Chapter 135

1.8K 174 5
                                    

Chapter 135

Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by @Li_Soung_Oo
Date ; January 27, 2023
=========================

Nuonuo က သူမနှလုံးသားထဲမှ အေးစက်မူ
ကိုခံစားလိုက်ရတယ် ။

Qiu Li က ဒီအချိန်အတောအတွင်း သူမကို
ကြင်နာနေခဲ့တယ် ။

အမှန်တကယ် , သူမဟာ သူက အန္တရာယ်
ကင်းတယ်လို့ တဖြည်းဖြည်း ခံစားလာရ
တယ် ။ သို့သော် ဒီအမျိုးသားဇာတ်လိုက်
၏ တွေးခေါ်ပုံက သာမန်လူနှင့် ကွဲပြား
ပြီး သူ့စိတ်က ပရိယာယ်များသည် ။
သူက သူမ ပြောင်းလဲသွားတာတွေကို
ရှင်းရှင်းလင်းလင်း သိနေပင်မဲ့ ဘာမှ
မပြောဘူး ။
{ဘာပြောရမှာ တုန်းဟ 😤}

ခက်ထန်ပြီး မိုက်မဲတဲ့ပုံပေါက်တဲ့
Ding Simeng နှင့် ယှဉ်ရင် , Qiu Li က
သူ့ အပြုံးထဲမှာ ဓားတစ်ချောင်း ကို
ဝှက်ထားတဲ့ ယုတ်မာတဲ့ လူတစ်
​ယောက်ပဲ ။

ဒါပေမဲ့ ဒီအတိမ်းအစောင်း မခံတဲ့ အခိုက်
အတန့်မှာ , သူမ သူ့ကို မေးခွန်း မထုတ်နိုင်
မှန်း Nuonuo သိတယ် ။

အောင်မြင်ခြင်း မျှော်လင့်ချက်က လက်တစ်
ကမ်းမှာပဲ ..။ Ms.Jiang Ying က ဆရာသခင်
တစ်ဦးကို ရှာတွေ့တာနဲ့ သူမ အိမ်ပြန်နိုင်
လိမ့်မယ် ။

ဒါကြောင့် Qiu Li က သူမထံ လက်လှမ်းလာ
တဲ့အခါ , Nuonuoက တုံ့ဆိုင်းမနေဘဲ သူမရဲ့
ဖြူဖွေးနူးညံ့သောလက်ကို သူ့လက်ဖဝါးထဲ
သို့ ညင်သာစွာ ထည့်လိုက်တယ် ။

Qiu Li ရဲ့ လက်ဖျားထိပ်တွေက သူမ
လက်နောက်ကျောကို ပွတ်သပ်နေပြီး
Nuonuoက ထူးထူးဆန်းဆန်း ထိတ်လန့်ဖွယ်
ခံစားချက်ကြီးနှင့် ပြုံးကာ ပြန်ဆုပ်
ကိုင်လိုက်ပြီး ,
"ကျွန်မတို့ အိမ်ပြန်ကြမလား ?"

Qiu Li က တခစ်ခစ် ရယ်မောပြီး ,
"ကောင်းပြီ "

ဗီလာပြန်ရောက်ချိန် ,Qiu Li က သူမကို
မေးလာသည် , " မင်း ဘယ်တော့
မင်္ဂလာပွဲ လုပ်ချင်လဲ ?"

Nuonuo တောင့်တင်းသွားပြီး ပြုံးကာ ,
" ကျွန်မတို့မှာ သင်ခန်းစာ တွေအများကြီး
ရှိတယ် , အဲ့တာကို ကျွန်မ အားလပ်ရက်
ရတဲ့အချိန်မှ ပြောကြရအောင် "

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now