အပိုင်း(၂၃)

1.1K 105 12
                                    

အပိုင်း(၂၃)

ဒီနေ့ တော့ ကြယ် တို့ အိမ် မှာ လူစုံ တက်စုံ နဲ့ ပါ။ ဖွားဖွား ဖေဖေ နဲ့ မေမေ ဒေါ်လေး နဲ့ ကြီးဝင်း ပြီး တော့ ကြယ်ရယ် ပေါ့ လေ။ဒုတိယအဆန်း စာ မေးပွဲ ပြီး လို့ ကြယ်တို့ ကျောင်း ပိတ် ရက် ရောက် နေ ချိန် ပေါ့ ။ ဒီဇင် ဘာ ကျောင်း ပိတ်ရက် တွေ က တော့ ရာသီဥတု နှင့် အညီ ကြယ်တို့ သည် လည်း လေးလံ ထိုင်းမှိုင်း နေချိန်ပေါ့ ။ ဒီ တစ် ခါ က ကျောင်း ရက် ရှည် ပိတ် ပေ မယ့် လည်း ကျူ ရှင် ကတော့ မပိတ် တော့ ပေ။ စာ တွေ က လည်း အကုန် သင် ပြီး သလောက် နီး ပါး ဖြစ် နေသော ကြောင့်  reversion ပြန်ရန် အတွက် ကျူရှင် နှင့် အိမ် နဲ့ သာ ပြေး နေ ရ ချိန်တွေ ပေါ့ လေ။

တစ်ခါတစ်ရံ တွင်တော့ ချစ်ရတဲ့  အန်တီ အား တွေ့ချင်စိတ်များ ပြင်းပြ လျှက် ရှိ နေ ပါ သော် လည်း သွား ပြီး တွေ့ ဖို့ ရန် မလွယ် ကူ ပါ ချေ။ အရင် တစ်ခါ လို ဖုန်း ဆက် ဖို့ ကြိုး စား ချင် ပေ မယ့် လည်း အခု ချိန် ထိ အထ မမြောက် သေး ပါ။ တနင့်နင့် နဲ့ လွမ်း နေ ရ တဲ့ နှလုံးသား အစုံ ဟာ အမြဲ မွန်းကြပ် နေ ပါ သည်။

အိမ်မှာ လူစုံ နေသော ကြောင့် ကြယ့် အား မျက်စိ ဒေါက်ထောက် ကြည့် နေသော ကြောင့် တငေးငေး တငိုင်ငိုင် နဲ့ လည်း မနေ ဝံ့ ပါ။ဖွား ဖွား တို့ အိမ် မှာ မေမေ ရှိ တော့ ပိုဆိုး ပါ သည်။ ဖေဖေက တော့ သူ့ရဲ့ အလုပ် တွေ နှင့် မလို့ ကြယ် နဲ့ ဆုံ ချိန် သိပ်မရှိ လှ ပါ။ အိမ် မကပ် ရ တာ လည်း ကြယ် နှင့် ဖေဖေ နှစ်ယောက် သာ ရှိ ပါ သည်။ဒီနေ့ တော့ ကြယ် တို့ အိမ် လူစုံ နေလေပြီ။ကျုရှင်က ပြန် လာ ပြီး အိမ်ရှိ လူ ကုန် နှုတ်ဆက် ပြီး သော အခါ အပေါ် သို့ တက် ခဲ့ လေ သည်။

စာ လေး နည်းနည်း ကြည့် ရန် အတွက် အခန်းထဲ ရောက် နေသော အချိန် ကြယ့် အား ဒေါ်လေး မှ
"ကြယ် ရေ ကြယ် ခဏ အောက် ဆင်း ခဲ့ ပါ ဦး ကွယ် "
"ဟုတ် လာ ပြီ ဒေါ်လေး ရေ "

ကြယ်လည်း အောက် ထပ် သို့ လျင်လျင် မြန်မြန် ဆင်း လိုက် သော အခါ ဒေါ်လေး မှ

"သမီး ရေ ဒီ မှာ ‌အိမ်စောင့် နေ ခဲ့ ဦး သမီး မေမေ ကို ဆေးခန်း လိုက်ပို့ ရင်း သမီး ဖွားဖွား ကို လည်း ဘုရား လိုက် ပို့ မ လို့ "
"ဟုတ်သွား ကြလေ ဖေဖေ က ရော ဘယ် မှာ တဲ့ လဲ "
"သမီး ဖေဖေ က ခုန လေး က မှ ဖုန်း လာ လို့ ထွက် သွား ရ တာ ပဲ မအား တော့ ဘူးတဲ့  အဲ့ဒါ ဒေါ်လေး ကို ဆေးခန်း လိုက် ပို့ ခိုင်းလို့ ကြီးဝင်း လည်း နေ ခဲ့ မှာ ပါ အခု က ဈေးထဲ ခဏ သွား တယ် တော် နေ ပြန် လာ မှာ ပါ "

ချစ်မိသည်မှတစ်ပါးWhere stories live. Discover now