အပိုင်း(၁၀)

1.5K 151 4
                                    

အပိုင်း(၁၀)

"လွန်းရေ .....လွန်းရေ "

မီးဖိုခန်း ထဲ ရောက် နေ သော ကျွန်မအား သီတာ က တကြော်ကြော် အော်ခေါ်နေရင်း နောက် ဖေး သို့ ရောက် လာလေသည်။

"လွန်း စား ကြစို့ လေဧည့်သည် တွေရှင်း ပြီ တို့တွေ ပဲ ကျန်တော့ တာ "
"အေး လာ ခဲ့ မယ် သီတာ ခဏ ငါ Toiletဝင် လိုက် ဦး မယ် "
"အေးအေး ငါ လည်း အိမ်ပေါ်ခဏ တက် လိုက် ဦး မယ်"

သီတာ လည်း ပြောပြော ဆိုဆို နဲ့ တက်သွားတော့ လွန်းလည်း ကိစ္စ ဖြေရှင်းရလေသည်။

"ကြယ်ရေ ကြယ် ရေ ထမင်းစား စို့ လေ လာ သမီး မြူမှုန် သူ့ စောင့် မနေ နဲ့ ဒေါ်လေး နဲ့ လိုက် ခဲ့ "
"လာပါ့ မယ် ဒေါ်လေး ရယ် ‌လူစုံရင် အထုတ်ဖြည်မယ် ဆို တာ ကြည့်ပဲ"

ထမင်း စား ခေါ်တိုင်း လာမယ် ဒေါ်လေး ရေ ဆို ပြီး ထမင်း စား ပွဲ တော်တော် နဲ့ မရောက် လာ တတ်သောကြောင့် ကြယ့် အား မခေါ်နဲ့ ဟု ဆို သွား ခြင်း ဖြစ်ပေသည်။

လွန်းလည်း ဖြေရှင်းရမယ့် ကိစ္စ တွေ ပြီး တော့ toilet ထဲကအထွက် ဘေစင် မှာ လက်ဆေး ပြီး အရှေ့ သို့ သွား ရန်ခြေလှမ်း အလှမ်း
ကြယ်လည်း လှေကား ပေါ် မှ အ‌ဆင်း အရှေ့ သို့ ထွက် အလာ နောက်ဖေးမီးဖိုချောင် မှ လူတစ်ယောက် က လည်း ရှေ့သို့ လှမ်း မည့် အချိန် အရှိန် မထိန်း နိုင်စွာဖြင့် မီးဖိုချောင်မှ ထွက် လာသည့် လူ တစ်ယောက် နှင့် ဝင်၍ တိုက် မိ လိုက်သော အခါ တွင် အိစက်ပြီး ချောမွေ့ နေသော ပါး ပြင် လေး တစ်ခု ဟာ ကြယ့် နှုတ်ခမ်း ပါး လေး ထက် တွင် ဝင်ရောက် ခစား ရှာလေ သည်။ ထိုအခါ မှ ထို လူ သည် အမျိုးသမီး တစ်ယောက် ဖြစ်နေမှန်း သိ လေ သည်။
ခြေလှမ်းတို့ က လည်း အရှိန် မထိန်း နိုင် စွာ လှေကား ပေါ် မှ ဆင်း လာ သူ ၏ နှုတ်ခမ်းတွေ နဲ့ မိတ်ဆက် လိုက် သော လွန်း ရဲ့ ပါး ပြင် လေး ကို အုပ် ကိုင် လိုက် ပြီး လှေကား ပေါ်က လူ ကို မော့ အကြည့်

"အို ............."

ဆ‌ံုမိ တဲ့ မျက်ဝန်း တွေ က ဆိုင်ကယ်တိုက်မိ တဲ့ နေ့ ဆီ ကို ပြန် ရောက် သွား ပြီးထွက်သွား သော စကား တွေ က တစ် ပြိုင် နက် ထဲ

"စွာတေးလန် အဒေါ်ကြီး"
"ကြက်တူရွေး မလေး "
"မင်း က ဒီ အိမ် ကို ဘာ လာ လုပ် တာ လဲ အလှူ ပွဲ တွေ လိုက် စား နေတာ လား "
"အမလေး နော် ကြယ် က အာ့ လို လူ စား မ ဟုတ် ဘူး နော် ကြယ် က ဒီ အိမ်က ဖွား ဖွား ကြီး ရဲ့ မြေး "

ချစ်မိသည်မှတစ်ပါးWhere stories live. Discover now