Chapter 167 - Chapter 168

1.9K 185 4
                                    

Chapter 167

Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by Li_Soung_Oo
Date ; March 1, 2023
======================

Nuonuo က သူမလက်ထဲက ခွက်ကို
ကျစ်ကျစ်ဆုပ်ထားပြီး နောက်ဆုံးတွင် သူ့ရဲ့
ရည်ရွယ်ချက် ကို နားလည်လိုက်တယ် ။
သူမက နူးညံ့စွာ ပြန်လည်ချေပလာ၏,
" ပူတယ်ဆိုရင် , ဒါဆို မသောက်နဲ့ "

အမျိုးသားက သူမကို ကြည့်ပြီး ပြုံးကာ ,
" ကောင်းပါပြီဗျာ, မပူပါဘူး "

Nuonuo က သူ့ကို ခွက်အသေးတစ်ခွက်
တိုက်ခဲ့တယ် ။

သူ့ကို ရေတိုက်ပြီးနောက် , သူမက ပြန်ထိုင်
ကာ , Qiu Li ကို ကြည့်ပြီး ညင်သာစွာ ပြော
လာတယ် , " ကျေးဇူးတင်ပါတယ် "

သူက သူ့လက်ချောင်းတွေကို လူပ်ရှားလိုက်
ပြီး သူမရဲ့ နူးညံ့တဲ့ ပါးပြင်လေးများကို ထိ
ချင်နေပုံရသော်လည်း နောက်ဆုံးတွင်
သူဟာ သူ့လက်မောင်းများကို မမြှောက်နိုင်
ဘူး။

Qiu Li ပြောလာတယ် ,
" ကျေးဇူးတင်ဖို့ မလိုပါဘူး , ကိုယ်က မင်းကို
အမြဲတမ်း ကာကွယ်ပေးမှာ "

သူမက သူ့နောက်ကို လိုက်ဖို့ ကမ်းလှမ်းခဲ့တာ
ကြောင့် Nuonuo က ပိုလို့တောင် အပြစ်ရှိ
စိတ်ခံစားရတယ် ။

Qiu Li က ဘယ်လောက်တောင်
လျင်လျင်မြန်မြန်တုံ့ပြန်ခဲ့လဲ , သူက သူမ
ကို ကာကွယ်ဖို့အတွက် မဟုတ်ရင် , သူက
လုံးဝ ဒဏ်ရာရမှာ မဟုတ်ဘူး ။ 

" မင်းဘာလို့ အတန်းကို မသွားတာလဲ ?"
Qiu Li က သူမ သတိထားနေရမှာကို ကြောက်
တယ် ။ အမှန်တကယ်က , သူမနဲ့ ဘယ်လို
ပနံ့သင့်ရမလဲဆိုတာ သူဘယ်တုန်းကမှ
မသိခဲ့ဘူး ။ သူ သူမနဲ့ အတူချိန်မှာ ,
သူ့ရဲ့ လိုအင်ဆန္ဒက အရမ်းပြင်ထန်တာ
ကြောင့် သူမက အမြဲတမ်း သူ့အထိအတွေ့
ကို သဘောမကျဖြစ်တတ်တယ် ။

Nuonuo က သူမခေါင်းကို ငုံ့ချလိုက်ပြီး
သူမ နူတ်ခမ်းတွေကို ညင်သာစွာ စုဝိုင်းလိုက်
တယ် ။ သူမ သူ့ကို စိုးရိမ်နေခဲ့တယ်ဆိုတာ
သူမ မပြောနိုင်ဘူး ။

အမျိုးသားက နူးညံ့စွာ ပြုံးလိုက်ပြီး
ထပ်ပြီး မမေးတော့ပေ ။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now