Chapter 69

3.5K 388 8
                                    

Zawgyi //



Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69

Myanmar Title; အာဏာရှင်​ CEO ကြီး၏ဇနီးထွက်​​ပြေးပြီ

Mm Translated by @Li_Soung_Oo
Date ; August 2 , 2022

=====================

Qiu Li က နိုး​နေပြီ ဖြစ်​သည်​ ။ ထိုအချိန်​တွင်​ ဆရာဝန်​က ကြိုတင်​ကာကွယ်​မူများကို
ညွှန်​ကြား​နေ၏ ။

သူ၏ အမူအရာက အလွန့်​အလွန်​ကို
အေးစက်​​နေသည် ။

"လိမ့်​ !"
{L/N , သူက ဒီ​နေရာမှာ "roll " တစ်​လုံးတည်း
သုံးထားတယ်​ / အဓိပ္ပါယ်​ က လိမ့်​လိုက်​​တော့
လှိမ့်​လိုက်​​တော့ ပုံစံမျိုး ကွာ ထွက်​သွားလို့
ပြောချင်​တဲ့ သ​ဘော  😞}

ဆရာဝန်​များက အလုပ်​ရူပ်​​နေကြတယ်​ ။

အန်​တီချန်းက သူမ၏ နှလုံးသား အတွင်း
မှ သက်​ပျင်းချလိုက်​ပြီး သူသိချင်​​နေ​သော
အရာကို သူ့အား ​ပြောလိုက်​တယ်​ ,
" သခင်​မ​လေးက villa ကို ပြန်​သွားတယ်​ ,
ကျေးဇူးပြုပြီး အရင်​ဆုံး စားလိုက်​ပါ "

" ငါ့ကို စိတ်​အ​နှောက်​အယှက်​ မ​ပေးနဲ့ "

အန်​တီချန်းက သူ၏ စရိုက်​ကို သိ​သော
ကြောင့်​ အပြင်​ထွက်​သွားသည်​ ။

သူမ အပြင်​ထွက်​ပြီး မကြာမီ , Nuonuo
အပြင်​တွင်​ရပ်​​နေတာကို သူမမြင်​လိုက်​ပြီး
အန်​တီချန်း ​ပျော်​သွားကာ , " သခင်​မ​လေး "

Nuonuo က သူမအား ​မေးလာတယ်​ ,
" Qiu Li နိုးပြီလား ? သူဘယ်​လို​နေ​သေးလဲ ?"

" သူနိုးပါပြီ , ဆရာဝန်​က ​ အဲ့ဒါက
အရမ်း ကြီးကြီးမားမား​တော့ မဟုတ်​ဘူး ,
ဒဏ်​ရာကို ​ရောဂါပိုးမဝင်​​အောင်​ ဂရုစိုက်​ရမယ်
လို့​ပြောတယ်​ "

" ဒါ​ကောင်းတာ​ပေါ့ " , Nuonuo က
စိတ်​သက်​သာရာရစွာ သက်​ပျင်းချလိုက်
တယ်​ ။

"သခင်​မ​လေး Mr.Qiu ကို ​တွေ့ဖို့ မသွားဘူး
လား ?"

Nuonuo တုံ့ဆိုင်း ​နေကာ , ​ရှေ့ဆက်
Qiu Li နဲ့ ဘယ်​လို ​လျှောက်​ရမလဲ သူမ
တကယ်​ မသိဘူး ။ သူမရဲ့ လုပ်​ရပ်​​တွေကို
သူမ အခုထိ ​နောင်​တရဖို့ အ​ဝေးကြီးဘဲ
ပြီး​တော့သူမ ပစ်​ဒဏ်​တစ်​စုံတစ်​ရာ ရှိလာ
ခဲ့ရင်​လည်း သူမ သည်းခံနိုင်​ရမှာဖြစ်​တယ်​ ။
ယခု​လေးတင်​ လူတစ်​​ယောက်​ကို ထိခိုက်​နာ
ကျင်​​စေ​တဲ့ ခံစားချက်​က မ​ကောင်း​ဘူး ။
မည်​သည့်​ သာမန်​လူမဆို စိုးရိမ်​​သောက
ခံစားရနိုင်​တယ်​ ။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now