အပိုင်း(၂၈)

1.1K 105 9
                                    

အပိုင်း (၂၈)

အခုဆို လွန်း ရဲ့ ကလေး ငယ် က လွန်း ဆီ မှာ အလုပ် ဝင် တာ တစ် လပြည့် ခဲ့ လေ ပြီ။ လွန်းနဲ့ ကြယ် တို့ ရဲ့ အချစ် ခရီး လမ်း လေး ဟာ ဖြောင့်ဖြောင့် ဖြူးဖြူး နဲ့ ချစ် ခဲ့ ကြ တဲ့ အချစ် ရက် တွေ ဟာ 9 လ တင်းတင်း ပြည့် ခဲ့ လေ ပြီ။ဒီနေ့ တော့ လွန်း နဲ့ ကြယ် တို့ ရဲ့ monthly date ပေါ့ လေ။ ရေမိုးချိုး ပြီး အဝတ် အစား လဲ ရန် အတွက် ဗီရို ကို ဖွင့် လိုက် စဉ် တစ်ညနေ ခင်း ဆီ ကို စိတ်ရောက် သွား ချိန် ဝယ် အတွေး တွေ နှင့် အတူ ရှက် သွေး ဖြာကာ အယောင်ယောင် အမှား မှား ဖြစ်မိ ရ လေ ပြီ။ အတွေး တွေ နဲ့ တောင် ကြည် နူး ရ ပါ လား ကလေး ရယ်။အခု လည်း အဝတ် စား လှဲ နေသော အချိန် မ လို့ အဲ့ဒီ ည နေခင်း လို မျိုး မကြုံ ရလေ အောင် ခပ် မြန်မြန် လေး လှဲ လိုက် မိတယ်။  လွန်း လည်း မျက်နှာ ထက်ဝယ် မိတ်ကပ်ပါးပါး လေး အား လိမ်း ပြီး နှုတ်ခမ်း ပေါ် ကို တော့ ဆိုးဆေး လေး အနည်း ငယ် ခြယ် လိုက် လေ သည်။ ကလေး နဲ့ တွေ့ ရင် လွန်း လည်း လှနေ ဖို့ လို အပ် သည် မ လား။ ဆယ်ကျော် သက် အရွယ် ကလေး တစ် ယောက် ရဲ့ ချစ်သူ တော် ထား ရ သည် မ လို့ အသက်ကြီး ပြီး ခပ်တုံးတုံး အမျိုးသမီး ကြီး ပ‌ံု ပေါက် နေ လို့ တော့ ဘယ် ရ ပါ လိမ့် မလဲ လေ။ပြင်ဆင် ပြီး တော့ အောက် သို့ ဆင်း ရန် အ လို့ ငှာ အခန်း တံ ခါး ကို ဆွဲ အဖွင့် အင်္ကျီ လက် ရှည် အဖြူ လေး နှင့် ဂျင်းဘောင်းဘီ ဒူးဖုံး လေး ဝတ် ထား သော လွန်း ရဲ့ ကလေး ငယ် ဟာ ပြုံး ပြီး လွန်း ကို ကြည့် နေလေ သည်။

"ဟယ် ကလေး ဘယ်တုန်း က တည်း က ရောက် နေ တာ လဲ "
"အခု လေး တင် ပဲ "
"ဪ ဟုတ် လား တော် ပါ သေး တယ် "

လွန်းလည်းအောက်သို့ ဆင်းရန် လှေကား ဖက် သို့ ဦးတည် လိုက် ကာဘေးမှ ကပ် ပါ ‌လာ သော ကလေးငယ် က
ခပ်တိုးတိုး လွန်း‌ပြော လိုက် သော စကား ကို ကလေး ငယ် က ကြား ဖြစ်အောင် ကြား ပြီး

"ဟမ် အန်တီ ဘာ တော် တာ တုန်း "
"မဟုတ် ပါ ဘူး ကလေး ရယ် ကလေး အကြား ကြီး စောင့် နေ ရ တာ လား လို့ ပါ "
"ရောက် နေတာ ကြာ လှ နေ ပါ ပြီ နော် အောက် မှ ဖွားဖွား ကြီး နဲ့ စကား ပြော နေ လို့ ဒါပေမယ့် ဖွားဖွား ကြီး က အပေါ် တက် သွား လို့ ပြော ပါ တယ် ဒါ ပေမယ့် "
"အင်း ဒါ ပေ မယ့် တွေ က လည်း များ လိုက် တာ ဒါ ပေမယ့် ဘာ ဖြစ် လို့ လဲ "
"ဪ ဟို တစ် ခါ က လို လေ ဒုတိယ ကြယ်သ‌ီး လေး ဖြုတ်ခါနီးမှ တွန်း လွှတ် ခံ ရ မှာ စိုး လို့ "
"ဟယ် ကလေး ငယ် ကြည့် စမ်း ဘာ တွေ ပြော နေ လဲ "

ချစ်မိသည်မှတစ်ပါးWhere stories live. Discover now