Chapter 169 - Chapter 170

2.2K 190 10
                                    

Chapter 169

Associated Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by Li_Soung_Oo
Date ; March 2, 2023
=======================

သူမက နွားနို့ ယူရန် လှည့်လိုက်တဲ့
အခါမှသာ သူမ သူကို မြင်တော့တယ် ။

သူ့မျက်လုံးတွေက နူးညံ့နေပင်မဲ့ သူ့မျက်လုံး
တွေထဲမှာ သူမ တစ်ယောက်တည်းပဲ ရှိတယ်။
Nuonuo က သူမ ကိစ္စများပြုလုပ်နေချိန်
သူမကို အလွန်အလေးဂရုပြု၍ ကြည့်နေတတ်
တဲ့ သူမ ဝမ်းကွဲရဲ့ ကလေး အကြောင်းကို
တွေးလိုက်မိတယ် ။

သူမက ဂျုံနှင့်ပြုလုပ်ထားတဲ့ ဝဝကစ်ကစ်
ယုန်လေးကို ဖျစ်ညှစ်လိုက်ပြီး သူ့ဆီကို
လမ်းလျှောက်သွားခဲ့တယ် ။

Nuonuo က သူ့ရှေ့မှာ စောင့်ကြောင့်ထိုင်ချ
လိုက်ပြီး သူ့အား သူ့လက်တွေကို ဖွင့်စေကာ
ယုန်အသေးလေးကို အပြုံးတစ်ခုနှင့်
သူ့လက်ဖဝါးထဲကို ထားလိုက်တယ် ။

သူမ မျက်လုံးတွေက ကွေးညွတ်နေတဲ့
လခြမ်းကွေးတစ်ခုလို ကွေးနေတယ် ။

သူက သူ့လက်ဖဝါးထဲမှ ဂျုံဖြင့်ပြုလုပ်ထား
တဲ့ နူးညံ့တဲ့ ယုန်လေးကို ကြည့်လိုက်ပြီး
သူ့နှလုံးသား ထဲမှာ ခပ်ချဉ်ချဉ် ခံစားချက်
ကို သူခံစားလိုက်ရတယ် ။

သူမ သူ့ကို ပြုံးပြခဲ့တဲ့ နောက်ဆုံးအချိန်က ,
ဟိုးအရင်တုန်းက အတိုင်းပဲ ။

သူမက လှလှပပလေး ပြုံးနေခဲ့ပြီး
သူ့နှလုံးသား က တဆတ်ဆတ်တုန်ယင်
သွားရတယ် ။

Qiu Li က ဘယ်လောက်နာကျင်နေပါစေ
ဂရုမထားဘဲ , ယခုအခါ၌ သူက
သူ့နူတ်ခမ်းတွေကို ကွေးညွှတ်ထားခဲ့တယ် ။
သူ့ရဲ့ ညာဘက်ပခုံးက ထိခိုက် ဒဏ်ရာမရှိ
တာကြောင့် သူက သူ့ညာဘက်ကို မြှောက်ပြီး
သူမ ပါးပြင်ကို ညင်သာစွာ ထိတွေ့လိုက်တယ်။

Nuonuo က သူ့ကို ဗလာဖြစ်စွာ ကြည့်နေ
ပြီး သူက သူမ ပါးပြင်များပေါ်ရှိ
သူ့လက်ချောင်းများပေါ်မှ ဂျုံမူန့်ကို
သူမအားပြလာခဲ့တယ် ။
[L/N , နားလည်ရဲ့လား
Nuonuo ရဲ့ ပါးမှာ ဂျူံမူန့်တွေပေနေလို့
သုတ်ပေးတဲ့ သဘောပါ ]

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now