အပိုင်း(၂၅)

1K 111 2
                                    

အပိုင်း (၂၅)

ဒီနေ့ လွန်းတို့ အိမ်မှာ လူစုံနေကြလေပြီ။ ကြီးကြီး က ဒီနေ့ ညစာ ကို မိသားစု စုံညီစွာ စား ရမည် ဆို သော ကြောင့် ည ထမင်း ဝိုင်း က လူစုံ တက်စုံ။ တစ်နည်းအား ဖြင့် ဆို လျှင် ဖြင့် ဖိုးဉာဏ် အတွက် နှုတ်ဆက် ည စာ ပေါ့ ။သင်္ဘော တစ်နှစ်လောက် ပြန် လိုက် မှာ ဆို တော့ ပြင်ဆင် စရာ ရှိ တာ ပြင်ဆင်း ရင်း ရန်ကုန်သို့ သွားရမည် ဆို သော ကြောင့် ဖြစ်သည်။ကိုကို တို့ စုံ တွဲ ရယ် ၊ဖိုးဉာဏ် တို့ လင်မယား ရယ် ရတီ နဲ့ ဝတီ ပြီး တော့ ကြီးကြီး ရယ် ပေါ့ လေ။ လွန်းကတော့ မဦး နှင့် အတူ နောက် ဖေး မီးဖိုချောင် တွင် ပြင်ဆင် နေ ရလေ သည်။ မောင်တွေကောင်း စား တော့ နှမကို မီးဖိုချောင် တဲ့ လေ အခု မှ လက် တွေ့ ။ယောင်းမ နှစ်ယောက် က လည်း အိမ်မှာ ဘာမှ မ လုပ် ရသည့် ယောင်းမတွေ။ ယောင်းမ အကြီး က တော့ အေးပေမယ့် ယောင်းမ အငယ် က တော့ အတူ မနေ ရ သေး တော့ ဘယ် လို ပုံစံ ရှိ မယ် ရယ် မသိ။

"မဦး ရေ ထမင်း စား ပွဲ ပြင် လိုက် တော့ ဟင်း တွေ က ရ နေ ပြီ မ လား ဟင်း ရည် က ပူ ရင် ရပြီ နော် သိပ် ပွက် နေရင် လည်း မီး လေး အရှိန် လျှော့ လိုက် ဦး ငါ က လုပ် ရ ကိုင် ရ နဲ့ မော နေပြီ ထမင်း က စား နိုင် ဦး မယ် မထင် ဘူး ဟယ် "
"အဲ့ ဒါ ကြောင့် မ လွန်း ကို ပြော တာ ပေါ့ ရတယ် ကျွန်မ ဘာ သာ လုပ် မယ် ဆို တာ "
"ဪ ညဉ် း တစ် ယောက် ထည်း မနိုင် မှာစိုး လို့ ပါ ဟာ "
"အင်း ပါ ရ ပြီ အစ်မရယ် ကျန်တာ ကျွန်မ ဘာသာ လုပ် လိုက် တော့ မယ် "
"အေးပါ စား ကြ တော့ မယ် ဆို လာ ခေါ် ဦး ငါ အိမ်ပေါ် ခဏ နား လိုက် ဉီး မယ် "
"ဟုတ် မလွန်း "

အိမ်မှာ က လူစုံ ဆို တော့ လူ က များ နေလေ ပြီ။ ဟို လူ က ဟိုဟာ မစား ဒီ လူ က ဒါ မစား ဆို တော့ ချက် ရ မည့် လူ က ဘာ ချက် ရမယ် မှန်း မသိ။ ဟို လူ ကဒါ လေး ကြိုက် မှာ ဒီ လူ က ဒါ လေး ကြိုက် မှာ နှင့် ကြီးကြီး က လူ စေ့ တက်စေ့ အကြိုက် ချက် ခိုင်း မည့် ပုံ ကြောင့် လွန်း က ပဲ ဝက်သားအိုးကြီး နှပ် ရယ် ကြက်သား ချက်ရယ် ငပိချက်ရယ် ချည် ရည်ဟင်း ရယ် နှင့် ပုစွန်ဆိတ် ကလေး တွေ ကို ငရုတ်သီး နှင့် ကြော် ပြီး အစိမ်း ကြော် တစ် ခွက် ချက် လိုက် မဦး ရယ် ဆို မှ ကြီးကြီး က ငြိမ်သွား လေ တော့ သည်။

ချစ်မိသည်မှတစ်ပါးWhere stories live. Discover now