အပိုင်း(၅)

1.8K 132 2
                                    

အပိုင်း(၅)

လွန်းလည်း သော်ကောင်း အား မှာစရာ ရှိ တာများ မှာ ကြား ပြီး သော အခါ တွင် တော့ မဦး ချက် ပြုတ် ပေးထား သော ထမင်း နှင့် ဟင်း အား ခူးခပ် ပြီး ဘုရားဆွမ်းတော် တင် ကာဘုရားရှိခိုး လိုက် လေ သည်။ ဘုရား ရှိခိုး ဆွမ်းတော် တင် ကိစ္စ များ လုပ် ပြီး သော အခါ ဈေးအား ရောင်း ရင်း ဝယ် ရင်း ခုနှစ်နာရီ ခွဲ ခန့် အချိန် ရောက် သော အခါ တွင် တော့ ကြီးကြီး အတွက် မနက်စာ ပြင် ဆင်း ရင်း လွန်း လည်း ကြီးကြီး နဲ့ အတူ တစ်ခါ ထည်း စား သောက် ရလေသည်။ မနက်စာ စား နေ သော အချိန် တွင် ဖုန်းဝင် လာ သော ကြောင့် ကြည့် လိုက် မိတော့ ဖုန်းဆက် သူ မှာ ကိုကို ပင်
" ဟဲ လို လွန်း လား "
"လွန်း ဟုတ် တယ် ကိုကို ပြောလေ "
"အေး ငါ ပြောစရာရှိ လို့ ‌"
"အင်း ပြော လေ "

အနားတွင် ထိုင်နေ သော ကြီးကြီး က ဘာတဲ့ လဲ ဆို သည့် သဘော ဖြင့် မေးဆတ် ပြီး မေး နေလေ သည်။ မပြော သေး သော ကြောင့် အသာ ပင် ခေါင်းရမ်း ပြ မိ လိုက် လေ သည်။

"အေး ငါ့ ကလေး နှစ် ယောက် ကို နင် တို့ ဆီ က နေ ကျောင်း တက် ခိုင်း မ လို့ "
"ကိုကို က လည်းဒ‌ီမှာ အကြိုအပို့ လုပ် ပေး မယ့် လူ မှ မရှိတာ "
"ဟ နင့်ပွဲရုံ က လူ တွေ ရိုက် သတ် လို့ တောင် မကုန် ဘူး လေ ပြီး တော့ စိတ်ချရ တဲ့ သော်ကောင်း လည်း ရှိ နေ တာ ပဲ"
"ကိုကို က လည်း ဒီ က လူ တွေ က ရောင်း ဟယ် ဝယ်ဟယ် နဲ့ သော် ကောင်း ဆို တာ က လည်း ဘဏ်သွား ဘာညာ ရှိ နေ သေး တယ် လေ "
"ဟ ဒီ ကလေး တွေ က နင့်  တူ မတွေ ပါ ‌နင့် သွေးသား အရင်း တွေ ပါ ဟ မိဘ ဥစ္စာ တွေ ကြ လက်ဝါး ကြီး အုပ် ထား ပြီး တော့ "
"ကို ကို ဘယ် လို စကား ပြော လိုက် တာ လဲ သွေးသား အရင်း မှန် တယ် ကိုကို က ကြတော့ ရော ဒီ ကိစ္စ တွေ လုပ် ပေး ရမယ့် တာဝန် ရှိ တယ် လေ ။ နောက် ပြီး မိဘ ပစ္စည်း လက်ဝါးကြီး အုပ် ရ တယ် ပြော ရအောင်ဒီ အ လုပ် တွေ ကိုကို စိတ်မဝင် စား ဘူး ဆို လို့ လွန်း က ဦးစီး ရ တာ ရတီ နဲ့ ဝတီ ကို ပို့ ထား ချင် တယ် မလား ပို့ လိုက် လွန်းဘာ သာ ကြည့် ပြီးစီစဉ် ပေး လိုက် မယ် "

ဒီနေ့ မနက် ခင်း က တော့ ကိုကို နဲ့ စကား များ ရ လို့ ကျက်သရေ မရှိ နေတော့ ပါ။ ယောင်းမ လုပ် သူ က အေး သလောက် သူ့ အမျိုး အဆွေ တေ‌ွ က ချွန် လိုက် ပြီ နေ မှာ ပေါ့ ။ ဒီ မိသားစု ကို ဦးဆောင် နေ ရတဲ့ ညီမ မိန်းမသား ကို မသနား သူတို့ လုပ် ချင် တာ မလုပ် ပေး ရင် ‌ဖြင့် စကား တေ‌ွက ဟို ပြောသည် ပြော နဲ့ ။ ကိုယ့် အမျိုး ထက် မိန်းမ အမျိုး ဆို ပို ချစ် တဲ့ ကိုကို ့ ကို လည်း အံ့ဩ မိ ပါ ရဲ့။

ကြီးကြီး အား အကျိုးအကြောင်း ရှင်းပြ လိုက် သော အခါတွင် တော့ လူကြီးပီပီ စိတ် လျှော့ ဖို့ နဲ့ ကိုယ့် ၀တ္တရား ရှိသည့် အတိုင်း လုပ် ပေး လိုက် ဖို့ သာ ပြော လေ သည်။ လွန်း လည်း ကိုယ့် သွေးသား ကို တော့ ချစ် တာ ပေါ့။ ရတီ နဲ့ ဝတီ ညီ အစ်မ အတွက် အခန်း ရှင်း ဖို့ မဦးအား ပြော လိုက် ပါ ဦး မည်။ ကလေး တွေ က အခုမှ ခြောက်တန်း ကျောင်း သူ လေး တေ‌ွ မ လား။ နုနယ် တဲ့ အရွယ် တွေ မ လို့ လွန်း စိတ် ဒဏ်ရာ တွေ မပေး ချင် ‌တော့ ပါ။ သူ တို့ လေး တေ‌ွ က တော့ လွန်းအပေါ် ဆို ချစ်ခင် ကြ ရှာ ပါ ပေသည်။ကလေးတွေ ခေါ် ထား တာ ပဲ ကောင်း ပါ တယ် လေ ဟို ဖက် အမျိုး တွေ နဲ့ နေရင် စရိုက် ဆိုး တွေ ကူး လာ လိမ့် မယ် ။

မနက် ခုနှစ်နာရီ ခွဲ ခန့် က ဆက် လိုက်သော ဖုန်း သည် မနက် ဆယ်နာရီ သို့ ရောက် သော အခါ တွင် တော့ ကိုကို နှင့် အတူ ကလေး နှစ် ယောက် ပါ လာ လေ သည်။ ရတီ နှင့် ဝတီ သည် လွန်းအား လာရောက် ဖက် ထား ပြီး ချွဲ နေပေ မယ့် လည်း ကိုကို့ ကို တော့ မနက် က ပြော ထား သော စကား ကြောင့် စိတ် မကြည်သဖြင့် နှုတ်မဆက် ပဲ ဈေးသာ ဆက် ရောင်း နေ လိုက် လေ သည်။ ထို အခါတွင် တော့ကြီးကြီး က မဦး အား လာ ခေါ် ခိုင်း လိုက် သည် ဆို သော ကြောင့် အပေါ်ထပ် သို့ တက်သွား လိုက် လေသည်။အပေါ်ထပ် ရောက် သော အခါတွင် မှ ကြီးကြီး က
"သမီး လွန်း သမီး ကိုကို က လုပ်ငန်း တိုးချဲ့မှာ မလို့ သမီးယောင်း မ နဲ့ ခရီး ထွက်ရ မှာ ဟို အိမ်မှာ လည်း ကလေး တွေ ကို ထားခဲ့ ရ မှာ စိတ် မချ လို့ အဲ့ဒါ ဒီ မှာ ခေါ် ထား ပေး ရမှာ တဲ့"
"အင်း သွား ပေါ့ ကိုကို တို့ က ဘာ လုပ် မှာ မ လို့လဲ ဘယ်သွား မှာ မ လို့ လဲ "
"နယ်ဖက် တွေ သွား ပြီး ပဲအဝယ် သွား မ လို့ ပါ"
"ဟို အိမ်မှာ က လည်း ခယ်မတွေ နဲ့ နင့် တူမတွေ က အဆင် မပြေ ဘူး လေ အဲ့ တာ ငါ တို့ ပြန်လာ တဲ့ အချိန် လာ ခေါ် မှာ ပါ"
"ကိုကို ရယ် ကလေး တွေ ထား တာ ထား ခဲ့ ပါ မနက် က လို စကား မျိုးတွေ ကြား ရ တာ တော့ လွန်းစိတ် တို မိ တာ အမှန်ပဲ"
"အေးပါ လွန်းရယ် ငါ့ ညီမ သဘော ကောင်း တာ ကိုကို သိပါတယ်"

လိုချင်တာ တွေ ဖြည့် ဆည်းပေး လိုက် ရင် ဖြစ် သွား သော ကိုကို့ မျက်နှာ ကို လွန်း ဘယ် တော့ မှ မမေ့ ပါ။ အငယ် တွေ ကို ညှာရ ကောင်း မှန်း မသိ သော ကိုကို ဟာ သူ တစ် ယောက် ထဲ ဆယ့်နှစ်နှစ် လောက် ‌စောပြီး ဗိုလ်ကျ ခဲ့ ရသော ကြောင့် လိုချင် တာ ဆို လျှင် မျက်နှာ တစ် ချက် အပြတ် မခံ သော ဖေဖေ တို့ မရှိ ပေမယ့် လည်း တူအဦး ဆုံး ဖြစ်၍ ချစ် ခဲ့ ရသော ကြီးကြီး လက် ထပ် တွင် လည်း လွန်း တို့ အလျှော့ ပေး ရ စမြဲ ပင်။

အပိုင်း(၆)ဆက်ရန်

ချစ်မိသည်မှတစ်ပါးWhere stories live. Discover now