အပိုင်း(၁၄)

1.4K 133 8
                                    

အပိုင်း(၁၄)

ကြယ့်ရဲ့ အခန်း ထဲ သို့ ဝင် လိုက် သော အခါ အပြာ နု ရောင် သုတ် ထား သော အခန်း လေး ကသန့်ရှင်း သပ်ရပ်စွာ ဖြင့် သူ့ နေရာ နှင့် သူ နေရာတကျ တည် ရှိနေလေသည်။သင်ဖြူးဖျာ ခင်း ထား ပြီး စောင် ပါး လေး ခင်း ထား သော အိပ်ယာ ခင်း က အနည်း ငယ် တွန့် ကြေ နေသည် က လွဲ ရင် သန့်ရှင်း သပ်ရပ်စွာ နေတတ် သောကလေး လေး ဟု မှတ် ချက် ချ လိုက် မိလေသည်။

ရှင်းပြနေသော စကား များ မဆုံး သေး ပဲ ကြယ့် အခန်း ထဲ ဝင် သွား သော အဒေါ်ကြ‌ီး နောက် သို့ ခပ်သွက်သွက် လိုက် ဝင် လိုက် ပြီး အခန်း တံ ခါး အား ဂျက် ထိုး လိုက် လေသည်။ တော် ကြာ ဒေါ်လေး ဝင် လာ ရင် ခက် နေမည် ဆို သော ကြောင့် ပင်။ အဒေါ် ကြီးသည် ကုတင် ပေါ် ထိုင် လိုက် ပြီး "ကလေး "လို့ ခေါ် နေသည် ကို "ဘာလဲ အဒေါ် ကြီး "ဟု ပြန် ထူး ရင်း အနား သို့ ကပ် သွား လိုက် ပြီး

"ချစ် လား ဒေါ် ကြီး "ဟု မေးကာအဒေါ်ကြီး ၏ မျက်နှာ အနီး ဆုံး သို့ ကပ် ကာ ဒေါ် ကြီး ၏ မဟူ ရာ ရောင် တောက် နေသော မျက်ဆန် နက်နက် ကလေး များ စိုက် ကြည့် ရင်း မေး လိုက် လေသည်။အ‌နီး သို့ ကပ် နေသော အဒေါ် ကြီး မျက်လုံးလေး တွေ က လှ လိုက် တာ။ မျက် လုံး လေး တွေ တွင် လှ တာ မဟုတ် အရေးအကြောင်း တို့ မပေါ် သေး သော နဖူး ပြင် မျက်နှာ နား နီးကပ် ထား သော ကြောင့် တ‌ွန့် ချိုး နေသော မျက် ခုံး ဖြောင့် စင်း ပြီး အဖျား နား မှ ခပ်ချွန်ချွန် ဖြစ် သွား သော နှာတံ ရှက် နေ ခြင်း ကြောင့် ဖြစ်‌သွား သော ပါ း မို့မို့ ပေါ် က ခပ်ရဲရဲ သွေးရောင် အံ့ဩ မှု့ အပေါင်း ကြောင့် ခပ်ဟဟ ဖြစ် နေသော ဆိုး ဆေး မကူ ထား တဲ့ နှုတ်ခမ်း ပါး လေး ဒါ တွေ ဟာ ကြယ့် အတွက် တော့ တပ်မက် စရာ တွေ ပင်။ထိတ်လန့် တကြား ဖြစ် နေသော ကြောင့် ခပ်မြန်မြန် မျို ချ နေသော တံထွေး တွေ စီး ဆင်း သွား သော ခပ် စိမ်းစိမ်း အကြောများ နဲ့ လည်ချောင်း တစ် လျှောက် အရာအား လုံး ခြုံ လိုက် လျှင် တော့ ဤ အမျိုးသမီး ကြီး ရှက် နေတာ အသေ အချာ။

"ချစ်တယ် "လည်း မဟုတ် • "အဖြေ တောင်း တာ" လည်း မဟုတ် သော ကလေး မေး သော မေးခွန်း အား ဖြေ ဖို့ ရာ အတွက် လွန်း မှာ အကြပ် ရိုက် စေ သည်။မေးတဲ့ မေး ခွန်း က "ချစ်လား " တဲ့  မချစ် ဘူး လို့ ပြော ရင် လည်း ညာ ရာ ရောက် မည်။ ချစ် တယ် လို့ ပြော လိုက် လျှင် လည်း သူက အသာ ရ သွား ပေ ဦး တော့ မည်။ မချစ် လို့ မဟုတ် ပေမယ့် ချစ် တဲ့ အဖြေ လို ချင် ရင် တော့ မေး ခွန်း ပြောင်း မေး ဖို့ က လေး မအား ပြော ရ ပေ ဦး တော့ မည်။

ချစ်မိသည်မှတစ်ပါးWhere stories live. Discover now