Chapter 76

3.4K 380 10
                                    

Zawgyi //



Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69

Myanmar Title; အာဏာရှင်​ CEO ကြီး၏ဇနီးထွက်​​ပြေးပြီ

Mm Translated by @Li_Soung_Oo
Date ; September 10 , 2022

=====================


လူတိုင်း၏ မျက်​နှာက ​ပြောင်းလဲ သွား
ပြီး သူတို့ဟာ သူ့ကိုကြည့်​လိုက်​ကြတယ်​ ။
သူတို့ရဲ့ ဘဝတ​လျှောက်​ မှာ , သူတို့ တကယ်
ကြီး CEO Qiu ကို မြင်​နိုင်​ခဲ့ပြီ ။

Lu Xiang က ရှက်​သလိုလိုဖြစ်​သွားတယ်​ ။
CEO Qiu ! တကယ်​ကြီး Chu Qiu !
အခု သူမဟာ သူမ နှင့်​ အချိန်​ထပ်
မဖြုန်းနိုင်​​တော့ဘူးဟု ခံစား​နေရတယ်​ ။
ထိုအမျိုးသား က Nuonuo အတွက်​ မိဘ
တွေ့ဆုံပွဲကျင်းပ​ပေးဖို့ လာတယ်​ !

ကျောင်းသားများဟာ ပထမဆုံး​ရောက်​လာ
ပြီး Zh​ao Li နှင့်​ ဆရာမက စာသင်​ခန်းထဲ
သို့ ခဏကြာပြီး​နောက်​ ​ရောက်​လာခဲ့တယ်​ ။

Zhao Li ၏ စိတ်​က ပရမ်းပတာ ဖြစ်​​နေပြီး
သူမဟာ သူမ​ပြောရမည့်​ စကားများကို
မေ့လုနီးပါးပင်​.. .။

Nuonuo နှင့်​ သူမ၏ အတန်း​ဖော်​များက
ပြောလာကြတယ်​ ,
" ​ကျောင်းအုပ်​ကြီး လာပြီ "

ကျောင်းအုပ်​ကြီးက သူ၏ မျက်​နှာ​ပေါ်တွင်
အပြုံးတစ်​ခုနှင့်​ လာ​နေတယ်​ ။
သူက အလှူ​ငွေ သန်းရာချီ လက်​ခံရရှိ​သော
အခါ သူ၏ မျက်​နှာက ပွင့်​လန်း​နေ​တော့
တယ်​ ။

ဒီ က​လေးကို လျစ်​လျူရှု မထားနိုင်​ဘူး ။

Nuonuo ၏ လက်​ဖဝါးများက ​ချွေး​အေးများ
ထွက်​​နေ၏ ။

ကျောင်းအုပ်​ကြီးက အပြင်​ဘက်​တွင်
အတန်း​သားများနှင့်​ ကြင်​နာစွာ ရပ်​​ပြီး
စောင့်​​နေခဲ့တယ်​ ။ Zhao Li က များစွာ
သော ဖိအားများ​အောက်​တွင်​ သူမဦး​နှောက်​က ရူပ်​​ထွေး​နေခဲ့တယ်​ ။
သူမရဲ့ စီနီယာ တတိယနှစ်​ ​ကျောင်းသားများ
ကို အား​ပေးရန်​ သူမ စဉ်းစားထား​သော
အ​ကြောင်းများကို အချိန်​တိုအတွင်း
ပြော၍ ပြီးသွားခဲ့တယ်​ ။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now