အပိုင်း(၁၉)

1.1K 111 4
                                    

အပိုင်း(၁၉)

မနက် ခုနစ်နာရီ ထိုး ထိ တောင် မ‌ထ သေး သော ကြယ့် ကြောင့် မေမေ က အိမ်ပေါ်တက် ပြီး နိုး ခိုင်း နေလေသည်။မနေ့ က လွန်း အိမ်က ပြန် လာတော့ ပြုံးပြုံး ရွှင်ရွှင် နဲ့ ပါ။ ဒီကလေး မ ဒီမနက် မ ဘာ ဖြစ် ရယ် မသိ။ မေမေက နိုး ချေ ဦး ဆို လို့ တက် နိုး ရ ပေ ဦး မယ် ။ ကြယ့် ရဲ့ အခန်း ရှေ့ ရောက် တော့ အခန်းတံခါး အား
ခေါက် လိုက်ပြီး
"ကြယ် ရေ ကြယ် ရေ မထ သေး ဘူး လား မြစ်ငယ် ပြန်မယ်ဆို ကြယ်ရေ ကြယ် "

အခန်း ထဲ က လူ က ဘယ် လို နေသည် မသိ အရှေ့ က နိုး ရ သည့် လူ ရဲ့ အော် သံ ကြောင့် အရှေ့ ခုနှစ်အိမ် အနောက် ခုနှစ်အိမ် ကြား နေ လောက် ပြီ။

အခန်း တံ ခါး အား တဒုံးဒုံး ထု ပြီး နိုး နေသော ဒေါ်လေး အသံ ကြောင့် အိပ်ပျော် နေ ရာ မှာ နိုး လာ ခဲ့ ချေပြီ။ အိမ်ပြန် ဖို့ ထ ခိုင်းတာ တဲ့ လိုက် ပို့ မယ့် သူ က ဖြင့် မရှိ ပဲ နဲ့ ။အိပ်ချင်မူတူး နဲ့ အခန်း တံခါးသွား ဖွင့် ပေး လိုက် သော အ ခါ တွင် ဒေါ်လေး က

"ကြယ် မ ထ သေး ဘူး လား ထတော့ လေ အိမ် ပြန် မယ် ဆို "
"ဟွန့် " ဆို ပြီး နှာခေါင်း တစ်ချက် ရှုံ့ လိုက် ပြီး
"ဘယ်သူ က လိုက် ပို့ မှာ လဲ ဒေါ် လေး တို့ က ဖြင့် မအား ပဲ နဲ့ "
"ဟော့ တော် မနေ့ က လွန်း က ဘာ မှ မပြော လိုက် ဘူး လား "
"မပြော ပါ ဘူး "
လို့ ပြော လိုက် ပြီး အိပ်ယာ ထဲ ပြန်ဝင် မလို့ လုပ် လိုက်စဉ် ဒေါ်လေး က

"ဟဲ့ ပြန်အိပ် မ လို့ လား ငါ ပြော တုန်း က ဖြင့် ရ ပါတယ် တဲ့ လေ "
"မသိ ဘူး ဒေါ် လေး ရာ ဘာ မှ မပြော ပါ ဘူး ဖွားဖွား ကြီး ကန်တော့ ပြီး ပြန် လာ တာ ပဲ "
"အေး အလုပ် တွေများ နေ လို့ များ လား အေ "
"အေး ဖုန်း ဆက် ကြည့် ဦး မယ် "

ထိုစဉ် ကြီးဝင်း တက် လာ ပြီး ဒေါ်လေး အား

"သီတာရေ လွန်း ရောက် နေတယ် "
"ဟုတ် လာ ပြီ ကြီးဝင်း ရေ "
"ကဲ ကြယ် ရေမိုးချိုး ပြီး အောက် ဆင်း ခဲ့ နော် "
"ဟမ်"
"ဟဲ့ ကြောင် ကြည့် မနေ နဲ့ နင် ယူမယ့်အထုတ် တွေ ပါ တစ် ခါ ထဲ ယူ ပြီး ဆင်း ခဲ့ နော် မြန်မြန် လုပ် "

ကြယ် လည်း အခု မှ သဘော ပေါက် က အိပ်ခန်း ထဲ သို့ ပြေး ဝင် ခဲ့ လေ သည်။ ဒီ အဒေါ်ကြီး က ဟန်ဆောင် ကောင်း လိုက် တာ မနေ့ က တွေ့ တုန်း က ဖြင့် ဘာ မှ မပြော လိုက် ဘူး ။ တွေ့ ပါ ဦး မယ် လမ်း ကြ မှ ကြယ့် အကြောင်း သိ စေ ရ မယ် ဟု စိတ် ထဲ မှ ကြုံးဝါး ထား လိုက် လေ သည်။

ချစ်မိသည်မှတစ်ပါးWhere stories live. Discover now