Chapter 103

2.5K 262 2
                                    

Chapter 103




Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69

Myanmar Title; အာဏာရှင်​ CEO ကြီး၏ဇနီးထွက်​​ပြေးပြီ

Mm Translated by @Li_Soung_Oo
Date ; December 2, 2022

========================



Qiu Li က ဒီလို သူမ ကို ကြိုက်တယ်​.. ,
တတ်​ကြွမူအပြည့်​ ,နှစ်​လိုဖွယ်​​ကောင်းပြီး
ချစ်​စရာ​ကောင်းတယ်​ ။ သူက သူမကို
အမြဲတမ်းအရမ်း ​ကြောက်​လန့်​ တွန့်​ဆုပ်
မ​နေဘဲ ,သူမ က ကလူ၏သို့မြှူ၏သို့ နဲ့
ဇွတ်​တရွတ်​လုပ်​လျှင်​ ​ကောင်းမည်​ဟု​တောင်​  ​မျှော်​လင့်​မိတယ်​ ။

သူမက ပြုံး​နေခဲ့ပြီး သူ့ရဲ့ ပြုံးဖြဲဖြဲ လုပ်​​နေတဲ့
မျက်​နှာကို  မျက်​နှာချင်းဆိုင်​မိ​တဲ့အခါ
ရှက်​ကိုးရှက်​ကန်း ဖြစ်​သွားတယ်​ ။

Qiu Li က အသံနိမ့်​နိမ့်​ဖြင့်​ တီးတိုး​ဆို
လာတယ်​ , " ​ရေချိုးခန်းကိုသွား , အဝတ်​အစား လဲပြီး အိပ်​​တော့ ..။ မနက်​ဖြန်
ကိုယ်​မင်းကို ကစားဖို့ အပြင်​​ခေါ်သွား
ပေးမယ်​ " သူက သူမ နဖူး ကိုနမ်းလိုက်​ပြီး,
" စိတ်​မပူပါနဲ့ , ကိုယ်​မင်းကို မထိပါဘူး "

Nuonuo ဟာ ညသန်း​ခေါင်​ယံ၌ အိပ်​ယာရဲ့
ဘေးတစ်​ဘက်​တွင်​ ​လဲ​လျောင်း ​နေချိန်
အထိ , သူတို့ဟာ သီးခြား ​ဝေးကွာ​နေ ရာ ,
နောက်​ဆုံးတွင်​ သူမ စိတ်​သက်​သာရာရစွာ
အသက်​ရူထုတ်​၍ သက်​ပျင်းချလိုက်​တယ်​ ။

ဖြစ်​နိုင်​သမျှ ကာလပတ်​လုံး အဖိုးQiu နဲ့
စကား​ပြောဖို့  သူမ အချိန်​ရှာရမယ်​ ။

Qiu မိသားစုတွင်​ အဖိုးQiu တစ်​​ယောက်ပဲ
သာမန်​လူ ။

နောက်​တစ်​​နေ့တွင်​ မနက်​စာ စားပြီး​နောက်​ ,
Qiu Li က Nuonuo ကို သူနဲ့ အတူ အပြင်
ခေါ်သွားချင်​​နေခဲ့တယ်​ ။

Nuonuo ဝမ်းနည်း​နေပြီ , ဘယ်​သူက အမျိုးသားဇာတ်​လိုက်​နဲ့ ကစားရဲမှာလဲ ? ​နောက်​ဆုံး bungee jumpအ​တွေ့အကြုံ က အလွန်​ဆိုးဝါး ​ကြောက်​မက်​ဖွယ်​​ကောင်း​နေတာ ။ အခြားသူ
တွေက သာမန်​ ကစားနည်းများကို ကစားကြ
သော်​လည်း သူက​တော့  သူ့အသက်​နဲ့
ကစား​နေခဲ့တာ ။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now