အပိုင်း(၁၇)

1.2K 110 4
                                    

အပိုင်း (၁၇)

ဒီနေ့ လွန်းရဲ့ ကလေး လေး စာ မေး ပွဲ ဖြေရမယ့် ရက် မနက် ခင်း ပဲ ကျောင်း တက် ရ မှာ ဆို တော့ နေ့လည် 12 နာရီ ထိုး လျှင် ကျောင်း ဆင်း မည်။ ကလေးငယ် ကို တွေ့ ဖို့ ရာ အတွက် လွန်း မှာ အိမ် က နေ ထွက် ဖို့ ရာ အခက် တေ‌ွ့ နေ လေသည်။ ခါ တိုင်း တေ‌ွ က ပွဲရုံ အလုပ် က လွဲ ရင် အပြင် သွား ဖို့ ရာ ခဲ ယဉ်း တတ်သော လွန်းတစ်ယောက် အကြံ ဘယ် လို ထုတ် ရ မလဲ တွေး တော နေ ခိုက် မဦး ရောက်လာ ပြီး
"မလွန်း ဝတီ တို့ မနက် က ထမင်း ချိုင့် ပါ မသွား ဘူး အဲ့ဒါ ကိုသော်ကောင်း ကို ပို့ ခိုင်း လိုက် ရ မလား "
ကယ်တင်ရှင် ပေါ် လာ ချေ ပြီ ဝမ်းသာ နေသော စိတ် အား မပေါ် စေ ရန် ဟန် လုပ် ရ ပြီး
"နေနေ မဦး အစ်မ သွား လိုက် မယ်  သော်ကောင်း ကို အစ်မ အဝေး တင် ထည့် ခိုင်း ထား လို့ ချိုင့် က ဘယ် မှာ လဲ ရ ပြီ လား "
"အင်း ရပြီ ဒီ မှာ "
"အေး အေး ပေး သွား မယ် "

ထိုစဉ် ကြီး ကြီး ရောက် လာ ပြီး
"ဟဲ့ သမီး လွန်း ဘယ် လဲ "
"ဝတီ တို့ ဆီ ထမင်း သွား ပို့ မ လို့ "
"သားကြီး ဖို့ ခိုင်း လိုက် လေ နေ ပူ က ပူ နဲ့ "
"ကိုကို က မရှိ ဘူး ကြီး ကြီး ဖိုး ဉာဏ် နဲ့ ထွက် သွား တယ် "
"ဪ အေး အေး အာ့ လို ဆို လည်း သော် ကောင်း ရော "
"သူ က မအား ဘူး ကြီးကြီး "
"အေး အေး ဒီလို ဆို လည်း သွား လေ အေ နေက ပူ တယ် "
"ဟုတ် ကြီး မေ "

တော် ပါ သေး တယ် ကလေး ရယ် ကလေး နဲ့ တွေ့ ဖို့ ကျော် ဖြတ် လာ ရ တဲ့ အခက် အခဲ တွေ က များ တယ် ဆို။ စာမေး ပွဲ ရော ဖြေ နိုင် ရဲ့ လား မသိ ။ ကလေး ငယ် လည်း အတန်း တင် စာ မေး ပွဲ မြန်မြန် အောင် မှ ပါ လေ ။ဒါမှ အနား ခေါ် ထား လို့ ရ မှာ။

_______________________________________
စာမေး ပွဲ က ကျောင်း စစ်ဆို ပေ မယ့် လည်း တကယ့် အတန်း တင် စာ မေး ပွဲ ကြီး လို သေ ချာ လေး ဖြေဆို နေရလေသည်။ဒါ မှ လည်း တကယ် ဖြေ ဆို ရင် အခက်အခဲ မရှိ မှာ။ မြူမှုန် ရော ဖြေ နိုင် ရဲ့ လား မသိ။မေးခွန်း ကတော့ သိပ် တော့ မ ခက် ခဲ။ မနက် က သူလာ ခေါ်သော ကြောင့် ကြယ် က စက်ဘီး ပါ မ လာ ချေ။ အပြန် သူ့ နောက် ကပ် လိုက် ရ မှာ ပဲ။

အန်တီ များ လာ မ လား မသိ။မနေ့ ကတော့ တွေ့ ဖို့ ကို စိတ်မပူ နဲ့ တဲ့။ မပူ ပဲ ရှိပါ့ မ လား တွေ့ ချင် တာ ပေါ့ ချစ်ရတဲ့ အန်တီ ကြီး မျက်နှာ ကြည့် ပြီး စားမေး ပွဲ တွင်း အား ယူ ရ မှာ ကို။ ဘယ် လို အန်တီ ကြီး မှန်း မသိ။ ဪ ငါ့နှယ် စား မေး ပွဲ ဖြေ နေ ပါ တယ် ဆို မှ အဒေါ် ကြီး ဆီ စိတ် ရောက် ပြန် ပြီ။ အတော် စိုးမိုး လွန်း တဲ့ အဒေါ်ကြီး ။

ချစ်မိသည်မှတစ်ပါးDonde viven las historias. Descúbrelo ahora