အပိုင်း(၄)

2K 143 4
                                    

အပိုင်း (၄)

နာရီ စက်သံတချက်ချက်က မနက် 4 နာရီ ကို ညွှန် ပြ လိုက် ချိန် မှာ တော့ အကျင့် ဖြစ် နေ တဲ့ လွန်း ရဲ့ မျက် ဝန်း တွေ ဟာ အလို အလျောက် ပွင့် လာ ခဲ့ လေသည်။လွန်း တို့ အိမ် မှာ မိန်းမ သား ဆို လို့ လွန်း နဲ့ လွန်း ရဲ့ ချစ် လှစွာ သော ကြီး ကြီး ရယ် လွန်း ရဲ့ ညီမတစ်ဝမ်းကွဲ ရွာကခေါ် ထား တဲ့ မဦး ရယ် ။ဒါပဲရှိ ကြ လေ သည်။ အရင် ကတော့ ဤ အိမ် ကြီး မှာ မိသားစု သိုက် သိုက် ဝန်းဝန်း နဲ့ ပွဲ ရုံ လုပ်ငန်း လုပ် တဲ့ ဖေဖေ့ ရဲ့ ဦး စီး မှု အောက် မှာ လွန် တို့ မောင် နှစ် မတွေ မပူ မပင် မကြောင့် မကြ နေ နိုင် ခဲ့ ကြ လေတော့ သည်။ ဖေဖေနဲ့ မေမေ ကွယ် လွန်း ပြီး နောက် အိမ်ထောင် ကျ သွား တဲ့ အစ် ကို ကြီး အား အမွေ ခွဲ ပေး ရင်း မိ ဘ လက် ငုတ် လက် ရင်း ဖြစ် သော အား လူး ပွဲ ရုံ ကို ကြီး ကြီး ရဲ့ အုပ် ချုပ် မှု့ အောက် ကနေ လုပ်ကိုင် နိုင် ခဲ့ သည်။ လွန်း ရဲ့ မောင် အငယ် က လည်း ပင် လယ် ပြင် မ‌ှာ ပဲ ရွက်လွင့် ခြင်သည် ဆို သော ကြောင့် သင်္ဘော လိုက် နေ ခဲ့ တာ တစ် နှစ် မှ တစ် လ လောက် သာ အိမ် ပြန် လာ တတ် သည်။နိုး ထ လာ သော ခဏ ခေါင်း ရင်း မှ ချိတ် ဆွဲ ထား သော ဖေဖေ နဲ့ မေမေ တို့ ဓါတ် ပုံ ကို မြင် ရင်း အ‌တွေး တွေ ပ လုံစီ နေ လေ တော့ သည်။ တစ် ဖက် ခန်း ထဲ ရှိ မဦး ရဲ့ လှုပ်ရှား အသံ ကြား တော့ အသံ ပြု လိုက် ရင်း
"မဦး နိုး ပြီး လား"

" ဟုတ် နိုး ပြီး မလွန်း အခန်း ထဲ က အသံ မကြား လို့ လာ နိုး တော့ မ လို့ မနေ့ ညက အိပ် ပျော် တာ နောက် ကျတယ် မလား"

"နောက် ကျ တာ တော့ ဟုတ်တယ် ထနေ ကျ ဆို တဲ့ မျက် လုံး က နိုးနေပါ ပြီအေ"

" ဒီနေ့ အောင်ပန်း က အာလူး ကား က လာ မှာ မဦး ရဲ့"
မဦး အား ညဉ်း သ လို လေး ပြော နေသော လွန်းရဲ့ ပုံစံ ကလေး မှာ ကလေး ဆန် သွား မှန်းသိသော် လည်း လွန်း ရဲ့ အသက် က ရွှေရင်သိမ်းသစ်စ အရွယ် မဟု တ်တော့ ပဲ အသက် အား ဖြင့် သုံး ဆယ် ကျော် အရွယ် ကို ခြောက်နှစ်တိတိစွန်း နေ ခဲ့ လေ ပြီ လေ။အသက် ကို ‌ေတွး မိတော့ လည်း ငါ မငယ် တော့ ပါ လား ဆို တဲ့ အတွေး နဲ့ အတူ ကလေး တစ် ယောက် လိုပေါ့ပေါ့ ပါးပါး ရယ် လိုက် မိတော့ သည်။တစ်ယောက် ထဲ အသံ ထွက် စွာ ရယ် မိ တော့ မျက်နှာသစ်ရန် ထွက် သွား သော မဦး က အနောက် သို့ ကြောင် စီ စွာ လှည့် ကြည့် ရင်း မေးဆတ် ပြ လိုက် ချိန် အသာ အယာ သာ ခေါင်း ရမ်း ပြ လိုက် မိ တော့ သည်။
မဦး ရဲ့ အလုပ် က တော့ မျက်နှာသစ် ပြီး မီး ဖိုချောင် ဝင် ပြီး ချက်ရေး ပြုတ်ရေးစီမံ ရ ပေ မည်။

လွန်း က တော့ မျက်နှာသစ်ပြီးရေချိုး ပြီးပါက ပွဲ ရုံ ကို ဖွင့် ရင်း အရောင်း အဝယ် လုပ် ငန်း ကို သာ လုပ် ကိုင် ရ ပေတော့ မည်။ အရောင်း အဝယ် အကြောင်း တွေ တွေး မိ တော့ တစ်ဆက်တည်း ဖေဖေ့ ရဲ့ လူ ယုံ ဦးလူကြီး ရဲ့ သား သော် ကောင်း က လည်း သူ့ အဖေ လက် ထက် က လို့ ပင် လွန်း အတွက် တော့ အား ကိုး ရ တဲ့ မောင် လေး တစ် ယောက် လို သာ ပင်။

လွန်း တို့ ပွဲ ရုံ ဟာ မန္တလေး ရဲ့ အချက်အချာ ဖြစ်သော ပင်မ ကိုင်းတန်းဈေး ကြီး ရဲ့ဈေး ပတ်ဝန်းကျင် မှာ တည် ရှိ လေ တော့ မနက် ဆို လူ သံ သူ သံ တွေ နဲ့ ဆူ ညံ စွာ နေ့ တစ်နေ့ ကို စတင် မြဲ ဖြစ်လေ သည်။

လွန်း လည်း ရေ ချိုး ရင်း အတွေး များ လွှင့် နေ ခိုက် အိမ်ရှေ့ ဆီမှ မောင်သော်ကောင်း ရဲ့ အော် ခေါ်သံ ကို ကြား ရလေသည်။ မီးဖိုချောင် ထဲ မှ မဦး ကို လှမ်းပြီး အသံပြုရင်း တံ ခါး ဖွင့် ခိုင်းရင်း လွန်း ရဲ့ တစ်နေ့တာ ကို စတင် ခဲ့ လေသည်။‌

မဦး က လည်း တံခါး ဖွင့် ပေး ရင်း မောင်သော် ကောင်း နဲ့ နှုတ်ဆက် စကား ပြော နေ သံ ကို ကြား ရနေလေ တော့ သည်။ လွန်း လည်း ရေ ချိုး ခြင်း ကို လက် စ သတ် ခါ အိမ် အပေါ် ထပ် သို့ အပြေး လေး တက် ရင်း အဝတ် အစား များ ကို အလျင်အမြန် လဲလှယ် လိုက် လေ တော့ သည်။

လွန်း သည် ငယ်စဉ် က ပင် မိတ်ကပ် မကြိုက် သော သူ ဖြစ် သော ကြောင့် သနပ်ခါး လေး ကို အလျင်အမြန် လိမ်းရင်း ချည်မြန်မာ ဝတ်စုံ လေးကိုသာ ဝတ် ဆင် ရင်း အိမ်အောက် ထပ် သို့ ဆင်း လာ ခဲ့ လေ သည်။

အိမ်အောက် ထပ် သို့ ရောက် သော် အခါ မောင် သော် ကောင်း ရဲ့ ဦးစီး မှု့ အောက်မှာ လွန်း ရဲ့ အာလူး ပွဲ ရုံ လေ ဟာ စတင် အသက် ဝင် နေ ခဲ့ လေ သည်။လွန်း လည်း မောင်သော်ကောင်းအား

" သော်ကောင်း ရေ ဒီ နေ့ အာ လူး ကား ဝင် လိမ့် မယ် အာ လူး က တော့ အစုံ ပါ လိမ့် မယ် Ok  A1  ထူး 1 ထူး 2 ဂေါ်လီ အထိ ပါ ပါ လိမ့် မယ် အား လုံး ပေါင်း အိတ် 50 မင်း မောင် စိုး တို့ နဲ့ သာ သေ ချာ ချ ထား လိုက် တော့ နော် "

"ဟုတ် မ လွန်း အပြင် သွား စရာ ရှိ လို့ လား
"
"မရှိ ပါ ဘူ း ဟယ် ကြို ပြော ထား တာ မောင် စိုး တို့ က မှား တတ် လွန်း လို့ ပါ "

"ဟုတ် ဟုတ် အစ်မ လွန်းစိတ် ချ ပါ " ဆို သော စကား သံ အဆုံး မှာ သော် ကောင်း က လွန်း ကို ကြည့် လိုက် သော အကြည့် တို့ မှာ ချစ် ခင် နှစ် သက် လို ဟန် များ ဖြတ် ပြေး သွား သော မျက် ဝန်း ညို တစ် စုံ ကို တွေ့ သော် လည်း မသိ ကျိုး ကျွံ ဟန် ပြု ရင်း သက် ပြင်း လေး သာ အသာ အယာ ချ မိ လိုက် လေ တော့ သည်။

အပိုင်း (၅) ဆက်ရန်





ချစ်မိသည်မှတစ်ပါးWhere stories live. Discover now