အပိုင်း(၁၃)
"အစ်မလွန်း နေမကောင်း လို့ လား"
ထိုစကား နှင့် အတူ လာ ကိုင် သော သော် ကောင်း လက် အား ရှောင် ချိန် မ ရ လိုက် သော ကြောင့် နဖူး ပြင် ထက် ဝယ် ခဏ မျှတော့ ထိတွေ့ ခွင့် ပေး လိုက် ရလေ သည်။
သော်ကောင်း၏ လက် ပြန်ရုတ် ပြီးသွား ချိန် မှာတော့ ဆတ်ခနဲ ထပြီး ထွက် သွား သော ကြယ်သည် လွန်းအား နှုတ် ဆက် မသွား ခဲ့ သလို ချိုင့် အား လည်း ပြန် ယူ မသွား ခဲ့ ပါ။
ထိုကဲ့ သို့ အဖြစ် အပျက် များ လျင် မြန်စွာ ဖြစ် သွား သော ကြောင့် လွန်း လည်း သော် ကောင်း အား အားမနာ နိုင် စွာ ဖြင့်
"မင်း ဘယ် လို လုပ် လိုက် တာ လဲ မင်း အနေ နဲ့ စည်း ကျော် နေတယ် မထင် ဘူး လား "
"ဘာ ဖြစ် လို့ လဲ အစ်မ လွန်း ကိုယ့် အစ်မ ကို ကိုယ် က ဂရုစိုက် တာ လေ "
"မလိုပါ ဘူး မင်း .........."လွန်း ရဲ့ စကား တွေ မဆုံး လိုက် သေး ခင် မှာပဲ ကြီး ကြီး သည် ကြယ့် ရဲ့ ချိုင့် အား ဆွဲ ပြီး ထွက် လာ ကာ
"ဘာ ဖြစ်နေကြ တာ လဲ သမီး အိမ် ရှေ့ ကြီး မှာ"
လွန်း လည်း ဖြစ် ကြောင်း ကုန် စင် ပြော ပြ လိုက် သော အခါ
"ဪ ဘာ များ လည်း လို့ သမီး ရယ် မောင်သော် ကောင်း က သမီး ကို ဂရုစိုက် တာ လေ နောင် တစ် ချိန် လည်း သူရဲ့ ပြုစု ယုယ မှု့ တွေ ခံ ရ ဉီး မှာ လေ "
"ကြီးကြီး "ဘယ်တော့ မှ ပြန်မအော် တတ် ခဲ့ သော လွန်း ဒီနေ့ တော့ အော် လိုက် မိ ပါ တယ်။အခြေ အနေ အရပ်ရပ် ကို နောက် ဖေး တွင် ရှိ နေသော မဦး က ဝင်ရောက် ပြီး ထိန်းသိမ်း လိုက် ပါ သည်။
"ဟယ် မမ လွန်း ဟို ကလေး မ က ချိုင့် လည်း ယူ မသွား ဘူး "
"နေနေ မဉီး ငါ ပဲ သွား ပေး လိုက် မယ် ရတယ် "
"ဟုတ် အစ်မ"
"ကြီး မေ မုန့် တီစား ရအောင်လေ "
"အေး ငါ လာ ခဲ့ မယ် "
"လွန်း ဒီကိစ္စ ကို အဖြေ ရ အောင် ကြိုး စား ထား "လွန်း လည်း ကြီးကြီး ပြော သော စကား အား ခေါင်း လည်း မငြိမ့် သ လို ခေါင်း လည်း မခါ ခဲ့ ပါ။သော်ကောင်း နဲ့ တော့ ဒီပြဿနာဆွေးနွေး ဖို့ လို နေ ပါ ပြီ။အခု တော့ မဆွေးနွေး လို သေး ပါ။ ခေါင်းအေး အေး ထား ပြီး မှ ဆုံး ဖြတ် ဖို့ လိုပါသည်။