နဲ့ ရန် ကုန် ကို ချက်ခြင်း ပြန် လာ လို့ ရ တယ် ငါ က အိမ် ကို တမ်း ပြန် လာ မ‌ှာ အကုန် စီစဉ် ပြီး ပြီ "
"အေး ပါ နင် အဆင် ပြေ သာ လုပ် လေ ငါ ဘာ တွေ စီစဉ် ထား ရ မှာ လဲ"
"ရတယ် မဦး ကို သာ ငါ့ အခန်း ရှင်း ထား ခိုင်း လိုက် ဪ ကို ကို့ ကို ရော ပြော ပြီး သားလား "
"အေး ပြော ထား တယ် "
"အေး အေး ကြီးကြီး ရော နေကောင်း လား "
"ကောင်း တယ် ပြော ဦး မယ် မ လား "
"အေး ပြော ဉီး မယ် "

ကြီးကြီး နဲ့ ဖိုးဉာဏ် တို့ ဖုန်း ပြော နေ သ ခိုက် ဈေးဝယ် လာ သော ကြောင့် လွန်း လည်း ဈေး ဝယ် အား ဂရုစိုက် ၍ ရောင်း နေ လိုက် လေ သည်။ တအောင့် လောက် ကြာသော အခါ ကြီးကြီး လည်း ဖုန်း ပြော ၍ ပြီးသွား တော့ လေ သည်။ ထိုအခါ ကြီးကြီး မှ
"သမီး လွန်း ကြီးကြီး ပြော တဲ့ ကိစ္စ ရော စဉ်းစား နေ ရဲ့ လား "
"ကြီးကြီး ရယ် အဲ့ တာကို မလော ပါ နဲ့ ဦး အေးဆေးစွာစဉ်းစား ပါရစေ"
"သမီး ကြီးကြီး က မောင်သော်ကောင်း အဖေ နဲ့ တီးပြီး ခေါက် ပြီး သား မောင်သော် ကောင်း က လည်း သမီး ကို သဘော ကျတယ် "
"ဒါပေမယ့် "
"ဒါပေမမယ့် ပါ နဲ့ သမီး ကြီးကြီး အတင်း အကြပ် စီစဉ် လည်း သမီး နာ ခံ ရ မယ်"
"အဲ့ လို တော့ မ လုပ် ပါ နဲ့ ကြီးကြီး ရယ်"
"အေး ပေါ့ လေ ငါ က ညဉ်း လုပ်စာ စား နေ ရ တာ ဆို တော့ ငါ့ လို အာဏာမရှိ‌ေတာ့တဲ့အဖွား ကြီး ရဲ့ စကား ကိုဘယ်နာခံ ချင်ပါ့ မ လဲ  ညဉ်း ရှေ့ရေး ကောင်း စား ဖို့ အတွက် ပါ အေ"

ချစ်မိသည်မှတစ်ပါးWhere stories live. Discover now