Chapter 171 -Chapter 172

2.1K 182 16
                                    

Chapter 171

Associated  Title :
Author :
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by Li_Soung_Oo
Date ; March 6, 2023
__________________________

Nuonuo က ဒီနယ်ပယ်မှာ တကယ်
အတွေ့အကြုံ မရှိဘူး , ဒါကြောင့် သူမက
ဂရုတစိုက် မေးလိုက်တယ် ,
" ရှင့်ကို ကူညီဖို့ရာ တစ်စုံတစ်ယောက်ကို
မေးပေးဖို့ ရှင် ကျွန်မကို လိုသေးလား ?"

အစေခံတွေက ဗီလာမှာ မရှိပေမဲ့ ,
သက်တော်စောင့်တွေက နေရာအာလုံး၌ ရှိ
ပြီး သူမ က တစ်စုံတစ်ယောက် ကို
အလျှင်အမြန် ရှာဖို့ အပြင်ထွက်နိုင်တယ် ။

သို့သော် အထဲသွားပြီး သူ့ဘောင်းဘီတွေကို
ချွတ်ရာ၌ သူ့ကို ကူညီဖို့တော့ ... သူမ တကယ်
သတ္တိ မရှိဘူး ။

Qiu Li က ညင်သာစွာ သက်ပြင်းချလိုက်ပြီး,
" မလိုဘူး "

"အို "

သူထပ်ပြောလာခဲ့တယ် ,
" စကားမပြောနဲ့ , ခဏစောင့် "

Nuonuo က ဘာမှ မပြောတော့ပေ ,
သူမ ဘာကြောင့် စကားပြောလို့ မရနိုင်
တာလဲ သူမ မသိဘူး ။

သူ သူမ အသံကို မကြားနိုင်တော့ဘူး ,
သူက သူ့မျက်လုံးတွေကို ခဏမျှ ပိတ်လိုက်
ပြီး နောက်ဆုံးတွင် ဤသို့ စိတ်လူပ်ရှားမူမျိုး
မခံစားရတော့ဘူး ။ သူမက အရမ်းတော်တယ်
သူမ အသံတစ်ခုတောင် မပြုလုပ်ဘူး။
ထို့နောက် သူအဆင်ပြေသည့်တိုင်အောင်
သူမက သူ့ကို အိပ်ယာပြန်ဝင်ဖို့ ကူညီခဲ့
တယ် ။

Nuonuo က တစ်ချိန်လုံး ပုံမှန် မဟုတ်တာကို
မတွေ့ရဘူး ။

သူမက Qiu Li နောက်ကို ရှေ့တိုးနောက်ဆုတ်
နှင့် လိုက်ပါသွားခဲ့တယ် ။ သူမ မျက်နှာလေး
က နီနေပြီး မောပန်းနေ သော်လည်း သူမ
မျက်လုံး များက တောက်ပနေ၏ ။ သူမက
အလွန် ငယ်ရွယ်နုပျို ပြီး တတ်ကြွသည် ။

သူက သူ့နှလုံးသားထဲမှ သက်ပျင်းချ လိုက်
သော်လည်း နွေးထွေးစွာပြောလိုက်သေးသည်,
" အိပ်ယာဝင်ဖို့ ပြန်သွားတော့လေ "

သူမ ခေါင်းငြိမ့်လိုက်ပြီး , " ကောင်းသောညပါ"

" ကောင်းသောညပါ "

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now