Chapter 149 - Chapter 150

2.1K 202 16
                                    

Chapter 149

      Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by @Li_Soung_Oo
Date ; February 16, 2023

======================

ပရိသတ်များထဲက အမျိုးသားအားလုံးနီးပါး
၏ စူးစိုက်အကြည့်များဖြင့် သူ တောင့်တင်း
သွားသည် ။ အလှလေးက သူ့လက်မောင်းများ
ထဲတွင်ရှိနေသော်လည်း ဒါက သူတို့တွေ့ဆုံ့
တာ ပထမဆုံး အကြိမ်လေ ။

" Ji Xi ကောကော , ဝူး ဝူး ... "

Nuonuo က သူမဝမ်းကွဲကို တကယ်ကြီး
တွေ့ရလိမ့်မယ်လို့ သူမ တစ်ခါမှ မတွေး
ခဲ့ဖူးဘူး  , သူမ ရဲ့တစ်ဦးတည်းသော
အစ်ကိုကြီး !

သူမက ဒီကမ္ဘာမှာ တစ်နှစ်ကျော်နေခဲ့သည်,
ထို့ကြောင့် သူမက သူမ ရဲ့ဆွေမျိုးကို မြင်တဲ့
အခါ , ထိုအခိုက်အတန့်မှာ သူမရဲ့ နှလုံးခုန်
သံက ရပ်တန့်လုနီးပါပင် ။ 

သူမက လှတယ် , တကယ်ကြီး
သောက်ကျိုးနည်း ကို လှတယ်ဟ ။

Tao Zui ကလဲ အမျိုးသားတစ်ယောက် ပဲလေ ။ဒါကြောင့် သူက လွတ်လိုက်ဖို့ မရည်ရွယ်
ဘူး ။မိန်းကလေးရဲ့ ခန္ဓာကိုယ် က နူးညံ့ပြီး
နွေးထွေးကာ , မွှေးပျံ့ သင်းကြိုင်နေသေး
သည် ။

Nuonuo က မကျေနပ်ချက်အားလုံးကို
လွတ်ချလိုက်ပြီးနောက် , သူမ ထပ်
မငိုနိုင်တော့ဘူး ။

သို့သော် အမှောင်ထဲမှ အချို့အပါအဝင် ,
လူများစွာ၏ မျက်လုံးများထဲ၌ , သူတို့
ပေးနေတဲ့ သဘောထားက ဦးရေပြား
ကို ထုံကျင်စေတယ် ။

သူက သူမရဲ့ နူးညံ့တဲ့ နောက်ကျောကို ဖွဖွ
ပုတ်ကာ , " Song Nuonuo , ဟုတ်တယ်
မလား ? စိတ်ချလက်ချသာနေပါ , Jiang Ying
က ကိုယ့် ကို ကူညီခဲ့တယ် , မင်း
ကိုယ့် ကို အစ်ကို ခေါ်စရာမလိုပါဘူး ။
ကိုယ် မင်းကို ကူညီပေးမယ် "

မိန်းကလေးက နီရဲနေသောမျက်လုံးများနှင့်
သူ့ရင်ခွင်ထဲမှ ဆုပ်ခွာသွားသည် ။

Tao Zui ကပြုံးလိုက်ပြီး , " နိဟောင် ,
ကိုယ့်နာမည်က Tao Zui ပါ ။
အလုပ်အကိုင်က ... ကောင်းပြီ ။
ကိုယ်က တာအိုဆရာတစ်ယောက်ပါ "

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now