အပိုင်း(၂၉)

1.3K 104 12
                                    

အပိုင်း (၂၉)

မနေ့ က အန်တီ နဲ့ ကြယ် တွေ့ ပြီး ပြန် လာ တော့ မြူမှုန် ဆီ က ဖုန်း ဆက် သည် ဟု ပြော သော ကြောင့် ဖုန်း ပြန်ဆက် လိုက် သော အခါ မှာ တော့ သူ နဲ့ အတူ computer သင်တန်း တက် ရန် အတွက် ဖြစ်သည်။ ကြယ် လည်း တက် ဖို့ စုံစမ်း နေတာ ကြာ ပြီ မ လို့ မြူမှုန် နဲ့ တူတူ တက် ရန် ဆုံး ဖြတ် လိုက် လေ သည်။

"ဒါနဲ့ နေ ပါ ဦး မြူမှုန် နင် က ဓါတ်ပုံရိုက် သင်တန်း လည်း တက် နေတယ် ဆို "
"အင်း လေ ဘာ လို့ လဲ ကြယ် "
"ဘာ မှ မဖြစ် ပါ ဘူး ဟယ် ကျောင်း တက်တုန်း က ဝါ သနာ ပါ တယ် လို့ မကြား မိ လို့ ပါ "
"အင်း ဒီ လို ပါ ပဲ ဟာ ကောက်ကာငင် ကာ စိတ် ဝင် စား လိုက် တာ ပါ "
"ဪ အေး ပါ ဟာ ဝါသနာ ပါ တာ လုပ် ရတော့ စိတ်ချမ်း သာ တာ ပေါ့ "
"နင်ရော ကြယ် အန်တီ လွန်း နဲ့ ဘယ် လို လဲ "
"ကောင်း ပါ တယ် ဟ ငါ တောင် သူ့ဆီ မှာ အလုပ် ဝင် လုပ် နေတာ "
"အေး ငါ သိ တယ် နင့် မေမေ ပြော တယ် လေ"
"အေး အာ့ လို ဆို လည်း သင်တန်းသွား အပ် မယ့် နေ့ မှ တွေ့ ကြ တာ ပေါ့ မြူမှုန် "
"အေး အာ့ လို ဆို လည်း ဒါ ပဲ နော် "

ဒီနေ့ တော့ အန်တီ ဆီအလုပ် မသ‌ွား တော့ ဘူး ဟု ဆုံး ဖြတ် ကာ မြူမှုန် နဲ့ computer သင်တန်းသွား အပ် ရင်း လည်ဦး ပတ်ဦး မည် ဟု ဆုံးဖြတ်ကာ အန်တီပွဲရုံ သို့ သွား ကာ အကြောင်း ကြား လိုက် လေ သည်။ ထို အချိန်တွင် အန်တီ က

" သွား လေ သွား ပေါ့ သိပ် သွား ချင် နေတာ ပဲ "

ရှူ့တည်တည် နေ ပြီး ခပ်တင်းတင်း ပြော နေသော အန်တီ့ ကြောင့် ကြယ့် မှာ သွား ရ မှာ လို လို မသွား ရ မှာ လိုလို နဲ့ပါ  ။ဒီ အဒေါ် ကြီး သဝန်တို နေတယ် ထင် ပ။

"အန်တီ လို့ "
"ဘာ လည်း ကွာ "

အခု အချိန် ထိ ကို ကြယ့် အား စေ့စေ့ မကြည့် သေးပေ။ထို့ နောက် တွင် တော့ ထသွား ကာ အိမ် အပေါ် ထပ် သို့ တက် သွား သော အန်တီ နောက် သို့ ကြယ့် မှာ ကမန်းကတန်း နှင့် အပေါ် သို့ ပြေး လိုက် ရ ပါ သေး သည်။

ထိုကဲ့ သို့ လွန်း န‌ဲ့ ကြယ် တို့ နှစ် ယောက် ထည်း ပတ်ဝန်း ကျင် ကို မေ့ ကာ ဖြစ်ပျက် နေ မှု့ ကို နှစ်ယောက် သား သတိ မ ထား မိ သော် လည်း တစေ့တစောင်း အကဲ ခတ် နေသော သော်ကောင်း ကို တော့ နှစ် ယောက် သား သတိမထား မိ ခဲ့ ပါ ချေ။

ချစ်မိသည်မှတစ်ပါးWhere stories live. Discover now