အပိုင်း(၆)

1.6K 136 2
                                    

အပိုင်း(၆)

ကိုကို ကလေး တွေ ကို ထား ခဲ့ တာ အခုဆို ကျောင်းဖွင့်ပြီး လို့ သုံးလပင် ရှိ နေ လေ ပြီ။ ပြော တော့ ဖြင့် ခဏ လေး နော် တဲ့ ။ ဖုန်းဆက် လိုက် တိုင်းလည်း အကြောင်း အရာ အမျိုးမျိုး ခေါင်းစဉ် အမျိုးမျိုး ပြ ၍ အခု ပဲ ပြန်ရောက် တော့ မ လို လို တွေ ပြော နေတတ်သေး သည်။ ထွက် သွား ခါ စ လေး ငါး ရက် က တော့ ကလေး တေ‌ွ က လည်း လွမ်း လို့ လား ကျောင်းဖွင့် ခါ စ မ လို့ လား မသိ ပြုံးပြုံး ရွှင်ရွှင် မရှိရှာ။ နောက် တော့ လည်း ကြီးကြီး ၏ ဆို ဆုံးမ မှု ့ အောက် မှာ ရတီ နှင့် ဝတီ က လိမ္မာရေး ခြား ရှိ နေ လို့ တော် သေးသည်။
တစ်နေ့ သော အခါ တွင် တော့ လွန်း သည် စာ ရင်း စစ် စရာ များ ရှိ နေ သော ကြောင့် စာရင်း များ စစ် နေ ခိုက် ကြီး ကြီး သည် အနား သို့ ရောက် လာပြီး
"သမီး လွန်း မအား ဘူး လား "
"စာရင်းစစ် နေ လို့ ပါ ကြီးကြီး ရယ် ရောင်းစာရင်း ဝယ်စာရင်း မှာ စာရင်း လေး တွေ စစ် နေ လို့ ပါ "
"သမီး လည်း ပင်ပန်း လှပါ တယ် လွန်းရယ်"
"မပင်ပန်း ပါ ဘူး ကြီးကြီး ရယ် မိဘ လက်ငုတ် လက်ရင်း လေး ကို အဆင်သင့် လုပ် ကိုင် နေရ တာ တွေပဲဟာ ကြီးမေ ရဲ့"
"သမီး အိမ်ထောင် ပြု ဖို့ရောစဉ်းစား ရဲ့ လား "

ရုတ်တရက် ကြီး‌ကြီး မေးလိုက် သော မေး ခွန်း အတွက် လွန်း ဖြေဖို့ တုန့်ဆိုင်း နေစဉ် ခဏ မှာ တော့ ကြီးကြီး က စကား ဆက် လာ လေသည်။

"သမီး ကြီးကြီး က လည်း သေ လူ ကြီး ကြီး မရှိရင် သမီး တစ်ယောက် ထည်း ဒီ အလုပ် တွေ ကို ဦးစီး ဖို့ ခဲယဉ္းမယ် သမီး အစ်ကို ဆို တာ အား ကိုး လို့ မရ သလို အငယ် လေး က လည်း စိတ်မဝင် စား ဘူး သမီး အဲ့ တော့ သမီး ရယ် ကြီးကြီး က တော့ သမီး အရွယ် လေး ရှိ နေတုန်း အိမ်ထောင် ပြုစေ ချင် တယ် သမီး မှာ ရည်ရွယ် ထား တဲ့ လူ များ ရှိနေ သ လား "

အမေး ရှိ တော့ လည်း အဖြေ က ရှိ ရပေ တော့ မည်။

"လွန်း မှာ ရည်ရွယ် ထား တဲ့ လူ မရှိ ပါ ဘူး ကြီးကြီး ရယ် "
"အဲ့ လို ဆိုရင် တော့ ကြီးကြီး ပြော မယ့် ကိစ္စကို သမီးစဉ်းစား ပေး ပါ သော်ကောင်း နဲ့ နေရာ ချ ထား ပေး ချင်တယ် သမီး  သော်ကောင်း ဆို တာ လည်း တစ်ခြား လူ မှ မဟုတ် တာ သမီး တို့ ဖေဖေ့ လူယုံ ရဲ့ သား လေး ပဲ လေ စိတ် ချ ရတယ် အကျင့် ရော စီးပွား ရှာ အကုန် ဖြစ် တယ် ကြီးကြီး မျက်စိမမှိတ် ခင် အချိန် လေး မှာ သမီး အတွက် စိတ် ချ သွား ပါ ရ စေ"

ချစ်မိသည်မှတစ်ပါးWhere stories live. Discover now